Thursday, June 11, 2026

၁၀ ကြိမ်မြောက် တရုတ်–တောင်အာရှ ကုန်စည်ပြပွဲတွင်...

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့၌ ကျင်းပနေသည့် ၁၀ ကြိမ်မြောက် တရုတ်–တောင်အာရှ ကုန်စည်ပြပွဲ (China-South Asia Expo) တွင် မြန်မာ့ကျောက်စိမ်း...

သီပေါမြိုနယ်အတွင်း ၂၄ နာရီ ဖုန်းလိုင်းများ...

ဆက်သွယ်ရေးဝန်ဆောင်မှု လည်ပတ်နိုင်ရန်အတွက် တစ်ရက်လျှင် ကျပ်သိန်း ၁၁၀ ကျော်သုံးစွဲနေရ သီပေါမြို့နယ်အတွင်း ဆက်သွယ်ရေးဝန်ဆောင်မှုများ လုံလောက်စွာမရရှိသေးသည့် အခြေအနေများရှိနေပြီး ဆက်သွယ်ရေးဝန်ဆောင်မှု လည်ပတ်နိုင်ရန်အတွက် တစ်ရက်ကို ကျပ်သိန်း...

ဒေသ(၁၀)ခုတွင် မိုးရွာသွန်းမြဲထက်ပိုနိုင်ပြီး ချင်းတွင်းမြစ်ရေ (၁၁)ပေအထိ...

၂၀၂၆ ခုနှစ် ဇွန်လ ဒုတိယ(၁၀)ရက်ပတ်အတွင်း ဒေသ(၁၀)ခုတွင် မိုးရွာသွန်းမှုသည် ရွာသွန်းမြဲထက်ပိုနိုင်ပြီး ချင်းတွင်းမြစ်ရေမှာလည်း လက်ရှိရေမှတ်အထက် (၁၁)ပေအထိ မြင့်တက်လာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက...

အိုဆာကာမြို့တွင် ကျင်းပမည့် BENKEI FIGHT...

ဂျပန်နိုင်ငံ၊ အိုဆာကာ (Osaka) မြို့တွင် ကျင်းပမည့် BENKEI FIGHT လက်ဝှေ့ပွဲစဉ်တွင် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာ့လက်ရွေးစင် ကစားသမားများနှင့် တာဝန်ရှိသူများသည် ယမန်နေ့ညနေပိုင်းက...
HomeNewsLocal Newsမြန်မာနိုင်ငံက တရုတ်နိုင်ငံ GACC...

မြန်မာနိုင်ငံက တရုတ်နိုင်ငံ GACC မှခွင့်ပြုထားသော ဆန်၊ ကော်ဖီ၊ ရော်ဘာနှင့် ပင်လယ်စာစသည့် အ ရည်အသွေးမြင့်ထုတ်ကုန်များတင်ပို့ရန်အသင့်ရှိနေဟု နန်နင်းမြို့ မြန်မာကောင်စစ်ဝန်ချုပ်ပြော

မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံ၊ အကောက်ခွန်အ ထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့(GACC)မှခွင့်ပြုထားသော ဆန်၊ ကော်ဖီ၊ ရော်ဘာနှင့် ပင်လယ်စာစသည့် အရည်အသွေးမြင့်ထုတ်ကုန်များတင်ပို့ရန်အ သင့်ရှိနေသည်ဟု နန်နင်းမြို့ မြန်မာကောင်စစ်ဝန်ချုပ်ဒေါ်ခိုင်စုလင်းက ပြောကြားခဲ့ကြောင်း သိရသည်။

