ယနေ့ မေ ၁၂ ရက်နံနက်အစောပိုင်းက ရန်ကုန်တိုင်း၊ အလုံမြို့နယ်နှင့် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်တို့တွင် မီးလောင်မှုများ၊ ယမန်နေ့ မေ ၁၁ ရက်ညပိုင်းက တိုက်ကြီးမြို့နယ်တွင် ယာဥ်တိုက်မှုတို့ဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
အလုံမြို့နယ်၊ ကမ်းနားလမ်းသစ်၊ အေးရှားဝေါရှေ့တွင် နံနက် ၄ နာရီ ၅၃ မိနစ်ခန့်က ထွေလာ(၁)စီးမီးလောင်မှုဖြစ်ပွား၍ သက်ဆိုင်ရာ မီးသတ်တပ်ဖွဲ့ဝင်များမှငြှိမ်းသတ်ခဲ့ကြရာ နံနက် ၅ နာရီ ၅ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
ထို့ပြင် နံနက် ၁၂ နာရီ ၂၁ မိနစ်ခန့်ကလည်း လှိုင်သာ ယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ်(၁၁)ရပ်ကွက်၊ အနော်ရထာလမ်းနှင့် ပဲခူးလမ်းထောင့်တွင် မီးလောင်မှုဖြစ်ပွား၍ သက်ဆိုင်ရာ မီးသတ်တပ်ဖွဲ့ဝင်များမှငြှိမ်းသတ်ခဲ့ကြရာ နံနက် ၁၂ နာရီ ၄၂ မိနစ်တွင်မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
