ယနေ့ မတ်လ ၂၈ရက်တွင် မန္တလေးငလျင်ကြီးလှုပ်ခတ်မှု (၁) နှစ်ပြည့် အခမ်းအနားအား နေပြည်တော်ရှိ MICC (၁) တွင် ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားသို့ နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ နိုင်ငံတော်ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်တို့၏ ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌများ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်များ၊ သံတမန်များ၊ နည်းပညာနှင့်အရပ်ဘက်အဖွဲ့အစည်းများ၊ ငလျင်ဘေးကူညီပေးခဲ့ကြသည့်အဖွဲ့အစည်းများ စုံညီစွာတက်ရောက်ခဲ့သည်။
ထို့နောက် အခမ်းအနားတွင် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ နိုင်ငံတော်ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ တက်ရောက်အမှာစကားပြောကြားကာ ငလျင်ဘေးဒ-ဏ်သင့်ချိန်၌ ပါဝင်ကူညီခဲ့ကြသည့် ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများအား အမှတ်တရဂုဏ်ပြုတံဆိပ်ချီးမြှင့်ရာ ပြည်ပနိုင်ငံအဖွဲ့အစည်းများကိုယ်စား ထိုနိုင်ငံများမှ သံအမတ်ကြီးများအား အမှတ်တရဂုဏ်ပြုတံဆိပ်ပေးအပ်ခဲ့သည်။
၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်တွင် ရစ်(ခ်)ချက်တာစကေး ၇.၇ အဆင့်ရှိ အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့သည်မှာ တစ်နှစ်ပြည့်ခဲ့ပြီဖြစ်သည်။ ထိုအင်အားပြင်းငလျင်ကြောင့် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၀ ခုတွင် ေ-သဆုံးသူ ၃၈၁၈ ဦး၊ ပျေ-ာက်ဆုံးသူ ၅ ဦး၊ ဒ-ဏ်ရာရသူ ၅၁၀၄ ဦး၊ ဘေးသင့်အိမ်ထောင်စုပေါင်း ၁၆၂၅၆၃ စု၊ ဘေးသင့်လူဦးရေ ၄၂၄၀၆၃ ဦး၊ ယာယီရွှေ့ပြောင်းလူဦးရေ ၁၇၉၁၁၁ ဦး ရှိကာ၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပျ-က်စီးဆုံးရှုံးမှုတန်ဖိုး ကျပ် ၇၉၇၉ ဘီလီယံကျော်ရှိကြောင်း သိရသည်။
