(Unicode)
ရန်ကုန်စီးပွါးရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ရွာသာကြီးနယ်မြေ)မှ မယဉ်မြတ်နိုးဦး ထောင်ဒဏ် ၃ နှစ် အမိန့်ချခံရ

ရန်ကုန်စီးပွါးရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ရွာသာကြီးနယ်မြေ) မှ ကျောင်းသူ မယဉ်မြတ်နိုးဦးအား တာမွေတရားရုံးမှ ၂၀၂၂ဖေဖော်ဝါရီ၁၇ရက်နေ့တွင် အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၃ နှစ် ချမှတ်ကြောင်း သိရှိရသည်။
ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အမိန့်ချလိုက်ခြင်းဖြစ်ကာ မယဉ်မြတ်နိုးဦးသည် ရန်ကုန်စီးပွါးရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ရွာသာကြီးနယ်မြေ) တွင် ဘဏ္ဍာရေးမှူး တာဝန်ယူထားသူဟုသိရသည်။
ပြီးခဲ့သည့် ၂၀၂၁ဧပြီ၁၃ရက်နေ့က တာမွေမြို့နယ်တွင် သပိတ်သို့ အသွား အခြားသူ ၃ ဦး နှင့်အတူ ဖမ်းဆီးခြင်း ခံခဲ့ရခြင်းဖြစ်သည်။
ချုပ်ရက်ထုတ်နှုတ်ခံစားခွင့်ရခဲ့သည်ဟု တကသကျောင်းသားဟောင်းများအင်အားစုကပြောဆိုသည်။
(Zawgyi)
ရန္ကုန္စီးပြါးေရးတကၠသိုလ္ေက်ာင္းသားမ်ားသမဂၢ(႐ြာသာႀကီးနယ္ေျမ)မွ မယဥ္ျမတ္ႏိုးဦး ေထာင္ဒဏ္ ၃ ႏွစ္ အမိန္႔ခ်ခံရ
ရန္ကုန္စီးပြါးေရးတကၠသိုလ္ေက်ာင္းသားမ်ားသမဂၢ(႐ြာသာႀကီးနယ္ေျမ) မွ ေက်ာင္းသူ မယဥ္ျမတ္ႏိုးဦးအား တာေမြတရား႐ုံးမွ ၂၀၂၂ေဖေဖာ္ဝါရီ၁၇ရက္ေန႔တြင္ အလုပ္ၾကမ္းႏွင့္ေထာင္ဒဏ္ ၃ ႏွစ္ ခ်မွတ္ေၾကာင္း သိရွိရသည္။
ရာဇသတ္ႀကီးပုဒ္မ ၅၀၅-က ျဖင့္ အမိန္႔ခ်လိုက္ျခင္းျဖစ္ကာ မယဥ္ျမတ္ႏိုးဦးသည္ ရန္ကုန္စီးပြါးေရးတကၠသိုလ္ေက်ာင္းသားမ်ားသမဂၢ(႐ြာသာႀကီးနယ္ေျမ) တြင္ ဘ႑ာေရးမႉး တာဝန္ယူထားသူဟုသိရသည္။
ၿပီးခဲ့သည့္ ၂၀၂၁ဧၿပီ၁၃ရက္ေန႔က တာေမြၿမိဳ႕နယ္တြင္ သပိတ္သို႔ အသြား အျခားသူ ၃ ဦး ႏွင့္အတူ ဖမ္းဆီးျခင္း ခံခဲ့ရျခင္းျဖစ္သည္။
ခ်ဳပ္ရက္ထုတ္ႏႈတ္ခံစားခြင့္ရခဲ့သည္ဟု တကသေက်ာင္းသားေဟာင္းမ်ားအင္အားစုကေျပာဆိုသည္။
