Friday, May 16, 2025

ရှမ်းယူနိုက်တက် အသင်းခေါင်းဆောင် ထက်မြက်လွင်အား (၃)...

Yangon Royals အသင်းသည် လာမည့်မြန်မာနေရှင်နယ်လိဂ်-၂ ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုအနေဖြင့် မြန်မာယူ - ၁၉ အသင်းနှင့် ရှမ်းယူနိုက်တက် ယူ-၂၁ အသင်းခေါင်းဆောင်...

မိုးရာသီကာလ အဖြစ်များသည့် ရာသီတုပ်ကွေးရောဂါကာကွယ်ခြင်းဆိုင်ရာ အသိပညာပေးနှိုးဆော်

မိုးရာသီကာလအဖြစ်များသည့် ရာသီတုပ်ကွေးရောဂါ ကာကွယ်ခြင်းဆိုင်ရာ အသိပညာပေးမှုကို ပြည်သူကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေး အသိပညာမြှင့်တင်ရေးဌာနခွဲက နှိုးဆော်ခြင်းထားသည်။ အဆိုပါ တုပ်ကွေးရောဂါ ဗိုင်းရပ်စ်ပိုးသည် အသက်ရှုလမ်းကြောင်းမှတဆင့် ကူးစက်တတ်ပြီး၊ နှာချေ...

ကသာမြို့မီးဘေးသင့်အိမ်ထောင်စုများ ထောက်ပံ့

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးခန်းမတွင် မေလ (၁၅)ရက်နံနက်ပိုင်းက မီးဘေးသင့်အိမ်ထောင်စုများအတွက် ကယ်ဆယ်ရေးပစ္စည်း၊ အိမ်ဆောက်ပစ္စည်းနှင့် ဆန်ရိက္ခာဖိုးများ ထောက်ပံ့ခဲ့ကြောင်း သိရသည်။ ကသာမြို့၊ မြောက်ပိုင်းရပ်ကွက်၊...

ပေါ်တူဂီနည်းပြ ပေါ်လိုဆေးလ်ဗားအား ရခိုင်ယူနိုက်တက်အသင်း နည်းပြချုပ်အဖြစ်...

ပေါ်တူဂီ နည်းပြပေါ်လိုဆေးလ်ဗားအား ရခိုင်ယူနိုက်တက်အသင်းက နည်းပြချုပ်အဖြစ် ပြန်လည်ခန့်အပ်လိုက်ပြီဖြစ်ကြောင်း တရားဝင် အသိပေးထားသည်။ လက်ရှိ ယှဥ်ပြိုင်လျက်ရှိသော MNL League Cup 2025 ပြိုင်ပွဲ၀င်...
HomeNewsLocal Newsမြန်မာငွေ တန်ဖိုးဆက်တိုက်ကျဆင်းကာ ...

မြန်မာငွေ တန်ဖိုးဆက်တိုက်ကျဆင်းကာ (၁) ဒေါ်လာ ၃၇၀၀ အထိ စံချိန်တင်မြင့်တက်ကာ ‌ရွှေဈေး (၃၂) သိန်းဝန်းကျင်အထိရောက်ရှိ

မြန်မာငွေ တန်ဖိုးဆက်တိုက်ကျဆင်းကာ  (၁) ဒေါ်လာ ၃၇၀၀ အထိ စံချိန်တင်မြင့်တက်ကာ ‌ရွှေဈေး (၃၂) သိန်းဝန်းကျင်အထိရောက်ရှိ

၂၀၀၁ အာဏာထိမ်းပြီး​နောက်ပိုင်းတွင် မြန်မာကျပ်ငွေ တန်ဖိုး တစတစကျဆင်းလာရာမှ ယခုလပိုင်းအတွင်း စံ ချိန်တင် ကျဆင်းသွားကာ ဒေါ်လာတန်ဖိုးမှာ စံချိန်တင်မြင့်တက်သွားပြီး ရွှေဈေးနှုန်းမှာလည်း သိန်း(၃၀) ကျော်အထိ ရောက်ရှိသွားကြောင်း သိရသည်။

