Wednesday, May 6, 2026

ဗီယက်နမ်သမ္မတ အိန္ဒိယနိုင်ငံသို့ သုံးရက်ကြာခရီးစဉ်အဖြစ် ရောက်ရှိ

နူးဒေလီ၊ မေ ၅ ရက် ဗီယက်နမ်သမ္မတ တိုလမ် သည် ဝန်ကြီးချုပ် နာရင်ဒြာ မိုဒီ၏ ဖိတ်ကြားချက်အရ အင်္ဂါနေ့တွင် အိန္ဒိယနိုင်ငံသို့ သုံးရက်ကြာ...

ခရီးသွားပြည်သူတွေ အဓိကအားထားလာရတဲ့ မြန်မာ့မီးရထား

ရန်ကုန်ကိုရောက်လာကြသူများနဲ့ ရန်ကုန်ကအပြန် ----------------------------------------------------------------------- မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော် ရန်ကုန်မြို့ကို အလုပ်အကိုင်အခွင့်အလမ်း၊ ပညာရေး၊ ကျန်းမာရေးစသဖြင့် ကဏ္ဍပေါင်းစုံအတွက် တစ်နိုင်ငံလုံးရှိဒေသအသီးသီးမှ ပြည်သူများဟာ ရောက်ရှိလာကြပါတယ်။ အလုပ်ရှိတဲ့သူက အလုပ်လုပ်ကိုင်ရင်းဖြစ်စေ၊ ပညာသင်တဲ့သူတွေက...

မြန်မာ့တိုင်းရင်းဆေးဝါး လုပ်ငန်းရှင် ၃၇၀၀ ကျော်...

နိုင်ငံအတွင်း မြန်မာ့တိုင်းရင်းဆေးဝါးများကို တရားဝင် ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသည့် လုပ်ငန်းရှင်ပေါင်း ၃၇၀၀ ကျော်ရှိနေကြောင်း တိုင်းရင်းဆေးဝါး ထုတ်လုပ်ရောင်းချသူများအသင်းထံမှ သိရသည်။ မြန်မာ့တိုင်းရင်းဆေးဝါးများကို ထုတ်လုပ်ရောင်းချရာတွင် တိုင်းရင်းဆေးဝါးဥပဒေနှင့်အညီ ကျန်းမာရေးဝန်ကြီးဌာန၏...

ပလိပ်မြို့နယ်တွင် မိုးရွာသွန်းလေပြင်းတိုက်၍ လျှပ်စစ်ကွန်ကရစ်ဓာတ်တိုင်(၇)တိုင်ကျိုးပြီး (၂)တိုင်ယိုင်နဲ့ကာ...

မန္တလေးတိုင်း၊ ပလိပ်မြို့နယ်တွင် ယနေ့ မေ ၆ ရက်နံ နက်အစောပိုင်း ၅ နာရီခန့်က မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်ခဲ့၍ သစ်ပင်သစ်ကိုင်းများလဲပြိုကျခဲ့ကြောင်း လျှပ်စစ်နှင့်...
HomeNewsLocal Newsမြဝတီ - ကော့ကရိတ်...

မြဝတီ – ကော့ကရိတ် ဒေါနတောင်လမ်းဟောင်းအား သွားလာခွင့် ပိတ်မည်ဟု သတင်းထွက်သော်လည်း ယနေ့ ပုံမှန်ဖြတ်သန်းသွားလာနေ

ကရင်ပြည်နယ် မြဝတီ – ကော့ကရိတ်သွား အာရှလမ်းမ ဒေါနတောင်တက်လမ်းပိုင်း တောနော်ရေတံခွန်အနီး မြေပြိုကျမှုကြောင့် ပြန်လည်အသုံးပြုနေရသည့် ယခင်ဒေါနတောင်တက်လမ်းဟောင်းကို ဖြတ်သန်းခွင့် ပိတ်မည်ဟု သတင်းထွက်ပေါ်နေသော်လည်း ယနေ့ နေ့လယ်ပိုင်းအထိ ပုံမှန်သွားလာနေဆဲဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

သြဂုတ် (၇) ရက်က မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေ စီးဆင်းမှုကြောင့် တောင်နံရံ ပြိုကျရာမှ တောနော်ရေတံခွန်အနီးရှိ အာရှလမ်းမကြီး လမ်းပိုင်း ပြိုကျခဲ့ရသည့်အတွက် လက်ရှိ လမ်းဟောင်းမှ ကားလေးများကို သွားလာစေခြင်းဖြစ်သည်။

