Friday, August 14, 2026

အင်းစိန်မြို့နယ်တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှော လူနာများအတွက် သီးသန့်လူနာတင်ယာဉ်...

ရန်ကုန်၊ ဩဂုတ် ၁၄ ရန်ကုန်မြို့အတွင်း လတ်တလော ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှုများရှိနေသဖြင့် အင်းစိန်မြို့နယ်အတွင်း ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် ကျန်းမာရေးအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း အင်းစိန်မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ထံမှ သိရသည်။ ထို့ပြင်...

အမရပူရ ရေဘေးသင့်ပြည်သူ ၉၅၀ အတွက်...

မန္တလေး၊ ဩဂုတ် ၁၄ မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်၊ တလင်းကြီးကျေးရွာအုပ်စု၊ ဝဲကြီးဆင်ရွာကျေးရွာရှိ ယာယီရေဘေးရှောင်စခန်းမှ ရေဘေးသင့်အိမ်ထောင်စု ၂၉၅ စု၊ လူဦးရေ ၉၅၀ အတွက်...

မြန်မာ-ဘယ်လာရုစ် အမျိုးသမီးရေးရာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နည်းပညာပူးပေါင်းဆောင်ရွက်မှု...

နေပြည်တော်၊ ဩဂုတ် ၁၄ မြန်မာနှင့် ဘယ်လာရုစ် နှစ်နိုင်ငံအကြား အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး၊ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ အပါအဝင် အမျိုးသမီးရေးရာကဏ္ဍ၌ အနာဂတ်ပူးပေါင်းဆောင်ရွက်မှုများ...

အမြန်လမ်း ၁၁၅ မိုင် DENKO...

ဖြူး၊ ဩဂုတ် ၁၄ ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၁၁၅ မိုင်ရှိ DENKO ဖြူး ဆီဆိုင်တွင် ရွှေထည်ပစ္စည်းများပါဝင်သည့် ရွှေထုပ်တစ်ထုပ် ကောက်ရထားကြောင်း ဆီဆိုင်ဘက်က...
HomeNewsLocal Newsမြန်မာ-ဗီယက်နမ် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု...

မြန်မာ-ဗီယက်နမ် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ဆွေးနွေး

နေပြည်တော်၊ ဩဂုတ် ၁၄

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့် မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံ သံအမတ်ကြီး H.E. Mr. Nguyen Anh Duc တို့သည် ဩဂုတ် ၁၃ ရက် မွန်းလွဲပိုင်းက နေပြည်တော်၌ တွေ့ဆုံ၍ နှစ်နိုင်ငံ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံစဉ် မြန်မာနှင့် ဗီယက်နမ်နိုင်ငံတို့သည် အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်သည့်အလျောက် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုကို အခြေခံ၍ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ငန်းများတွင် ဆက်လက်လက်တွဲ ပူးပေါင်းဆောင်ရွက်သွားရေး ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် နှစ်နိုင်ငံအကြား ပြည်ဝင်ဗီဇာနှင့် နေထိုင်ခွင့်ဆိုင်ရာ ကိစ္စရပ်များ အပြန်အလှန်ခွင့်ပြုဆောင်ရွက်ပေးနေမှု၊ မြန်မာနိုင်ငံအတွင်း တရားမဝင်ဝင်ရောက်လာပြီး ဖော်ထုတ်ဖမ်းဆီးရမိသည့် ဗီယက်နမ်နိုင်ငံသားများအနက် ကူညီကယ်တင်ပေးရန် ညှိနှိုင်းထားသူများကို နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုအရ အရေးယူခြင်းမပြုဘဲ ပြည်နှင်လွှဲပြောင်းပေးခဲ့မှုတို့နှင့်ပတ်သက်၍ အမြင်ချင်းဖလှယ်ခဲ့ကြသည်။

အလားတူ အွန်လိုင်းငွေကြေးလိမ်လည်မှုဖြစ်စဉ်များနှင့် ဆက်နွှယ်၍ အရေးယူခံရကာ ပြစ်ဒ-ဏ်ကျခံနေသည့် ဗီယက်နမ်နိုင်ငံသားများ၏ အခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြသည်။

