Thursday, June 25, 2026

တိုင်းနှင့် ပြည်နယ်ရေကူးပြိုင်ပွဲ ရန်ကုန်တိုင်းအသင်း စုပေါင်းတံခွန်စိုက်ဆုဖလားဆွတ်ခူး

ရန်ကုန်မြို့၌ ဇွန် ၂၄ ရက်နှင့် ဇွန် ၂၅ ရက်တို့ကကျင်းပသည့် ၂၀၂၆ ခုနှစ် တိုင်းနှင့်ပြည် နယ်ရေကူးပြိုင်ပွဲတွင် စုပေါင်းတံခွန်စိုက်ဆုဖလားကို ရန်ကုန်တိုင်းအသင်းကဆွတ်ခူးခဲ့ကြောင်း...

အာဆီယံ ယူ-၁၉ အမျိုးသမီးဖူဆယ်ပြိုင်ပွဲအတွက် ပြင်ဆင်မှုများ...

နိုင်ငံတကာပြိုင်ပွဲများတွင် ရလဒ်ကောင်းများရရှိနိုင်ရေး ဆောင်ရွက်မည် မြန်မာနိုင်ငံတွင် ဖူဆယ်အားကစား ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတကာပြိုင်ပွဲများ၌ အောင်မြင်မှုပိုမိုရရှိစေရေးအတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)၏ ဖူဆယ်နှင့် သဲသောင်ပြင်ဘောလုံးကော်မတီ အစည်းအဝေး (၁/၂၀၂၆) ကို...

ဖားကန့်မြို့၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးမှုကြုံတွေ့နေရဆဲ...

ကချင်ပြည်နယ်၊ ဖားကန့်မြို့၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံဖြစ်နေကာ ရေကြီးမှုသည် လေးရက်နီးပါး ကြာမြင့်လာပြီ ဖြစ်ကြောင်း သိရသည်။ “မြို့ပေါ် ရပ်ကွက် ငါးခုလုံး ဖြစ်နေတာပါ”...

မုတ်သုံလေ အားကောင်းနေ၍ ဒေသအချို့တွင် မိုးကြီးနိုင်ကြောင်း...

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းလျက်ရှိသဖြင့် ရန်ကုန်တိုင်းဒေသကြီးအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အများစုတွင် မိုးထစ်ချုန်းရွာသွန်းနိုင်ပြီး ဒေသအချို့၌ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဇွန်...
HomeNewsLocal Newsမြန်မာအနုပညာနှင့် ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးအသင်းနှင့် ယူနန်ပြည်နယ်...

မြန်မာအနုပညာနှင့် ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးအသင်းနှင့် ယူနန်ပြည်နယ် ပရဟိတအဖွဲ့တို့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး

မြန်မာအနုပညာနှင့် ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးအသင်း (MACA)နှင့် ယူနန်ပြည်နယ် ပရဟိတအဖွဲ့ဖြစ်သော Yunnan Overseas Chinese Charity Foundation(YOCCF)တို့ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်းကို အောက်တိုဘာ ၁၄ ရက်နေ့က ရန်ကုန်မြို့တွင်ကျင်းပခဲ့ကြောင်း သိရသည်။

နှစ်နိုင်ငံယဉ်ကျေးမှုများ ပိုမိုဖလှယ်နိုင်စေရေးအတွက် ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးအသင်းသည် နှစ်နိုင်ငံယဉ်ကျေးမှုများ ပိုမိုဖလှယ်နိုင်စေရေးအတွက် မြန်မာနိုင်ငံရှိယဉ်ကျေးမှုပွဲတော်များနှင့် ယူနန်ပြည်နယ်ရှိ ယဉ်ကျေးမှုပွဲတော်များတွင် အပြန်အလှန်ဖိတ်ကြား၍ အတူတကွပါဝင်ဆင်နွှဲနိုင်စေရန် ကြိုးပမ်းဆောင်ရွက်ခြင်း၊ မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အနုပညာနှင့် သက်ဆိုင်သော ကဏ္ဍအသီးသီးမှ ပညာရှင်များနှင့် ယူနန်ပြည်နယ်ရှိ ယဉ်ကျေးမှုနှင့် အနုပညာကဏ္ဍအသီးသီးမှ ပညာရှင်များအားတွေ့ဆုံစေ၍ အပြန်အလှန်ယဉ်ကျေးမှုများ ဖလှယ်နိုင်စေရန် ကြိုးပမ်းဆောင်ရွက်ခြင်းများ၌ ပူးပေါင်းဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ထိုပြင် မြန်မာ့ရိုးရာယဉ်ကျေးမှု အနုပညာနှင့် သက်ဆိုင်သော ကဏ္ဍအသီးသီးမှ ပညာရှင်များနှင့် ယူနန်ပြည်နယ်ရှိ ယဉ်ကျေးမှုအနုပညာကဏ္ဍအသီးသီးမှ ပညာရှင်များကို တွေ့ဆုံစေ၍အပြန်အလှန် ယဉ်ကျေးမှုများဖလှယ်နိုင်စေရန် ကြိုးပမ်းဆောင်ရွက်ခြင်းစသည့် ရည်ရွယ်ချက်များဖြင့် ပူးပေါင်းဆောင်ရွက်ရန် လက်မှတ်ရေးထိုးခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာအနုပညာနှင့် ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးအသင်းဥက္ကဋ္ဌနှင့် Yunnan Overseas Chinese Charity Foundation(YOCCF) ဥက္ကဋ္ဌတို့ နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ခြင်းလည်း ဖြစ်သည်။

