Thursday, June 25, 2026

တိုင်းနှင့် ပြည်နယ်ရေကူးပြိုင်ပွဲ ရန်ကုန်တိုင်းအသင်း စုပေါင်းတံခွန်စိုက်ဆုဖလားဆွတ်ခူး

ရန်ကုန်မြို့၌ ဇွန် ၂၄ ရက်နှင့် ဇွန် ၂၅ ရက်တို့ကကျင်းပသည့် ၂၀၂၆ ခုနှစ် တိုင်းနှင့်ပြည် နယ်ရေကူးပြိုင်ပွဲတွင် စုပေါင်းတံခွန်စိုက်ဆုဖလားကို ရန်ကုန်တိုင်းအသင်းကဆွတ်ခူးခဲ့ကြောင်း...

အာဆီယံ ယူ-၁၉ အမျိုးသမီးဖူဆယ်ပြိုင်ပွဲအတွက် ပြင်ဆင်မှုများ...

နိုင်ငံတကာပြိုင်ပွဲများတွင် ရလဒ်ကောင်းများရရှိနိုင်ရေး ဆောင်ရွက်မည် မြန်မာနိုင်ငံတွင် ဖူဆယ်အားကစား ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတကာပြိုင်ပွဲများ၌ အောင်မြင်မှုပိုမိုရရှိစေရေးအတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)၏ ဖူဆယ်နှင့် သဲသောင်ပြင်ဘောလုံးကော်မတီ အစည်းအဝေး (၁/၂၀၂၆) ကို...

ဖားကန့်မြို့၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးမှုကြုံတွေ့နေရဆဲ...

ကချင်ပြည်နယ်၊ ဖားကန့်မြို့၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံဖြစ်နေကာ ရေကြီးမှုသည် လေးရက်နီးပါး ကြာမြင့်လာပြီ ဖြစ်ကြောင်း သိရသည်။ “မြို့ပေါ် ရပ်ကွက် ငါးခုလုံး ဖြစ်နေတာပါ”...

မုတ်သုံလေ အားကောင်းနေ၍ ဒေသအချို့တွင် မိုးကြီးနိုင်ကြောင်း...

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းလျက်ရှိသဖြင့် ရန်ကုန်တိုင်းဒေသကြီးအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အများစုတွင် မိုးထစ်ချုန်းရွာသွန်းနိုင်ပြီး ဒေသအချို့၌ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဇွန်...
HomeNewsLocal Newsရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်းဒဏ်သင့်မြို့နယ်များတွင် ဝမ်းပျက်ဝမ်းလျှောရောဂါ...

ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်းဒဏ်သင့်မြို့နယ်များတွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ကပ်အသွင် အစုအပြုံလိုက် ဖြစ်ပွားမှုမရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနပြော

ရခိုင်ပြည်နယ်ရှိ မုန်တိုင်းဒဏ်သင့်မြို့နယ်များတွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ကပ်အသွင်ဖြစ်ပွားမှုရှိနေကြောင်း မီဒီယာအချို့၏ ရေးသားဖြန့်ဝေမှုမှာ မဟုတ်မှန်ဘဲ ယင်းရောဂါ ကပ်အသွင်ဖြစ်ပွားမှုမရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်အချို့တွင် ဒေသခံအချို့ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားမှုများ ရှိနေသော်လည်း ကပ်ရောဂါအသွင် အစုလိုက်အပြုံလိုက်ဖြစ်ပွားရေခြင်းမျိုးမဟုတ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက အသိပေးထားခြင်းဖြစ်သည်။

ဝမ်းပျက်ဝမ်းလျှော ရောဂါဖြစ်ပွားမှု အခြေအနေအနေဖြင့် မုန်တိုင်းကျရောက်ပြီး ရက်အနည်းငယ်အကြာ မေလ (၁၉) ရက်တွင် စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီးတွင် ဝမ်းပျက်ဝမ်းလျှောလူနာ (၂)ဦး၊ မြို့နယ်ပြင်ပ ကျေးလက်ကျန်းမာရေးဌာနများ၌ (၇)ဦး၊ ပေါက်တောပြည်သူ့ဆေးရုံတွင် (၁)ဦး၊ မင်းပြားပြည်သူ့ဆေးရုံတွင် (၁)ဦးနှင့် ကျေးလက်ကျန်းမာရေးဌာနများ၌ (၂၄) ဦး၊ မာန်အောင်မြို့နယ် ကျေးလက်ကျန်းမာရေးဌာနများ၌ (၆)ဦး၊ စုစုပေါင်း (၄၁) ဦး ဖြစ်ပွားခဲ့ပြီး ယင်းနေ့ရက်မှစတင်ကာ မင်းပြားမြို့နယ်ကို အထူးအာရုံစိုက်၍ စောင့်ကြည့်ကုသပေးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လ (၃) ရက်တွင် မြို့နယ်အသီးသီး၌ ဝမ်းပျက်ဝမ်းလျှောရောဂါ တွေ့ရှိရသူ (၁၀) ဦး ထပ်မံတွေ့ရှိခဲ့ပြီး စစ်တွေတွင် (၆)ဦး၊ ရသေ့တောင်တွင် (၂)ဦး၊ ပေါက်တောတွင် (၁)ဦး၊ ဘူးသီးတောင်တွင် (၁)ဦးရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

ထို့အပြင် အဆိုပါ လူနာ (၁၀) ဦးအနက် အတွင်းလူနာ (၅) ဦး၊ ပြင်ပလူနာ (၅) ဦးအဖြစ် ဆေးကုသမှုခံယူခဲ့ရကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။