“မနေ့ကတော့ ပိတ်မယ်ကြားတယ်။ ဒီနေ့အထိတော့ မပိတ်ဘူး။ ပုံမှန်တိုင်းပဲ သွားနေကြတယ်”ဟု ဒေသခံ တစ်ဦးက ပြောသည်။

မြဝတီ – ကော့ကရိတ်သွား ဒေါနတောင် လမ်းဟောင်းသည် အကျယ်အဝန်းအားဖြင့် ကျဉ်းမြောင်းသည့်အပြင် အသုံးမပြုသည်မှာ ကြာမြင့်နေပြီဖြစ်သည့်အတွက် ပျက်စီးမှုများလည်း ရှိနေခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ရက်ပိုင်းက ဖြစ်ပွားခဲ့သည့် အာရှလမ်းသစ် ပြိုကျမှုကြောင့် ခရီးသည်ဝန်ဆောင်မှုနှင့် ကုန်စည်သယ်ဆောင်မှု ရပ်တန့်မသွားစေရန် ခရီးသည်တင် ယာဉ်ငယ်များနှင့် ကုန်တင်ယာဉ်ငယ်များကို ဒေါနတောင် လမ်းဟောင်းမှ ဖြတ်သန်းသွားလာစေခြင်းဖြစ်သည်။

ထိုသို့ သွားလာရာတွင် အန္တရာယ်မဖြစ်စေရေးအတွက် ယခင်အတိုင်း အတက်တစ်ရက် အဆင်းတစ်ရက် သတ်မှတ်ကာ သွားလာခွင့်ပြုထားခြင်းဖြစ်ပြီး ယမန်နေ့က စတင်ကာ လမ်းဟောင်းအား ပိတ်ထားမည်ဟု သတင်းများ ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် မြေပြိုကျခဲ့သည့် အာရှလမ်းသစ် တောနော်ရေ တံခွန်အနီးတွင်လည်း ယာဉ်ငယ်များ ဖြတ်သန်းသွားလာနိုင်ရန် လမ်းလွှဲတစ်ခုဖောက်လုပ်လျက်ရှိကြောင်း သိရပြီး ကုန်တင်ယာဉ်ကြီးများနှင့် လူစီးခရီးသည်တင်ယာဉ်များ သွားလာနိုင်ရေးအတွက်လည်း ယာယီဘေလီတံတားဆောက်လုပ်ရန် သက်ဆိုင်ရာ တာဝန်ရှိသူများမှ စီစဉ်လျက်ရှိကြောင်း သိရသည်။

ဓာတ်ပုံ – Karen Channel Media

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဗီယက်နမ်သမ္မတ အိန္ဒိယနိုင်ငံသို့ သုံးရက်ကြာခရီးစဉ်အဖြစ် ရောက်ရှိ

နူးဒေလီ၊ မေ ၅ ရက် ဗီယက်နမ်သမ္မတ တိုလမ် သည် ဝန်ကြီးချုပ် နာရင်ဒြာ မိုဒီ၏ ဖိတ်ကြားချက်အရ အင်္ဂါနေ့တွင် အိန္ဒိယနိုင်ငံသို့ သုံးရက်ကြာ နိုင်ငံတော်ခရီးစဉ်အဖြစ် ရောက်ရှိလာခဲ့သည်။ ယင်းမှာ ပြီးခဲ့သည့်လက ဗီယက်နမ်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရပြီးနောက် ၎င်း၏ ပထမဆုံးသော အိန္ဒိယနိုင်ငံခရီးစဉ် ဖြစ်သည်။ တိုလမ်သည် နူးဒေလီမြို့သို့ မရောက်ရှိမီ ဘီဟာပြည်နယ်အရှေ့ပိုင်းရှိ ထင်ရှားသော ဗုဒ္ဓဘာသာဝင်တို့၏ အထွတ်အမြတ်ထားရာ ဗုဒ္ဓဂါယာသို့ သွားရောက်ခဲ့သည်။ ခရီးစဉ်အတွင်း သမ္မတနှင့်အတူ ဝန်ကြီးများ၊ အကြီးတန်းအစိုးရအရာရှိများ ပါဝင်သော အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့နှင့် စီးပွားရေးကိုယ်စားလှယ်အဖွဲ့တို့ လိုက်ပါလာကြောင်း သိရသည်။ Ref:...