အဆိုပါ Yunnan Overseas Chinese Charity Foundation သည် အောက်တိုဘာ ၉ ရက်မှ ၁၄ ရက်အထိ ရန်ကုန်မြို့ သင်္ဃန်းကျွန်း စံပြဆေးရုံတွင် နှုတ်ခမ်းကွဲ အာခေါင်ကွဲကလေးငယ်များကို အခမဲ့ခွဲစိတ်ကုသပေးခဲ့ကြောင်းလည်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တိုင်းနှင့် ပြည်နယ်ရေကူးပြိုင်ပွဲ ရန်ကုန်တိုင်းအသင်း စုပေါင်းတံခွန်စိုက်ဆုဖလားဆွတ်ခူး

ရန်ကုန်မြို့၌ ဇွန် ၂၄ ရက်နှင့် ဇွန် ၂၅ ရက်တို့ကကျင်းပသည့် ၂၀၂၆ ခုနှစ် တိုင်းနှင့်ပြည် နယ်ရေကူးပြိုင်ပွဲတွင် စုပေါင်းတံခွန်စိုက်ဆုဖလားကို ရန်ကုန်တိုင်းအသင်းကဆွတ်ခူးခဲ့ကြောင်း သိရသည်။ ရန်ကုန်တိုင်းအသင်းက အမျိုးသားတံခွန်စိုက်ဆုဖလားကို ရမှတ်(၁၂၅)မှတ်၊ အမျိုးသမီးတံခွန်စိုက်ဆုဖလားကို ရမှတ်(၁၂၈)မှတ်တို့ဖြင့်ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်ပြီး တာဝန်ရှိသူများက ဆုဖလား၊ ဆုတံဆိပ်များ၊ ဆုကြေးငွေများကိုပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။ ထို့ပြင် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒု-ဥက္ကဋ္ဌနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒု-ဝန်ကြီးဦးညီညီအပါအဝင် တာဝန်ရှိသူများက ပြိုင်ပွဲအမျိုးအစားအလိုက်ဆုရရှိကြသည့် အားကစားသမားများအား ဆုတံဆိပ်နှင့် ငွေသားဆုများကိုပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

အာဆီယံ ယူ-၁၉ အမျိုးသမီးဖူဆယ်ပြိုင်ပွဲအတွက် ပြင်ဆင်မှုများ ဆွေးနွေး

နိုင်ငံတကာပြိုင်ပွဲများတွင် ရလဒ်ကောင်းများရရှိနိုင်ရေး ဆောင်ရွက်မည် မြန်မာနိုင်ငံတွင် ဖူဆယ်အားကစား ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတကာပြိုင်ပွဲများ၌ အောင်မြင်မှုပိုမိုရရှိစေရေးအတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)၏ ဖူဆယ်နှင့် သဲသောင်ပြင်ဘောလုံးကော်မတီ အစည်းအဝေး (၁/၂၀၂၆) ကို ဇွန် ၂၅ ရက် နံနက်ပိုင်းက MFF Futsal Stadium ရှိ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။ ဆွေးနွေးမှုများအတွင်း ဖူဆယ်ပြိုင်ပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရေး၊ ဖူဆယ်လက်ရွေးစင်အသင်းများ နိုင်ငံတကာပြိုင်ပွဲများတွင် ရလဒ်ကောင်းများရရှိနိုင်ရေး၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ဖူဆယ်အားကစား ပိုမိုဖွံ့ဖြိုးလာစေရေးတို့ကို အဓိကထား ဆွေးနွေးခဲ့ကြသည်။ ထို့အပြင် အာဆီယံ အမျိုးသမီး ယူ-၁၉...

ဖားကန့်မြို့၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးမှုကြုံတွေ့နေရဆဲ ဖြစ်

ကချင်ပြည်နယ်၊ ဖားကန့်မြို့၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံဖြစ်နေကာ ရေကြီးမှုသည် လေးရက်နီးပါး ကြာမြင့်လာပြီ ဖြစ်ကြောင်း သိရသည်။ “မြို့ပေါ် ရပ်ကွက် ငါးခုလုံး ဖြစ်နေတာပါ” ဟု မြို့ခံတစ်ဦးက ပေါ်ပြူလာနယူးစ်ကို ပြောသည်။ ဥရုချောင်းရေကြီးမှုကြောင့် ရေဝင်ရောက်မှုသည် အေးမြသာယာ၊ ငှက်ပျောတော၊ မြို့မကျောက်ဝိုင်း၊ မှော်ဝမ်းနှင့် မရှီကထောင် စသည့် မြို့ပေါ်ရပ်ကွက်များအထိ ရေဝင်ရောက်ခဲ့ခြင်းဖြစ်သည်။ “ညပိုင်းကနေ မိုးကထပ်ရွာပြန်တော့ ဒီကနေ့အထိ ရွာနေတုန်းပါပဲ။ ရေက အများကြီးမကျနိုင်ဘူးဖြစ်နေတယ်” ဟုလည်း မြို့ခံတစ်ဦးက ထပ်လောင်းပြောကြားခဲ့သည်။ ယင်းကဲ့သို့ရေကြီးမှုသည် ဇွန်လ ၂၁ ရက်နေ့မှ စတင်ခဲ့ပြီး ယနေ့အထိ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071