နန်နင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးကကြီးမှူး၍ နှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများတိုးချဲ့မြှင့်တင်နိုင်ရေးအတွက် “တရုတ်(ကွမ်ရှီး)-မြန်မာကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးပွဲနှင့် စီးပွားရေးလုပ်ငန်းများ ချိတ်ဆက်ခြင်း ၂၀၂၆”အား ဇွန် ၉ ရက်တွင် နန်နင်း အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းနှင့် ပြပွဲဗဟိုဌာန(NICEC) ၌ ကျင်းပစဥ် ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံအစိုးရသစ်သည် ဦးစားပေးပို့ကုန်များကို နှစ်ဆတိုးမြှင့်ရန်ရည်မှန်းထားပြီး တရုတ်နိုင်ငံနှင့် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများတိုးချဲ့လိုကာ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၊ သတ္တုတူးဖော်ရေး၊ စက်မှုဇုန်များ၊ e-bike တပ်ဆင်ထုတ်လုပ်ရေး၊ ဆောက်လုပ်ရေးပစ္စည်းများနှင့် ဉာဏ်ရည်တု(AI)ကဏ္ဍများ၌ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများကို ဖိတ်ခေါ်လျက်ရှိသည်ဟု ပြောကြားခဲ့သည်။

ထို့ကြောင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီး ပွားရေးလုပ်ငန်းများ(MSMEs)နှင့် လယ်ယာစိုက်ပျိုးရေးကိုကိုယ်စားပြုသော ကိုယ်စားလှယ်များအနေဖြင့် မိမိတို့၏ ထုတ်ကုန်များကို ယုံကြည်မှုရှိရှိတင်ပြရန်နှင့် ပူးပေါင်းဆောင်ရွက်မှုများအတွက် တံခါးဖွင့်ထားကြရန် မြန်မာကောင်စစ်ဝန်ရုံးမှလည်း အပြည့်အဝပံ့ပိုးကူညီသွားမည်ဟုလည်း ပြောကြားခဲ့သည်။

ထို့ပြင် မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ စီးပွားရေးသံမှူးက မြန်မာနိုင်ငံ၏လက်ရှိ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ၊ မြန်မာစီးပွားရေးလုပ်ငန်းရှင်များနှင့် တရုတ်စီးပွားရေးလုပ်ငန်းရှင်များက  ၎င်းတို့၏ထုတ်ကုန်ပစ္စည်းများ၊ စီမံကိန်းများနှင့် ရင်းနှီးမြှုပ်နှံလိုသည်များ၊ နန်နင်းအကောက်ခွန်ဌာနက နှစ်နိုင်ငံကုန်သွယ်မှုအတွက် အရေးပါသော ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး၊ ဈေးကွက်ဝင်ရောက်ခွင့်နှင့် အကောက်ခွန်စည်းမျဉ်းစည်းကမ်းပိုင်းဆိုင်ရာများကိုရှင်းလင်းပြောကြားခဲ့ကြပြီးနောက် စီးပွားရေးလုပ်ငန်းအချင်းချင်း(B2B)ချိတ် ဆက်မှုအဖြစ် နှစ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များက တိုက်ရိုက်ဆွေးနွေးမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

၁၀ ကြိမ်မြောက် တရုတ်–တောင်အာရှ ကုန်စည်ပြပွဲတွင် မြန်မာ့ကျောက်စိမ်း လေလံပွဲ ပထမဆုံးအကြိမ် နိုင်ငံပြင်ပ၌ ကျင်းပ

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့၌ ကျင်းပနေသည့် ၁၀ ကြိမ်မြောက် တရုတ်–တောင်အာရှ ကုန်စည်ပြပွဲ (China-South Asia Expo) တွင် မြန်မာ့ကျောက်စိမ်း (Myanmar Jade) ကို အထူးပြခန်းတစ်ခုအဖြစ် ထည့်သွင်းပြသထားပြီး မြန်မာ့ကျောက်စိမ်း လေလံပွဲကို နိုင်ငံပြင်ပ၌ ပထမဆုံးအကြိမ် ကျင်းပသွားမည်ဖြစ်ကြောင်း ပြပွဲစီစဉ်သူများထံမှ သိရသည်။ Hall-7 ၌ ဖွင့်လှစ်ထားသည့် Myanmar Jade Auction Pavilion တွင် လုပ်ငန်း ၁၈ ခုမှ တင်ပြထားသည့် ကျောက်စိမ်းအကြမ်းထည်နှင့် အချောထည် လက်ဝတ်ရတနာ...