ခရီးသွားပြည်သူတွေ အဓိကအားထားလာရတဲ့ မြန်မာ့မီးရထား

ရန်ကုန်ကိုရောက်လာကြသူများနဲ့ ရန်ကုန်ကအပြန် ----------------------------------------------------------------------- မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော် ရန်ကုန်မြို့ကို အလုပ်အကိုင်အခွင့်အလမ်း၊ ပညာရေး၊ ကျန်းမာရေးစသဖြင့် ကဏ္ဍပေါင်းစုံအတွက် တစ်နိုင်ငံလုံးရှိဒေသအသီးသီးမှ ပြည်သူများဟာ ရောက်ရှိလာကြပါတယ်။ အလုပ်ရှိတဲ့သူက အလုပ်လုပ်ကိုင်ရင်းဖြစ်စေ၊ ပညာသင်တဲ့သူတွေက ကျောင်းတက်ပညာသင်ရင်းဖြစ်စေ၊ ကျန်းမာရေးအတွက် ဆေးရုံဆေးခန်းလာရောက်ပြသသူတွေကလည်း ဆေးကုသမှုခံယူရင်းဖြစ်စေ၊ အကြောင်းအမျိုးမျိုးနဲ့ ရန်ကုန်ကိုရောက်ရှိအခြေချနေထိုင်ကြတာလည်းရှိပါတယ်။ နယ်ဒေသအသီးသီးက ပြည်သူတွေဟာ ဘယ်လိုအချိန်အခါမျိုးမှာ ကိုယ့်ရဲ့ မွေးရပ်မြေကို ပြန်ကြလေ့ရှိသလဲဆိုရင် မြန်မာ့နှစ်သစ်ကူးသင်္ကြန်ကာလ၊ သီတင်းကျွတ်ကာလ၊ ပိတ်ရက်ရှည်ရတဲ့ရုံးပိတ်ရက်တွေမှာ ပြန်ကြရတာပါ။ အဲဒီလိုပြန်ကြတဲ့အခါမှာ အများစုက ကား၊ ရထားကို အသုံးပြုပြီး ပြန်ကြတာများတဲ့အတွက် သယ်ယူပို့ဆောင်ရေးကဏ္ဍဟာ အင်မတန်အရေးပါလှပြီး ပုံမှန်အချိန်တွေထက် ခရီးသွားလာမှုကို ဝန်ဆောင်မှုပိုမိုပေးရတဲ့အချိန်လည်း ဖြစ်ပါတယ်။ သင်္ကြန်ကာလနီးရင်...

မြန်မာ့တိုင်းရင်းဆေးဝါး လုပ်ငန်းရှင် ၃၇၀၀ ကျော် တရားဝင် လိုင်စင်ဖြင့် ထုတ်လုပ်ဖြန့်ဖြူးနေ

နိုင်ငံအတွင်း မြန်မာ့တိုင်းရင်းဆေးဝါးများကို တရားဝင် ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသည့် လုပ်ငန်းရှင်ပေါင်း ၃၇၀၀ ကျော်ရှိနေကြောင်း တိုင်းရင်းဆေးဝါး ထုတ်လုပ်ရောင်းချသူများအသင်းထံမှ သိရသည်။ မြန်မာ့တိုင်းရင်းဆေးဝါးများကို ထုတ်လုပ်ရောင်းချရာတွင် တိုင်းရင်းဆေးဝါးဥပဒေနှင့်အညီ ကျန်းမာရေးဝန်ကြီးဌာန၏ တိုင်းရင်းဆေးပညာဦးစီးဌာနတွင် ဆေးဝါးမှတ်ပုံတင်နှင့် ထုတ်လုပ်ခွင့်လိုင်စင်များ လျှောက်ထားရယူရန် လိုအပ်ကြောင်း သိရသည်။ တိုင်းရင်းဆေးဝါး ထုတ်လုပ်ရောင်းချသူများအသင်း၏ ပြောကြားချက်အရ ဆေးဝါးမှတ်ပုံတင်မရှိဘဲ ထုတ်လုပ်ပါက ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်နိုင်ပြီး ထုတ်လုပ်ခွင့်လိုင်စင်မရှိဘဲ ထုတ်လုပ်ပါကလည်း ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်နိုင်ကြောင်း သိရသည်။ ထို့ပြင် မှတ်ပုံတင်နှင့် လိုင်စင် နှစ်ခုလုံးမရှိဘဲ ထုတ်လုပ်ပါက ထောင်ဒဏ်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071