လက်ရှိ ရခိုင်ပြည်နယ် မုန်တိုင်းဒဏ်သင့်ဒေသများ၌ ဝမ်းပျက်ဝမ်းလျှောရောဂါ အပါအဝင် ကပ်ရောဂါအမျိုးမျိုး ဖြစ်ပွားမှုမရှိစေရန် ကျန်းမာရေးဝန်ကြီးဌာနက စောင့်ကြပ်ကြည့်ရှုကာ ကုသရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ရေတွင်း၊ရေကန်ပေါင်း ၂၉၄၆ ခုတို့အား ရေသန့်စင် ဆေးခပ်ခြင်း၊ ရေသန့်စင် ဆေးပြား ၂၃၆၉၇၅ ပြား ဖြန့်ဝေခြင်းနှင့် ပြည်သူလူထုအား ကျန်းမာရေးအသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တိုင်းနှင့် ပြည်နယ်ရေကူးပြိုင်ပွဲ ရန်ကုန်တိုင်းအသင်း စုပေါင်းတံခွန်စိုက်ဆုဖလားဆွတ်ခူး

ရန်ကုန်မြို့၌ ဇွန် ၂၄ ရက်နှင့် ဇွန် ၂၅ ရက်တို့ကကျင်းပသည့် ၂၀၂၆ ခုနှစ် တိုင်းနှင့်ပြည် နယ်ရေကူးပြိုင်ပွဲတွင် စုပေါင်းတံခွန်စိုက်ဆုဖလားကို ရန်ကုန်တိုင်းအသင်းကဆွတ်ခူးခဲ့ကြောင်း သိရသည်။ ရန်ကုန်တိုင်းအသင်းက အမျိုးသားတံခွန်စိုက်ဆုဖလားကို ရမှတ်(၁၂၅)မှတ်၊ အမျိုးသမီးတံခွန်စိုက်ဆုဖလားကို ရမှတ်(၁၂၈)မှတ်တို့ဖြင့်ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်ပြီး တာဝန်ရှိသူများက ဆုဖလား၊ ဆုတံဆိပ်များ၊ ဆုကြေးငွေများကိုပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။ ထို့ပြင် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒု-ဥက္ကဋ္ဌနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒု-ဝန်ကြီးဦးညီညီအပါအဝင် တာဝန်ရှိသူများက ပြိုင်ပွဲအမျိုးအစားအလိုက်ဆုရရှိကြသည့် အားကစားသမားများအား ဆုတံဆိပ်နှင့် ငွေသားဆုများကိုပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

အာဆီယံ ယူ-၁၉ အမျိုးသမီးဖူဆယ်ပြိုင်ပွဲအတွက် ပြင်ဆင်မှုများ ဆွေးနွေး

နိုင်ငံတကာပြိုင်ပွဲများတွင် ရလဒ်ကောင်းများရရှိနိုင်ရေး ဆောင်ရွက်မည် မြန်မာနိုင်ငံတွင် ဖူဆယ်အားကစား ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတကာပြိုင်ပွဲများ၌ အောင်မြင်မှုပိုမိုရရှိစေရေးအတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)၏ ဖူဆယ်နှင့် သဲသောင်ပြင်ဘောလုံးကော်မတီ အစည်းအဝေး (၁/၂၀၂၆) ကို ဇွန် ၂၅ ရက် နံနက်ပိုင်းက MFF Futsal Stadium ရှိ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။ ဆွေးနွေးမှုများအတွင်း ဖူဆယ်ပြိုင်ပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရေး၊ ဖူဆယ်လက်ရွေးစင်အသင်းများ နိုင်ငံတကာပြိုင်ပွဲများတွင် ရလဒ်ကောင်းများရရှိနိုင်ရေး၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ဖူဆယ်အားကစား ပိုမိုဖွံ့ဖြိုးလာစေရေးတို့ကို အဓိကထား ဆွေးနွေးခဲ့ကြသည်။ ထို့အပြင် အာဆီယံ အမျိုးသမီး ယူ-၁၉...

ဖားကန့်မြို့၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးမှုကြုံတွေ့နေရဆဲ ဖြစ်

ကချင်ပြည်နယ်၊ ဖားကန့်မြို့၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံဖြစ်နေကာ ရေကြီးမှုသည် လေးရက်နီးပါး ကြာမြင့်လာပြီ ဖြစ်ကြောင်း သိရသည်။ “မြို့ပေါ် ရပ်ကွက် ငါးခုလုံး ဖြစ်နေတာပါ” ဟု မြို့ခံတစ်ဦးက ပေါ်ပြူလာနယူးစ်ကို ပြောသည်။ ဥရုချောင်းရေကြီးမှုကြောင့် ရေဝင်ရောက်မှုသည် အေးမြသာယာ၊ ငှက်ပျောတော၊ မြို့မကျောက်ဝိုင်း၊ မှော်ဝမ်းနှင့် မရှီကထောင် စသည့် မြို့ပေါ်ရပ်ကွက်များအထိ ရေဝင်ရောက်ခဲ့ခြင်းဖြစ်သည်။ “ညပိုင်းကနေ မိုးကထပ်ရွာပြန်တော့ ဒီကနေ့အထိ ရွာနေတုန်းပါပဲ။ ရေက အများကြီးမကျနိုင်ဘူးဖြစ်နေတယ်” ဟုလည်း မြို့ခံတစ်ဦးက ထပ်လောင်းပြောကြားခဲ့သည်။ ယင်းကဲ့သို့ရေကြီးမှုသည် ဇွန်လ ၂၁ ရက်နေ့မှ စတင်ခဲ့ပြီး ယနေ့အထိ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071