ယခုနှစ် မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲဝင် အသင်းသစ်တစ်ခုဖြစ်သည့် ရတနာပုံအ မျိုးသမီးအက်ဖ်စီအသင်းသည် သတင်းများထွက်ပေါ်နေသည့်အတိုင်း မြန်မာ့လက်ရွေးစင် ထိပ်တန်းတိုက်စစ်မှူး ဝင်းသိင်္ဂီထွန်းကို ခေါ်ယူလိုက်ပြီဖြစ်ကြောင်း တရားဝင်သတင်းထုတ်ပြန်ခဲ့သည်။
ယခုနှစ် အမျိုးသမီးလိဂ်ပြိုင်ပွဲတွင် အား သွန်ခွန်စိုက်ယှဉ်ပြိုင်နိုင်ရန် ပြင်ဆင်နေသည့် ရတနာပုံအသင်းအနေဖြင့် လက် ရွေးစင်တိုက်စစ်မှူး ဝင်းသိင်္ဂီထွန်းကို အသင်းခေါင်းဆောင်အဖြစ် တာဝန်ပေးအပ်ကာ ခေါ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဝင်းသိင်္ဂီထွန်းသည် ရတနာပုံအသင်းတွင် ကျောနံပါတ် (၇)ကို ဝတ်ဆင်ကစားသွားမည်ဖြစ်ကြောင်းလည်း သိရသည်။
ဝင်းသိင်္ဂီထွန်းသည် မြန်မာ့အမျိုးသမီးဘောလုံးလောကတွင် အအောင်မြင်ဆုံးနှင့် ဂိုးသွင်းအများဆုံးသွင်းယူသည့် ထိပ် တန်းတိုက်စစ်မှူးတစ်ဦးလည်းဖြစ်သည်။
သူမသည် ပြည်တွင်းအမျိုးသမီးလိဂ် အင်အားကြီးကလပ်တစ်ခုဖြစ်သည့် မြဝတီအမျိုးသမီးအသင်းနှင့်အတူ ပြည် တွင်းလိဂ်ချန်ပီယံဆုများနှင့် ဂိုးသွင်းဘုရင်ဆုများကို အကြိမ်ကြိမ် ဆွတ်ခူးရရှိထားသူ ဖြစ်သည်။
ထို့အပြင် မြန်မာအမျိုးသမီးဘောလုံးသ မားများထဲတွင် ပြည်ပကလပ်များဖြစ်ကြသည့် အိန္ဒိယကလပ် Gokulam Kerala၊ ထိုင်းကလပ် College of Asian Scholars (CAS) အသင်းတို့တွင် သွား ရောက်ကစားကာ ချန်ပီယံဆုများနှင့် ဂိုးသွင်းဘုရင်ဆုများကိုပါ အရယူနိုင်ခဲ့သည့် ပြည်ပထွက်ကစားခွင့်ရ အောင်မြင်သော ကစားသမားတစ်ဦးလည်း ဖြစ် သည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းကြီးတွင်လည်း ရေရှည် အဓိကတိုက်စစ်မှူးအဖြစ် တာဝန်ယူကာဆီးဂိမ်းပြိုင်ပွဲများနှင့် အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲများတွင် မြန်မာအသင်း အောင်မြင်မှုများရရှိစေရန် အဆုံးအဖြတ်ဂိုးများစွာ သွင်းယူပေးထားသည့် ဝါရင့်ကစား သမားတစ်ဦးဖြစ်သည်။