Thursday, August 6, 2026

ပြည်တွင်းကျောက်မျက်ရတနာ ဈေးကွက်ခိုင်မာရေး ခေတ်မီဆန်းသစ်သည့် ဒီဇိုင်းများဖြင့်...

ရန်ကုန်၊ ဩဂုတ် ၆ ပြည်တွင်း၌ထွက်ရှိသည့် မြန်မာ့ကျောက်မျက်ရတနာများကို ဈေးကွက်ခိုင်ခိုင်မာမာ ရရှိစေရန် ခေတ်မီဆန်းသစ်သည့် ဒီဇိုင်းများဖြင့် ထိုးဖောက်ရန် လိုအပ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူက...

၀န်ကြီးချုပ် မိုဒီ၏ ပို့စ်ကို ပိတ်ပင်ခဲ့မှုအတွက်...

ဇူလိုင်လအတွင်းက အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီ၏ ပို့စ်တစ်ခုကို ခဏတာ ကန့်သတ်မိခဲ့မှုအတွက် အိန္ဒိယသတင်းအချက်အလက်နည်းပညာဝန်ကြီးကို တောင်းပန်ခဲ့ကြောင်း Meta ပလက်ဖောင်း၏ ကမ္ဘာ့ရေးရာ အရာရှိချုပ် ဂျိုးလ်...

ဗီယက်နမ်သမ္မတ တိုလမ် သြစတြေးလျနှင့် နူးဇီလန်...

ဗီယက်နမ်နိုင်ငံ၏ နိုင်ငံတော် အကြီးအကဲ တိုလမ်သည် မိတ်ဖက်ဆက်ဆံရေးများကို မြှင့်တင်ရန်နှင့် သိပ္ပံနှင့် နည်းပညာကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် ကြိုးပမ်းမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် လာမည့်သီတင်းပတ်တွင်...

သီရိဒုံကိုစင်ကာပူ လွှတ်တော်အမတ်များက မတ်တပ်ရပ်၍ကြိုဆို

သြဂုတ်လ ၄ ရက်နေ့က စင်ကာပူပါလီမန် လွှတ်တော်အတွင်းသို့ မဟာချက်ကရီ သီရိဒုံမင်းသမီး ရောက်လာချိန်တွင် လွှတ်တော်အမတ်များက မတ်တပ်ရပ်၍ သြဘာပေးကြိုဆိုခဲ့ကြသည်။ လွှတ်တော်ဥက္ကဋ္ဌ စီးကင်းပင်း (Seah...
HomeInternationalယူကရိန်းကို ၂၀၂၇ ခုနှစ်အထိ...

ယူကရိန်းကို ၂၀၂၇ ခုနှစ်အထိ စစ်ရေးအကူအညီပေးမယ့် နေတိုးအစီအစဉ် ပင်တဂွန် ထုတ်ဖော်ပြောကြား

ယူကရိန်း၏ စစ်ရေးလိုအပ်ချက်များကို အမျိုးအစားများခွဲကာ ယင်းအမျိုးအစားတစ်ခုစီအတွက် အကူအညီပေးရမည့် နေတိုးအုပ်စုဝင်နိုင်ငံများကို သတ်မှတ်ပေးမည်ဖြစ်ကြောင်း ပင်တဂွန်စစ်ဌာနချုပ်မှ အဆင့်မြင့် ကိုယ်စားလှယ်တစ်ဦးက အင်္ဂါနေ့တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ယူကရိန်း သို့ လက်နက်များ ပို့ဆောင်ရေး ညှိနှိုင်းဆောင်ရွက်နေသော အနောက်နိုင်ငံများသည် ပူးပေါင်းဆောင်ရွက်မည့် အုပ်စု ရှစ်ခုကို ဖွဲ့စည်းဖန်တီးခဲ့ကြောင်း ပင်တဂွန် ကိုယ်စားလှယ်က ပြောကြားခဲ့သည်။

“ယင်းအုပ်စု တစ်ခုစီသည် ယူကရိန်း၏ စစ်ရေးစွမ်းရည်ဆိုင်ရာ ရှုထောင့်တစ်ခုစီကို ကိုယ်စားပြုပြီး အနည်းဆုံး သီးခြားနေတိုးနိုင်ငံနှစ်ခုမှ ပူးတွဲဦးဆောင်မည်ဖြစ်သည်” ဟု ပင်တဂွန်စစ်ဌာနချုပ်မှ အဆင့်မြင့် ကိုယ်စားလှယ်က ပြောကြားခဲ့သည်။

“ဒီညွန့်ပေါင်းအုပ်စုအဖွဲ့ခေါင်းဆောင်တွေဟာ ယူကရိန်းလေတပ်၊ သံချပ်ကာ၊ အမြောက်၊ မိုင်းတွင်း၊ ဒရုန်း၊ ပေါင်းစပ်လေကြောင်းနဲ့ ဒုံးကျည်ကာကွယ်ရေး၊ သတင်းအချက်အလက်နည်းပညာနဲ့ ရေကြောင်းလုံခြုံရေး လိုအပ်ချက်နဲ့ ရည်မှန်းချက်တွေကို ၂၀၂၇ခုနှစ်အထိ ပြဌာန်းထားတဲ့ လမ်းပြမြေပုံတွေကို ထောက်ခံဖို့ လိုအပ်ပါတယ်” ဟု ပင်တဂွန်ကိုယ်စားလှယ်က ပြောကြားခဲ့သည်။

