Monday, September 21, 2026

ချမ်းမြေ့ဆရာတော်ကြီး၏ ရုပ်ကလာပ်တော်အား နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်...

အန္တိမအဂ္ဂိဈာပနပူဇာသဘင်အတွက် အလှူငွေကျပ်သိန်း(၅၀၀)လှူဒါန်း ပြီးခဲ့သည့် စက်တင်ဘာ ၁၉ ရက်က ဘဝနတ်ထံပျံလွန်တော်မူခဲ့သော ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ ချမ်းမြေ့ရိပ်သာကျောင်းတိုက်၏ ပဓာန နာယက နိုင်ငံတော်ဩဝါဒါစရိယ ချမ်းမြေ့ဆရာတော်ကြီး၏...

ပြည်တွင်း/ပြည်ပသာသနာပြု မြန်မာဘာသာကျမ်းစာ (၃၄)အုပ်နှင့် အင်္ဂလိပ်ဘာသာကျမ်းစာ(၁၀)အုပ်တို့ကိုရေးသားပြုစုတော်မူခဲ့သည့်...

ချမ်းမြေ့ရိပ်သာဆရာတော်ကြီးအလောင်းလျာကို မြန် မာသက္ကရာဇ် ၁၂၉၀ ပြည့်နှစ်၊ ဝါခေါင်လဆန်း(၈)ရက်၊ အင်္ဂါနေ့တွင် မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ ပျဉ်းမကျေးရွာ၌ ခမည်းတော် ဦးဖြူမင်း၊ မယ်တော်...

ခင်နှင်းဝေ တက်ဂ်ဘောပြိုင်ပွဲ ရွှေတံဆိပ်ဆွတ်ခူး၊ စပိန်ဂန္တဝင်...

မြန်မာအားကစားမယ် ခင်နှင်းဝေသည် စက်တင်ဘာ ၂၀ ရက်က ယှဉ်ပြိုင်ခဲ့သည့် တက်ဂ်ဘော (Teqball) အမျိုးသမီးတစ်ဦးချင်း ဗိုလ်လုပွဲတွင် အင်ဒိုနီးရှားကစားသမား ဆူမာယာကို ၂...

ရေနည်းကာလတွင် ရေဝင်ရောက်ခြေရှိသေးသည့်အတွက် Steel Sheet...

ဟင်္သာတ၊ စက်တင်ဘာ ၂၀ ငဝန်မြစ်ရေ တိုက်စားမှုကြောင့် ငဝန်တာ၏ အောက်ခံ မြစ်ကျိုးအင်း သဲကြောမှ ထူးပေါက်၍ တာတမံ နိမ့်ကျမှု ဖြစ်ပွားခဲ့ရာ လေးမျက်နှာမြို့နှင့်...
HomeMoviesမြန်မာ အရပ်ဘက်‌လေယာဉ်ကို ဒရုန်းဖြင့်တိုက်ခိုက်မှု...

မြန်မာ အရပ်ဘက်‌လေယာဉ်ကို ဒရုန်းဖြင့်တိုက်ခိုက်မှု အမေရိကန်ကြေးစားစစ်သားတစ်ဦး၊ ယူကရိန်း ၆ ဦးပါဝင်ကာ ယူကရိန်း ၁၄ ဦးနှင့် ဆက်စပ်နေကြောင်း အိန္ဒိယ ထောက်လှမ်းရေးဖော်ထုတ်

​မတ်လတုန်းက မီဇိုရမ်နယ်စပ်ကနေတဆင့် အိန္ဒိယနိုင်ငံထဲကို တရားမဝင် ဝင်ရောက်လာတာ‌ကြောင့်အိန္ဒိယတာဝန်ရှိသူတွေရဲ့ ဖမ်းဆီးခြင်းခံခဲ့ရတဲ့ အမေရိကန်နိုင်ငံသား မက်သယူး ဗန်ဒိုက်(Matthew Van Dyke) နဲ့ ယူကရိန်းနိုင်ငံသား ၆ ဦးဟာ အိမ်နီးချင်း မြန်မာနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ အရပ်ဘက်လေယာဉ်ကို ဒရုန်းနဲ့တိုက်ခိုက်မှုမှာ ပါဝင်ပတ်သက်နေတယ်လို့ အိန္ဒိယ အမျိုးသားစုံစမ်းစစ်ဆေးရေးအေဂျင်စီ(NIA) က ဒေလီတရားရုံးကို ပြောကြားခဲ့ပါတယ်။