သီပေါမြိုနယ်အတွင်း ၂၄ နာရီ ဖုန်းလိုင်းများ ဆက်သွယ်နိုင်ရန် ဆောင်ရွက်ပေးရန် ရှိမရှိ လွှတ်တော်တွင် မေးမြန်း

ဆက်သွယ်ရေးဝန်ဆောင်မှု လည်ပတ်နိုင်ရန်အတွက် တစ်ရက်လျှင် ကျပ်သိန်း ၁၁၀ ကျော်သုံးစွဲနေရ သီပေါမြို့နယ်အတွင်း ဆက်သွယ်ရေးဝန်ဆောင်မှုများ လုံလောက်စွာမရရှိသေးသည့် အခြေအနေများရှိနေပြီး ဆက်သွယ်ရေးဝန်ဆောင်မှု လည်ပတ်နိုင်ရန်အတွက် တစ်ရက်ကို ကျပ်သိန်း ၁၁၀ ကျော်သုံးစွဲနေရကြောင်း သီပေါမြို့နယ် ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးကောင်းထက်စံက ပြောကြားခဲ့သည်။ ယနေ့ကျင်းပသည့် တတိယအကြိမ်ပြည်သူလွှတ်တော် ဒုတိယ ပုံမှန်အစည်းဝေး ဆဌမနေ့တွင် ဦးကောင်းထက်စံက သီပေါမြို့နယ် ၂၄ နာ၇ီ ဖုန်းလိုင်းများဆက်သွယ်နိုင်ရန် ဆောင်ရွက်ပေးဖို့ ရှိမရှိ မေးခွန်းမေးမြန်းစဉ် ထည့်သွင်းပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။ ယနေ့ခေတ် ဒီဂျစ်တယ်နည်းပညာ ဖွံ့ဖြိုးတိုးတက်လျက်ရှိသည့် ကာလမှာ ဆက်သွယ်ရေးကဏ္ဍဟာ နိုင်ငံတော်ဖွံဖြိုးတိုးတက်ရေးအတွက် အခြေခံအဆောက်အုံတစ်ရပ်ဖြစ်သလို...

ဒေသ(၁၀)ခုတွင် မိုးရွာသွန်းမြဲထက်ပိုနိုင်ပြီး ချင်းတွင်းမြစ်ရေ (၁၁)ပေအထိ မြင့်တက်နိုင်

၂၀၂၆ ခုနှစ် ဇွန်လ ဒုတိယ(၁၀)ရက်ပတ်အတွင်း ဒေသ(၁၀)ခုတွင် မိုးရွာသွန်းမှုသည် ရွာသွန်းမြဲထက်ပိုနိုင်ပြီး ချင်းတွင်းမြစ်ရေမှာလည်း လက်ရှိရေမှတ်အထက် (၁၁)ပေအထိ မြင့်တက်လာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းထုတ်ပြန်ထားသည်။ ဇွန်လ ဒုတိယ(၁၀)ရက်ပတ်အတွင်း ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်ဝန်း တစ်ကြိမ်ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။ နေပြည်တော်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဧရာဝတီတိုင်း၊ ကချင်၊ ကယား၊ ကရင်၊ မွန်နှင့် ရှမ်းပြည်နယ်တို့တွင် မိုးရွာသွန်းမြဲထက် ပိုမိုရွာသွန်းနိုင်ကြောင်း ခန့်မှန်းထားသည်။ ရခိုင်ပြည်နယ်တွင် ရွာသွန်းမြဲအောက် လျော့နည်းနိုင်ပြီး မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ တနင်္သာရီတိုင်းနှင့် ချင်းပြည်နယ်တို့တွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071