ယူကရိန်း ကာကွယ်ရေး အဆက်အသွယ်အဖွဲ့၏ ၂၅ ကြိမ်မြောက် အစည်းအဝေးကို ယူကရိန်းသို့ အနောက်နိုင်ငံမှ လက်နက်များ ပို့ဆောင်ရေး ညှိနှိုင်းရေး အဖွဲ့မှ ဇန်နဝါရီ ၉ ရက်တွင် ဂျာမနီနိုင်ငံ ရမ်စတိန်း လေတပ်စခန်း၌ ကျင်းပမည်ဖြစ်ပြီး အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုဒ်အော်စတင် လည်း တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပြည်တွင်းကျောက်မျက်ရတနာ ဈေးကွက်ခိုင်မာရေး ခေတ်မီဆန်းသစ်သည့် ဒီဇိုင်းများဖြင့် ထိုးဖောက်ရန် လိုအပ်ဟု ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ပြော

ရန်ကုန်၊ ဩဂုတ် ၆ ပြည်တွင်း၌ထွက်ရှိသည့် မြန်မာ့ကျောက်မျက်ရတနာများကို ဈေးကွက်ခိုင်ခိုင်မာမာ ရရှိစေရန် ခေတ်မီဆန်းသစ်သည့် ဒီဇိုင်းများဖြင့် ထိုးဖောက်ရန် လိုအပ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူက ပြောကြားခဲ့သည်။ ပဥ္စမအကြိမ်မြောက် ရန်ကုန်အပြည်ပြည်ဆိုင်ရာ ကျောက်မျက်ရတနာနှင့် လက်ဝတ်ရတနာ အချောထည် အရောင်းပြပွဲ ၂၀၂၆ ဖွင့်ပွဲ အခမ်းအနားတွင် ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။ တိုင်းဒေသကြီးဝန်ကြီးချုပ်က မိမိတို့ နိုင်ငံသည် သဘာဝ သယံဇာတ ရတနာမျိုးစုံ ကြွယ်ဝသည့် နိုင်ငံဖြစ်သဖြင့် ထွက်ရှိသည့် ရတနာများကို ပြည်တွင်း၌ ထိုက်ထိုက်တန်တန် ဈေးကွက်ရရှိအောင် ဆောင်ရွက်ရန် လိုကြောင်း၊...

၀န်ကြီးချုပ် မိုဒီ၏ ပို့စ်ကို ပိတ်ပင်ခဲ့မှုအတွက် Meta က တောင်းပန်

ဇူလိုင်လအတွင်းက အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီ၏ ပို့စ်တစ်ခုကို ခဏတာ ကန့်သတ်မိခဲ့မှုအတွက် အိန္ဒိယသတင်းအချက်အလက်နည်းပညာဝန်ကြီးကို တောင်းပန်ခဲ့ကြောင်း Meta ပလက်ဖောင်း၏ ကမ္ဘာ့ရေးရာ အရာရှိချုပ် ဂျိုးလ် ကက်ပလန်က ဗုဒ္ဓဟူးနေ့က သတင်းထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။         “ဝန်ကြီးချုပ် မိုဒီရဲ့ ပို့စ်ကို ကန့်သတ်မိခဲ့တဲ့ အမှားအယွင်းအတွက် မက်တာကိုယ်စား ဝန်ကြီးကို တောင်းပန်ခဲ့ပါတယ်” ဟု ကက်ပလန်က ပြောကြားခဲ့သည်။    မိုဒီ၏ ပို့စ်တစ်ခုကို ဖေ့စ်ဘုတ်က ခဏတာကန့်သတ်ခဲ့ပြီးနောက် အိန္ဒိယသတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနက ပြီးခဲ့သည့်လတွင် မက်တာ အမှုဆောင်အရာရှိများကို ဆင့်ခေါ်ခဲ့သည်။ လုပ်ဆောင်ချက်အမှားတစ်ခုကြောင့် ပို့စ်ကို မတော်တဆ...

ဗီယက်နမ်သမ္မတ တိုလမ် သြစတြေးလျနှင့် နူးဇီလန် သွားမည်

ဗီယက်နမ်နိုင်ငံ၏ နိုင်ငံတော် အကြီးအကဲ တိုလမ်သည် မိတ်ဖက်ဆက်ဆံရေးများကို မြှင့်တင်ရန်နှင့် သိပ္ပံနှင့် နည်းပညာကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် ကြိုးပမ်းမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် လာမည့်သီတင်းပတ်တွင် သြစတြေးလျနှင့် နူးဇီလန်နိုင်ငံများသို့ သွားရောက်မည်ဖြစ်ကြောင်း အစိုးရက ထုတ်ပြန်ပြောကြားခဲ့သည်။         သမ္မတ တိုလမ်၏ ခရီးစဉ်သည် သြဂုတ်လ ၉ ရက်နေ့မှ ၁၄ ရက်နေ့အထိကြာမြင့်မည်ဟု အစိုးရက ပြောကြားခဲ့ပြီး နိုင်ငံတခုချင်းစီအလိုက် အချိန်ဇယားအတိအကျကိုမူ မပြောကြားခဲ့ပေ။     ၂၀၂၄ ခုနှစ်တွင် ပါတီ အထွေထွေအတွင်းရေးမှူးဖြစ်လာခဲ့ချိန်မှစကာ မစ္စတာ လမ်သည် များမြောင်သော သံတမန်ရေးခရီးစဉ်အစီအစဉ်များကို ချမှတ်ဆောင်ရွက်ခဲ့သည်။     ဗီယက်နမ်သည် ၂၀၂၄...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071