​ဒီအုပ်စုဟာ အိန္ဒိယနိုင်ငံထဲမှာလည်း အကြမ်းဖက်လုပ်ရပ်တွေလုပ်ဖို့ စီစဉ်နေတယ်လို့ စွပ်စွဲခံထားရတဲ့အကြောင်း NIA က တာဝန်ရှိသူ ပါတီယာလာဟောက်စ်(Patiala House) တရားရုံးကို တင်ပြခဲ့ပြီး၊ သူတို့လက်ရှိအကျဉ်းကျနေတဲ့ တီဟား(Tihar) အကျဉ်းထောင်မှာ ဗန်ဒိုက်နဲ့ ယူကရိန်းနိုင်ငံသား ကမင်စကီး ဗစ်တာ(Kaminskyi Viktor) တို့ကို စစ်ကြောမေးမြန်းခွင့်ပြုဖို့ တောင်းဆိုခဲ့ပါတယ်။ NIA ရဲ့ တောင်းဆိုချက်ကို အထူးတရားရုံးက ခွင့်ပြုပေးခဲ့ပြီး၊ အဲဒီလိုစစ်ကြောမေးမြန်းတာဟာ စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ လုပ်ထုံးလုပ်နည်းတစ်ရပ်ဖြစ်တဲ့အတွက် တရားရုံးအနေနဲ့ စုံစမ်းစစ်ဆေးမှုလုပ်ငန်းစဉ်တွေမှာ ဝင်စွက်ဖက်မှာ မဟုတ်ဘူးလို့လဲ မှတ်ချက်ပြုခဲ့ပါတယ်။

​ယူကရိန်းနိုင်ငံသား ၁၄ ဦး အိန္ဒိယကနေတဆင့် မြန်မာနိုင်ငံထဲ ဝင်ရောက်ခဲ့
NIA ရဲ့ စုံစမ်းစစ်ဆေးမှုတွေအရ အနည်းဆုံး ယူကရိန်းနိုင်ငံသား ၁၄ ဦးဟာ ကမ္ဘာလှည့်ဗီဇာတွေနဲ့ နေ့ရက်အသီးသီးမှာ အိန္ဒိယနိုင်ငံကို ဝင်ရောက်လာခဲ့ပြီး ဂူဝါဟာတီကနေတဆင့် မီဇိုရမ်ကို သွားရောက်ခဲ့ကြောင်း တွေ့ရှိရတယ်လို့ ဆိုပါတယ်။ အဲဒီကနေတဆင့် ဒီယူကရိန်းနိုင်ငံသားတွေဟာ လိုအပ်တဲ့ ကန့်သတ်နယ်မြေခွင့်ပြုချက်(Restricted Area Permit) ဒါမှမဟုတ် တားမြစ်နယ်မြေခွင့်ပြုချက်(Protected Area Permit) တွေမပါဘဲ မီဇိုရမ်ကနေ မြန်မာနိုင်ငံထဲကို တရားမဝင် ဝင်ရောက်ခဲ့တယ်လို့ အိန္ဒိယ အမျိုးသားစုံစမ်းစစ်ဆေးရေးအေဂျင်စီက ဆိုပါတယ်။

သူတို့ မြန်မာနိုင်ငံကို သွားရတဲ့ ရည်ရွယ်ချက်ဟာ “မြန်မာစစ်တပ်ကို ပစ်မှတ်ထားတိုက်ခိုက်နေတဲ့ မြန်မာအခြေစိုက် လက်နက်ကိုင်အဖွဲ့ တွေကို ဒရုန်းစစ်ဆင်ရေး၊ ဒရုန်းအသုံးပြုမှု၊ တပ်ဆင်မှုနဲ့ ဆက်သွယ်ရေးဖြတ်တောက်မှု (jamming) နည်းပညာတွေနဲ့ ပတ်သက်ပြီး ကြိုတင်စီစဉ်ထားတဲ့ သင်တန်းပေးဖို့” ဖြစ်တယ်လို့ အေဂျင်စီက ဆိုပါတယ်။

