ယနေ့ ဧပြီ ၇ ရက်နံနက်ပိုင်းကကျင်းပသည့် တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးတွင် မွန်ပြည်နယ်အစိုးရအဖွဲ့အား ဝန်ကြီးဌာန (၁၀) ခု ဝန်ကြီး (၁၀) ဦးဖြင့် ဖွဲ့စည်းရန် အတည်ပြုခဲ့ကြောင်း သိရသည်။
မွန်ပြည်နယ်အစိုးရအဖွဲ့၏ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနဝန်ကြီးဌာနအား ဝန်ကြီးအဖြစ် ဗိုလ်မှူးကြီးကျော်စွာမြင့်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအား ဝန်ကြီးအဖြစ် နိုင်လယ်တမ၊ လူမှုရေးရာဝန်ကြီးဌာနအား ဝန်ကြီးအဖြစ် ဦးတင်ဇော်ထွန်း၊ လျှပ်စစ်နှင့် စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာနအား ဝန်ကြီးအဖြစ် ဦးမင်းဇေယျာဦး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအား ဝန်ကြီးအဖြစ် မင်းမြင့်မောင်လေးတို့ဖြင့် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအား ဝန်ကြီးအဖြစ် မိလဝီဟန်၊ စည်ပင်သာယာရေးဝန်ကြီးဌာနအား ဝန်ကြီးအဖြစ် ဒေါက်တာအောင်မြတ်ကျော်စိန်၊ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဌာနအား ဝန်ကြီးအဖြစ် ဦးမျိုးမင်းလှိုင်၊ ပအို့တိုင်းရင်း သားရေးရာဝန်ကြီးဌာနအား ဝန်ကြီးအဖြစ် ဦးချစ်သိန်း၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီးဌာနအား ဝန်ကြီးအဖြစ် ဦးစောအောင်ကျော်သိန်းတို့ဖြင့်လည်း ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ ဖွဲ့စည်းရန် မွန်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးခြင်းခံခဲ့ရသည့် ဗိုလ်မှူးချုပ်အောင်ဝင်းသန်းမှ မွန်ပြည်နယ်လွှတ်တော်သို့တင်ပြခြင်းအား လွှတ်တော်က အတည်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
