Tuesday, June 2, 2026

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား မဟာရာရှ်ထရာပြည်နယ်အုပ်ချုပ်ရေးမှူးက ဂုဏ်ပြုညစာစားပွဲဖြင့်တည်ခင်းဧည့်ခံ

အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းမြို့သို့ရောက်ရှိနေသည့် နိုင်ငံ တော်သမ္မတ ဦးမင်းအောင်လှိုင်အား မဟာရာ့ရှ်ထရာပြည်နယ်အုပ်ချုပ်ရေးမှူး Shri. Jishnu Dev Varma က ယနေ့ ဇွန်...

အိန္ဒိယနိုင်ငံ၏ အဆင့်(၁)ရှိ အဆင့်မီဆိပ်ကမ်းကြီးဖြစ်သော ဂျဝါဟာလာနေရူးဆိပ်ကမ်းကို...

အိန္ဒိယနိုင်ငံရှိအဓိကျသည့် ဆိပ်ကမ်း(၁၂)ခုအနက် အ ဆင့်(၁)ရှိသည့် အဆင့်မီဆိပ်ကမ်းကြီးတစ်ခုဖြစ်ကာ ကုန်သွယ်နိုင်မှုကမ္ဘာ့အဆင့်(၂၃)ရှိသော မွန်ဘိုင်းမြို့မှ ဂျဝါဟာလာနေရူးဆိပ်ကမ်းကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ ဇွန် ၂...

​ဂျာမနီမြေတွင် မြန်မာ့အလံလွှင့်ထူနိုင်ခဲ့သည့် မြန်မာ့ကြက်တောင်မယ် သက်ထားသူဇာ...

​မြန်မာ့လက်ရွေးစင် ကြက်တောင်အား ကစားမယ် သက်ထားသူဇာသည် ဂျာမနီနိုင်ငံ၌ ကျင်းပခဲ့သည့် Yonex Bonn International 2026 ပြိုင်ပွဲအမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ၌ ဒုတိယဆု (Runner-...

မုတ်သုံလေ အားကောင်းနေ၍ ကမ်းရိုးတန်းဒေသများတွင် လှိုင်းကြီးနိုင်၊

ရေကြောင်းခရီးသည်များ၊ သင်္ဘောလိုင်းများ သတိပြုရန် မိုး/ဇလ သတိပေး​​မြန်မာ့ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသအခြေအနေမှာ မုတ်သုံလေ အား ကောင်းနေခြင်းကြောင့် ကမ်းရိုးတန်းတစ်လျှောက် လှိုင်းကြီးနိုင်ပြီး မိုးသက် လေပြင်းများ...
HomeNewsLocal Newsနာမည်​ကျော် ပဲခူးဘုရားပွဲကြီး ဇာတ်သဘင်အစုံဖြင့်...

နာမည်​ကျော် ပဲခူးဘုရားပွဲကြီး ဇာတ်သဘင်အစုံဖြင့် စတင်ကာ လူပင်လယ်တမျှ စည်ကား

ယခုနှစ်ပဲခူးဘုရားပွဲကြီးသည် ထူးခြားလှသည့် ဇာတ်သဘင်အပြင်အဆင်များ​ကြောင့်၄င်း၊ ဇာတ်သဘင် တ​ခေတ်ပြန်ဖြစ်လာခြင်း​ကြောင့်၄င်း၊ ပွဲကြီးပွဲ​ကောင်းများ ​တောင့်တ​နေသည့် ပရိတ်သတ်များ​ကြောင်း၄င်း ကြက်ပျံမကျ စည်ကားလွန်းသဖြင့် လုံခြုံရေးကို အထူးစီမံထား​ကြောင်းသိရသည်။

ရန်ကုန်၊ မန္တလေးနှင့် အနယ်နယ်အရပ်ရပ်မှလာကြသူများ၊ နာမည်​ကျော်အနုပညာရှင်များပါ ဘုရားပွဲလာ​ရောက်ဆင်နွဲချင်​လောက်​အောင် ၁၂ ပွဲဈေးသည်များစုံလင်ခြင်း၊ များပြားလှသည့် နယ်မှလှည်းတပ်ကြီးများအတွက်လည်း နေရာပါစီစဥ်ထားရသည်။