​ဒရုန်းတိုက်ခိုက်မှုနဲ့ ဆက်စပ်နေ
ဖေဖော်ဝါရီ ၂၀ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ မြန်မာအမျိုးသားလေကြောင်းလိုင်း ATR-72-600 (XY-AMI) လေယာဉ် ဒရုန်းနဲ့ တိုက်ခိုက်ခံရမှုမှာ အမေရိကန်နဲ့ ယူကရိန်းနိုင်ငံသားတွေ ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ “ခိုင်လုံတဲ့ သတင်းအချက်အလက်” ကို ဗဟိုအစိုးရက ရရှိထားတယ်လို့ NIA က ဆိုပါတယ်။

​လေယာဉ်ပေါ်ကို ခရီးသည်တွေ တက်ရောက်နေစဉ် ည ၈ နာရီ ၁၂ မိနစ် (ဒေသစံတော်ချိန်) မှာ မြစ်ကြီးနားကနေ မန္တလေးကို ပြည်တွင်းခရီးစဉ် ပျံသန်းဖို့ ပြင်ဆင်နေချိန် အနည်းဆုံး FPV ကာမီကာဇေ (kamikaze) ဒရုန်း ၂ စင်းနဲ့ တိုက်ခိုက်ခံခဲ့ရတာပါ။ ဒရုန်းတွေမှာ RPG အမျိုးအစား ထိပ်ဖူးတွေ တပ်ဆင်ထားပြီး လေယာဉ်ရဲ့ နှာခေါင်းပိုင်း၊ ကိုယ်ထည်ပိုင်းနဲ့ အမြီးပိုင်းတွေကို ထိခိုက်ပျက်စီးစေခဲ့ပါတယ်။

​တိုက်ခိုက်မှုမှာ အသုံးပြုခဲ့တဲ့ ဒရုန်းတွေကို “မက်သရူး ဗန်ဒိုက် ကွန်ရက်” နဲ့ ချိတ်ဆက်ထားတဲ့ ကွန်ရက်တစ်ခုကတဆင့် ဒေသခံလက်နက်ကိုင်အဖွဲ့တွေဆီ ထောက်ပံ့ပေးခဲ့တာလို့ သူတို့ရဲ့ စုံစမ်းစစ်ဆေးမှုတွေအရ သိရတယ်လို့ NIA က ပြောပါတယ်။

​ပြစ်မှုထင်ရှားစေတဲ့ အီလက်ထရောနစ် သက်သေအထောက်အထား
ဖမ်းဆီးခံထားရသူတွေဆီကနေ သိမ်းဆည်းရမိတဲ့ စက်ပစ္စည်းတွေထဲက ဓာတ်ပုံတွေ၊ ဗီဒီယိုတွေနဲ့ အသံဖိုင်တွေကို ရယူနိုင်ခဲ့ပြီး ဒါတွေဟာ ဒီအမှုအတွက် အဓိကကျတဲ့ သက်သေအထောက်အထားတွေ ဖြစ်လာတယ်လို့ အေဂျင်စီက ဆိုပါတယ်။ သိမ်းဆည်းရမိတဲ့ စက်ပစ္စည်းတွေကနေ ရရှိလာတဲ့ အချက်အလက်တွေကို ခွဲခြမ်းစိတ်ဖြာကြည့်တဲ့အခါ ပြစ်မှုထင်ရှားစေတဲ့ အသေးစိတ်အချက်အလက်တွေနဲ့ အထောက်အထား အများအပြားကို ဖော်ထုတ်နိုင်ခဲ့တယ်လို့ NIA က တရားရုံးမှာ ထွက်ဆိုခဲ့ပါတယ်။

​လေယာဉ်တိုက်ခိုက်ခံရမှုရဲ့ အသေးစိတ်အချက်အလက်တွေနဲ့ ဒရုန်းကွန်ရက်ရဲ့ အခန်းကဏ္ဍကို ဖော်ထုတ်ဖို့အတွက် အရေးကြီးတယ်လို့ ယူဆရတဲ့ စက်ပစ္စည်းတွေထဲက ဗီဒီယိုတွေကိုလည်း အေဂျင်စီက စုံစမ်းစစ်ဆေးမှုမှာ ထည့်သွင်းထားပါတယ်။