ယင်းအပြင် ဗီယက်နမ်နိုင်ငံသားများ မြန်မာနိုင်ငံသို့ တရားဝင်လမ်းကြောင်းမှ လာရောက်နိုင်ရေးနှင့် တရားမဝင် ဝင်ရောက်မှုများ မဖြစ်ပေါ်စေရေးအတွက် သက်ဆိုင်ရာဘက်မှ အသိပညာပေးမှုများ ဆောင်ရွက်ထားရန် လိုအပ်သည့်ကိစ္စရပ်များကိုလည်း နှစ်ဖက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အင်းစိန်မြို့နယ်တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှော လူနာများအတွက် သီးသန့်လူနာတင်ယာဉ် စီစဉ်ထား၊ ၂၄ နာရီ အကူအညီတောင်းခံနိုင်

ရန်ကုန်၊ ဩဂုတ် ၁၄ ရန်ကုန်မြို့အတွင်း လတ်တလော ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှုများရှိနေသဖြင့် အင်းစိန်မြို့နယ်အတွင်း ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် ကျန်းမာရေးအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း အင်းစိန်မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ထံမှ သိရသည်။ ထို့ပြင် နေအိမ်များတွင် ရောဂါလက္ခဏာများ ဖြစ်ပေါ်လာပါက ဆေးကုသမှု အချိန်မီခံယူနိုင်ရေးအတွက် ပြင်းထန်ဝမ်းပျက်ဝမ်းလျှော လူနာများ ပို့ဆောင်ရန် သီးသန့်လူနာတင်ယာဉ် စီစဉ်ထားပြီး ၂၄ နာရီပတ်လုံး ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်း အသိပေးထားသည်။ အရေးပေါ်လူနာတင်ယာဉ် အကူအညီလိုအပ်ပါက ဖုန်း 09 970 025 002 သို့ ၂၄ နာရီ ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်း အင်းစိန်မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့က...

အမရပူရ ရေဘေးသင့်ပြည်သူ ၉၅၀ အတွက် စားနပ်ရိက္ခာထောက်ပံ့၊ ရေကြီးမှုနောက်ဆက်တွဲ ရောဂါအန္တရာယ် အထူးသတိပြုရန် တိုက်တွန်း

မန္တလေး၊ ဩဂုတ် ၁၄ မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်၊ တလင်းကြီးကျေးရွာအုပ်စု၊ ဝဲကြီးဆင်ရွာကျေးရွာရှိ ယာယီရေဘေးရှောင်စခန်းမှ ရေဘေးသင့်အိမ်ထောင်စု ၂၉၅ စု၊ လူဦးရေ ၉၅၀ အတွက် ငွေကျပ် ၇၈ သိန်းတန်ဖိုးရှိ တစ်ပတ်စာ ဆန်ရိက္ခာဖိုးငွေနှင့် အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ အဆိုပါ ယာယီရေဘေးရှောင်စခန်းသို့ သွားရောက်၍ ရေဘေးသင့်ပြည်သူများနှင့် တွေ့ဆုံကာ တစ်ပတ်စာ ဆန်ရိက္ခာဖိုးငွေ၊ ခေါက်ဆွဲခြောက်၊ ငါးသေတ္တာနှင့် ကြက်ဥတို့ကို ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်သည်။ တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ရာသီဥတုပြောင်းလဲမှုနှင့်...

မြန်မာ-ဘယ်လာရုစ် အမျိုးသမီးရေးရာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နည်းပညာပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် ဆွေးနွေး

နေပြည်တော်၊ ဩဂုတ် ၁၄ မြန်မာနှင့် ဘယ်လာရုစ် နှစ်နိုင်ငံအကြား အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး၊ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ အပါအဝင် အမျိုးသမီးရေးရာကဏ္ဍ၌ အနာဂတ်ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်မြှင့်တင်နိုင်ရေး ဆွေးနွေးခဲ့ကြောင်း သိရသည်။ အမျိုးသမီးရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ဇင်နှင့် မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် ဘယ်လာရုစ်သမ္မတနိုင်ငံ Belaya Rus ပါတီဥက္ကဋ္ဌ Ms. Olga Chemodanova ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံစဉ် ယင်းကဲ့သို့ ဆွေးနွေးခဲ့ခြင်းဖြစ်သည်။ တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံတွင် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေး နိုင်ငံတော်အဆင့် မဟာဗျူဟာစီမံကိန်း (National Strategic...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071