ပဲခူးသို့ဧည့်ဝင်များပြားမှု​ကြောင့် စား​သောက်ဆိုင်များပင် ၃ ရက်စာ​ စျေးဝယ်ထားသည်များ တရက်ဖြင့်ကုန်ကြ​ကြောင်းနှင့် စားအုန်းဆီအခက်ခဲရှိ​ကြောင်း ဆိုင်အချို့က ဆိုသည်။

ဇာတ်သဘင်အဖွဲ့များ၏ ဖျာပေါက်ဈေးမှာ တသိန်းမှ သုံးသိန်းထိရှိကြ​လေပြီး ဖျာ​သေး​ကြောင်းလည်း​စောဒကတက်ကြသည်။ ယခုနှစ် ထူးခြားမှု ဖြစ်သည့် ဇာတ်လေးဇာတ်​ပေါင်း ​ဖျော်​ဖြေသည့် မင်းသားဖိုးချစ်တို့ ဇာတ်ရုံက ပွဲကြည့်စင်အဆင့်အလိုက် အခိုင်အမာပေါ်တွင် ဆိုဖာခုံများဖြင့် ပြင်ဆင်ခြင်းဖြစ်သည်။ ဆိုဖာ​ရှေ့ရှိ ဖျာ​နေရာက လူကြိုက်ပိုများ​နေကြသည်။ ပွဲလက်မှတ်များလည်း ဆီတန်းဆီသကဲ့သို့ပင် ​နေကုန်​နေခမ်း ​စောင့်ဝယ်ကြရခြင်းဖြစ်သည်။
သဘင်သည်တို့မှာလည်း ပရိသတ်အားပေးမှု​ကြောင့် မနက်၈နာရီအထိ ကပြ​ဖျော်​ဖြေ​နေကြသည်။

နှစ်​ပေါင်းနှစ်​ထောင်​ကျော်လာသည့်ရွှေမော်ဓော စေတီတော်မြတ်ကြီးသည် ​ပျော်ရွှင်မှု၊ ဝမ်းနည်းမှု၊ ကုသိုလ်ဓါတ်များလွှမ်းခြုံခဲ့ရာ ​နေရာ၊ ရာဇဝင်ထဲက ပုထုဇဥ်တို့၏ အဇ္စျတ္တ များဖြတ်သန်းခဲ့ရာ​နေရာကြီးတွင်  ဗုဒ္ဓပူဇနိယပွဲတော် ကြီးကို မတ်လ (၂၇) ရက်နေ့ ညနေပိုင်း စ ဖွင့်ခဲ့ပြီး ဘုရားပွဲကို ၁၅ ညအထိနွှဲ​ပျော်ကြနိုင်ရန် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ကကြီးမှုးကျင်းပခြင်းဖြစ်သည်။ ဘုရားပွဲကို ၁၅ ညအထိ ကျင်းပမည် ဘုရားရင်ပြင်​ပေါ်တွင် စတုဒီသာ​ကျွေးမည့်ရက်များလည်းရှိသည်။

တန်ခူးလပြည့်နေ့၊ ဧပြီလ (၁) ရက်နေ့၌ သုံးဂိုဏ်းဝင်သံဃာတော် အရှင်သူမြတ်အပါး (၅၀၀) အား ဆွမ်းဆန်စိမ်း​လောင်းလှုပွဲတွင်လည်း ကုသိုလ်ရှင်များစွာနှင့်အတူ အနုပညာရှင်များလည်း ကုသိုလ်ယူကြမည်ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား မဟာရာရှ်ထရာပြည်နယ်အုပ်ချုပ်ရေးမှူးက ဂုဏ်ပြုညစာစားပွဲဖြင့်တည်ခင်းဧည့်ခံ

အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းမြို့သို့ရောက်ရှိနေသည့် နိုင်ငံ တော်သမ္မတ ဦးမင်းအောင်လှိုင်အား မဟာရာ့ရှ်ထရာပြည်နယ်အုပ်ချုပ်ရေးမှူး Shri. Jishnu Dev Varma က ယနေ့ ဇွန် ၂ ရက်တွင် Maharashtra Lok Bhavan Mumbai (Governor's House)၌ ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