​ဒီဗီဒီယိုတွေအပေါ် အခြေခံပြီး ဒရုန်းတွေ ဘယ်ကနေလာသလဲ၊ သူတို့ကို ဘယ်ကွန်ရက်က ထောက်ပံ့ပေးခဲ့သလဲ၊ ဒေသခံ လက်နက်ကိုင်အဖွဲ့တွေဆီကို ဘယ်လိုရောက်သွားသလဲနဲ့ ဒရုန်းမောင်းနှင်ဖို့အတွက် နည်းပညာပိုင်းဆိုင်ရာ သင်တန်းကို ဘယ်သူက ပေးခဲ့သလဲဆိုတာတွေကို အေဂျင်စီက ဆက်လက်ဖော်ထုတ်နေပါတယ်။

​ဒါပေမဲ့ ဒီအချက်တွေနဲ့ ပတ်သက်တဲ့ စုံစမ်းစစ်ဆေးမှုတွေဟာ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပြီး၊ လူတစ်ဦးချင်းစီ ဒါမှမဟုတ် ကွန်ရက်တစ်ခုချင်းစီရဲ့ အသေးစိပ် အခန်းကဏ္ဍကိုတော့ မပြောဆိုနိုင်သေးပါဘူး။

ဒီဒစ်ဂျစ်တယ် အထောက်အထားတွေကို စစ်ဆေးအတည်ပြုဖို့နဲ့ ဖမ်းဆီးခံထားရသူတွေရဲ့ ထွက်ဆိုချက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးဖို့အတွက် သူတို့ကို ဒီအထောက်အထားတွေနဲ့ မျက်နှာချင်းဆိုင် စစ်ဆေးဖို့ လိုအပ်တယ်လို့ စုံစမ်းစစ်ဆေးရေးအေဂျင်စီက အခိုင်အမာ ပြောဆိုထားပါတယ်။

NIA ရဲ့ အဆိုအရ စုံစမ်းစစ်ဆေးမှုကို ယုတ္တိတန်တဲ့ ကောက်ချက်ချမှုတစ်ခုဆီ ရောက်ဖို့ ဒီစစ်ကြောမေးမြန်းမှုဟာ မရှိမဖြစ် လိုအပ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် စွပ်စွဲခံထားရသူတွေနဲ့ မြန်မာအခြေစိုက် လက်နက်ကိုင်အဖွဲ့တွေကြားက ဆက်သွယ်မှုအခြေအနေနဲ့ သူတို့ကွန်ရက်ရဲ့ ကျယ်ပြန့်မှုပမာဏကိုလည်း အေဂျင်စီက အတည်ပြုနိုင်ဖို့ ကြိုးစားနေပါတယ်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ချမ်းမြေ့ဆရာတော်ကြီး၏ ရုပ်ကလာပ်တော်အား နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးတို့ ဖူးမြှော်ကြည်ညို

အန္တိမအဂ္ဂိဈာပနပူဇာသဘင်အတွက် အလှူငွေကျပ်သိန်း(၅၀၀)လှူဒါန်း ပြီးခဲ့သည့် စက်တင်ဘာ ၁၉ ရက်က ဘဝနတ်ထံပျံလွန်တော်မူခဲ့သော ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ ချမ်းမြေ့ရိပ်သာကျောင်းတိုက်၏ ပဓာန နာယက နိုင်ငံတော်ဩဝါဒါစရိယ ချမ်းမြေ့ဆရာတော်ကြီး၏ ရုပ်ကလာပ်တော်အား ယနေ့ စက်တင်ဘာ ၂၀ ရက်နံနက်ပိုင်းတွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးတို့က ဖူးမြှော်ကြည်ညိုခဲ့ကြသည်။ ထို့ပြင် ချမ်းမြေ့ရိပ်သာများ၏ ပဓာနနာယက ဆရာ တော်ဘုရားကြီးအမှူးပြုသည့် ဆရာတော်ကြီးများအားဖူမြော်ကြည်ညိုရာ ဗဟန်းမြို့နယ်၊ တိပိဋက မဟာဝိသုဒ္ဓါရုံကျောင်း၊ တိုက်အုပ်ဆရာတော်က ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိဈာပနပူဇာသဘင်ကျင်းပမည့် အစီအစဉ်လျာထားမှုကိုရှင်းလင်းမိန့်ကြားတော်မူခဲ့သည်။ ထို့နောက် နိုင်ငံတော်သမ္မတက ယခုကဲ့သို့ ပြည်တွင်း/ပြည်ပသာသနာပြုလုပ်ငန်းများတွင် စွမ်းစွမ်းတမံသာသနာ့တာဝန်များဆောင်ရွက်လျက်ရှိသည့် သာသနာ့အာဇာနည်ဆရာတော်ကြီးတစ်ပါးဆုံးရှုံးရခြင်းကြောင့်...