ယနေ့ ဩဂုတ်လ (၃၀) ရက် ဈေးကွက်အတွင်း အရောင်း အဝယ်ဖြစ်သည့် ပေါက်ဈေးများအရ အမေရိကန် (၁) ဒေါ် လာလျင် မြန်မာငွေ (၃၇၀၀) ကျပ်အထိ ဈေးပေါက်နေပြီး အကယ်ဒမီ မီးလင်းရွှေ (၁) ကျပ်သားလျင် (၃၂) သိန်းဝန်းကျင်အထိ ရှိကြောင်း ပြည်တွင်း ဈေးကွက်ထံမှ သိရသည်။

အဆိုပါ ဒေါ်လာဈေးနှုန်း မြင့်မားလာခြင်းသည် တိုင်းပြ ည် ၏ စီးပွားရေး ကဏ္ဍအတွက် အထွေထွေအကြပ်အတည်းကို ပိုမိုရိုက်ခတ်နိုင်ပြီး အစိုးရအနေဖြင့် ယင်းအ ကြပ်အတည်းကို အရေးပေါ် ဖြေရှင်းရန် လိုအပ်ကြောင်း စီးပွားရေး ကျွမ်းကျင်သူများက သုံးသပ်ကြသည်။

” ခင်ဗျား ကျွန်တော်ပြောမယ်။ အခုဟာက အားလုံးဒုက္ခဖြစ်နိုင်တဲ့အ​ခြေ​နေမျိုး​ဖြစ်လာနိုင်တယ်။ စီးပွားရေး သမားတွေ အကုန်လုံး အကြပ်ရိုက်ကုန်ပြီ။ အထူးသဖြင့် သွင်းကုန်သမားတွေ အထိနာမယ်။ အထိနာရင် သူတို့က ရပ်ကုန်မှာဗျာ။ ပြည်တွင်းမှာ ဘာအရင်းအမြစ်ရှိသလဲ။ စက်သုံးဆီ ပြည်ပက ဝယ်ရတယ်။ ဓာတ်မြေဩဇာ ပြည် ပက သွင်းရတယ်။ ဆေးဝါး ပြည်ပက သွင်းရတယ်။ တခြား ပြည်ပက သွင်းနေရတာတွေ အများကြီးပဲဗျာ။ နေ့ စဉ် သွင်းနေရတာနော်။ နေ့စဉ် သန်းနဲ့ချီ အရှုံးခံပြီး ဘယ်သူသွင်းမလဲ ။ မထိန်းချုပ်နိုင်ရင်တော့ သွားမှာပဲ” ဟု ပြ ည်တွင်း စီးပွားရေးလုပ်ငန်းရှင် တစ်ဦးက ပေါ်ပြူလာနယူး(စ်) သို့ ပြောသည်။

နစက အ​နေဖြင့် ပို့ကုန်သွင်းကုန် ကဏ္ဍကို ထိန်းချုပ်မှုများ လုပ်ဆောင်ခဲ့ပြီး နိုင်ငံခြားငွေ ကိုင်ဆောင်မှုအပေါ် တင်းကြပ်သည့် ထိန်းချုပ်မှုများ လု ပ်ဆောင်ခဲ့ရာမှ ဒေါ်လာဈေးနှုန်း အဆမတန် မြင့်တက်လာခြင်း ဖြစ်သည်။

လက်ရှိတွင် ဗဟိုဘဏ်က အမေရိကန် (၁) ဒေါ်လာလျင် (၂၁၀၀) ကျပ် ရည်ညွန်းဈေး သတ် မှတ်ထားပြီး အဆိုပါ ရည်ညွှန်းဈေးနှင့် (၃) ရာခိုင်နှုန်းသာ ကွာဟရောင်းဝယ်ရန် ညွှန်ကြားထားခြင်း ဖြစ်သည်။

ယင်းသို့ သတ်မှတ်ထားသော်လည်း ဈေးကစားမှုများနှင့် ကျပ်ငွေတန်ဖိုး ကျဆင်းမှုကို ထိန်းချုပ်နိုင်ခြင်း မရှိသည့် အတွက် ဒေါ်လာဈေးနှုန်း မြင့်တက်မှုမှာ လပိုင်းအတွင်း (၁၀၀၀) ကျော်အထိ ရောက်ရှိသွားခြင်း ဖြစ်သည်။