အိန္ဒိယနိုင်ငံ၏ အဆင့်(၁)ရှိ အဆင့်မီဆိပ်ကမ်းကြီးဖြစ်သော ဂျဝါဟာလာနေရူးဆိပ်ကမ်းကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ကြည့်ရှုလေ့လာ

အိန္ဒိယနိုင်ငံရှိအဓိကျသည့် ဆိပ်ကမ်း(၁၂)ခုအနက် အ ဆင့်(၁)ရှိသည့် အဆင့်မီဆိပ်ကမ်းကြီးတစ်ခုဖြစ်ကာ ကုန်သွယ်နိုင်မှုကမ္ဘာ့အဆင့်(၂၃)ရှိသော မွန်ဘိုင်းမြို့မှ ဂျဝါဟာလာနေရူးဆိပ်ကမ်းကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ ဇွန် ၂ ရက်တွင် ကြည့်ရှုလေ့ လာခဲ့သည်။ ဆိပ်ကမ်းတာဝန်ရှိသူများက ဆိပ်ကမ်းဆိုင်ရာသမိုင်း ကြောင်းနှင့် အချက်အလက်များ၊ အရှေ့တောင်အာရှ၊ နိုင်ငံတကာနှင့် ဆက်သွယ်ဆောင်ရွက်လျက်ရှိသော အိ န္ဒိယနိုင်ငံ၏အဓိကအကျဆုံးဆိပ်ကမ်းတစ်ခုဖြစ်မှု၊ ဆိပ်ကမ်းတွင်နည်းပညာမြင့် စက်ကိရိယာများအသုံး ပြုလျက်ရှိမှု၊ မြန်မာနိုင်ငံနှင့် စီးပွားရေးမိတ်ဖက်အဖြစ် ပင်လယ်ရေကြောင်းကုန်သွယ်မှုများ၊ ဆိပ်ကမ်းဆိုင်ရာများဆောင်ရွက်နိုင်မှု၊ ဆိပ်ကမ်းကိုအသုံးပြုနိုင်ခြင်းဖြင့် နိုင်ငံအတွက် စည်းကြပ်ခွန်များကို တိုးတက်ရှာဖွေပေးနိုင်ခဲ့မှုတို့အား ရှင်းလင်းတင်ပြခဲ့ကြသည်။ ထို့ပြင် ဆိပ်ကမ်း၏ စွမ်းဆောင်ရည်များတိုးတက်စေ ရေး၊...

​ဂျာမနီမြေတွင် မြန်မာ့အလံလွှင့်ထူနိုင်ခဲ့သည့် မြန်မာ့ကြက်တောင်မယ် သက်ထားသူဇာ ဒုတိယဆုငွေတံဆိပ် ဆွတ်ခူး

​မြန်မာ့လက်ရွေးစင် ကြက်တောင်အား ကစားမယ် သက်ထားသူဇာသည် ဂျာမနီနိုင်ငံ၌ ကျင်းပခဲ့သည့် Yonex Bonn International 2026 ပြိုင်ပွဲအမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ၌ ဒုတိယဆု (Runner- up) ကို ဆွတ်ခူးရရှိခဲ့ကြောင်းသိရသည်။ ​အဆိုပါပြိုင်ပွဲကို မေလ (၂၇)ရက်မှ (၃၀) ရက်အထိ ကျင်းပခဲ့ခြင်းဖြစ်ပြီး သက်ထားသူဇာသည် (၃၂)ဦးအဆင့်မှ စတင်ကာ ဗိုလ်လုပွဲအထိ တက်လှမ်းနိုင်ခဲ့ခြင်းဖြစ်သည်။ မြန်မာ့ကြက်တောင်မယ် သက်ထားသူဇာသည်​(၃၂) ဦးအဆင့် နှင့် (၁၆) ဦးအဆင့်အတွင်း တရုတ်တိုင်ပေကစားသမားကိုနှစ်ပွဲပြတ်ရလဒ်ဖြင့် အနိုင်ရယူနိုင်ခဲ့သည်။ ထို့နောက်​ကွာတားဖိုင်နယ်အဆင့်တွင် အိန္ဒိယကစားသမားကို (၂၁-၁၅၊ ၂၁-၁၅) ဖြင့် ထပ်မံအနိုင်ရရှိခဲ့ကာ ​ဆီမီးဖိုင်နယ်အဆင့်တွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071