ပြည်တွင်း/ပြည်ပသာသနာပြု မြန်မာဘာသာကျမ်းစာ (၃၄)အုပ်နှင့် အင်္ဂလိပ်ဘာသာကျမ်းစာ(၁၀)အုပ်တို့ကိုရေးသားပြုစုတော်မူခဲ့သည့် ချမ်းမြေ့ဆရာတော်ကြီး၏ ထေရုပ္ပတ္တိတော်

ချမ်းမြေ့ရိပ်သာဆရာတော်ကြီးအလောင်းလျာကို မြန် မာသက္ကရာဇ် ၁၂၉၀ ပြည့်နှစ်၊ ဝါခေါင်လဆန်း(၈)ရက်၊ အင်္ဂါနေ့တွင် မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ ပျဉ်းမကျေးရွာ၌ ခမည်းတော် ဦးဖြူမင်း၊ မယ်တော် ဒေါ်ရွှေရည်တို့မှဖွားမြင်တော်မူခဲ့သည်။ ၁၃၀၅ ခုနှစ်၊ တန်ခူးလဆန်း ၅ ရက်တွင် တောင်တွင်းကြီးမြို့၊ တောရဗိမာန်ကျောင်းဆရာတော် ဘဒ္ဒန္တမာလာဝံသကို ဥပဇ္ဈယ်ပြု၍ မိဘနှစ်ပါးတို့၏ ပစ္စယာနုဂ္ဂဟကိုခံယူကာ ရှင်သာမဏေအဖြစ်ရောက်ရှိခဲ့ပြီး ၁၃၀၉ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၅ ရက်တွင် တောင်တွင်းကြီးမြို့၊ တောရဗိမာန်ကျောင်းတိုက်၊ ခဏ္ဍသိမ်၌ ဆရာတော် ဘဒ္ဒန္တပဒုမကို ဥပဇ္ဈယ်ပြု၍ တောင်တွင်းကြီးမြို့၊ ရွှေအိုးရပ်၊ ကုန်သည်ကြီး...

ခင်နှင်းဝေ တက်ဂ်ဘောပြိုင်ပွဲ ရွှေတံဆိပ်ဆွတ်ခူး၊ စပိန်ဂန္တဝင် ပူယိုးလ် လာရောက်အားပေး

မြန်မာအားကစားမယ် ခင်နှင်းဝေသည် စက်တင်ဘာ ၂၀ ရက်က ယှဉ်ပြိုင်ခဲ့သည့် တက်ဂ်ဘော (Teqball) အမျိုးသမီးတစ်ဦးချင်း ဗိုလ်လုပွဲတွင် အင်ဒိုနီးရှားကစားသမား ဆူမာယာကို ၂ ပွဲ ၁ ပွဲဖြင့် အနိုင်ယူကာ ရွှေတံဆိပ်ဆု ဆွတ်ခူးနိုင်ခဲ့သည်။ အဆိုပါဗိုလ်လုပွဲကို ဘာစီလိုနာနှင့် စပိန်လက်ရွေးစင်အသင်းတို့၏ ဂန္တဝင်နောက်ခံကစားသမား ကားလက်စ် ပူယိုးလ် (Carles Puyol) ကိုယ်တိုင် လာရောက်ကြည့်ရှုအားပေးခဲ့သည်။ ခင်နှင်းဝေသည် ဗိုလ်လုပွဲ ပထမပွဲတွင် ၁၀-၁၂ ဖြင့် ရှုံးနိမ့်ခဲ့သော်လည်း ဒုတိယနှင့် တတိယပွဲတို့တွင် ၁၂-၈၊ ၁၂-၉ ရလဒ်များဖြင့် ပြန်လည်အနိုင်ယူနိုင်ခဲ့ကာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071