“ဒီနေ့ ဒေါ်လာစျေးကတော့  ၃၆၀၀ ကျပ် နဲ့ ပိတ်သွားတယ်။ အချို့အလုပ်​တွေက စောင့်ကြည့်ကြမည့်အ နေအထားဖြစ်နေပါတယ်။ ကျ​နော်တို့လိုသွင်းကုန်သမား​တွေက​တော့ ကိုယ့်​ဖောက်သည်​တွေကိုလည်း ​စျေးကြီးနဲ့ မနစ်နာ​စေချင်ဘူး။ နှစ်ဖက် မိတ်ပျက်လည်းမခံချင်​တော့ ခန​တော့ ရပ်ရင်း ​စောင့်ကြည့်လိုက်ဦးမယ်” ဟု စီးပွားရေး လုပ်ငန်းရှင် တစ်ဦးက ပေါ်ပြူလာနယူး(စ်) သို့ ပြောသည်။

ဩဂုတ်လ (၂၉) ရက်ကလည်း ပြည်ပပို့ကုန်သမားများ ၏ လက်ထဲက ဒေါ်လာ (၁၉) သန်းကို အစိုးရထံ အမြန်ဆုံး လွှဲပြောင်းပေးဖို့ ညွှန်ကြားချက်တစ်ရပ် ထုတ်ပြန်ခဲ့ပြီး အချိန်လွန်ကိုင်ဆောင်ထားပါက နိုင်ငံခြားငွေ စီမံခန့်ခွဲမှုစည်မျဉ်များအရ အရေးယူမည်ဟုလည်း ပြောကြားထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရှမ်းယူနိုက်တက် အသင်းခေါင်းဆောင် ထက်မြက်လွင်အား (၃) နှစ်စာချုပ်ဖြင့် Yangon Royals အသင်းခေါ်ယူ

Yangon Royals အသင်းသည် လာမည့်မြန်မာနေရှင်နယ်လိဂ်-၂ ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုအနေဖြင့် မြန်မာယူ - ၁၉ အသင်းနှင့် ရှမ်းယူနိုက်တက် ယူ-၂၁ အသင်းခေါင်းဆောင် ထက်မြက်လွင်အား (၃)နှစ် စာချုပ်ဖြင့် ခေါ်ယူလိုက်ပြီဖြစ်သည်။ အသက် (၂၁)နှစ်အရွယ် ထက်မြတ်လွင်သည် မန္တလေးအကယ်ဒမီမှ ထွက်ပေါ်ခဲ့သည့် လူငယ်လက်ရွေးစင် ကစားသမားတစ်ဦးဖြစ်ပြီး ဧရာဝတီတိုင်း ၊ ဒေးဒရဲမြို့ဇာတိဖွား တစ်ဦးဖြစ်သည်။ ၎င်းသည် ကွင်းလယ်မှ တို-က်စစ်ကို ဖော်ဆောင်ရာတွင် အကောင်းမွန်ဆုံး ပံ့ပိုးပေးနိုင်သူဖြစ်သလို ယခုနှစ် လူငယ်လိဂ်တွင် ရှမ်းယူနိုက်တက်လူငယ်အသင်းနှင့်အတူ အကောင်းဆုံးခြေစွမ်းပြ ကစားထားကာ ပွဲစဉ် (၃)ပွဲတွင်...

မိုးရာသီကာလ အဖြစ်များသည့် ရာသီတုပ်ကွေးရောဂါကာကွယ်ခြင်းဆိုင်ရာ အသိပညာပေးနှိုးဆော်

မိုးရာသီကာလအဖြစ်များသည့် ရာသီတုပ်ကွေးရောဂါ ကာကွယ်ခြင်းဆိုင်ရာ အသိပညာပေးမှုကို ပြည်သူကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေး အသိပညာမြှင့်တင်ရေးဌာနခွဲက နှိုးဆော်ခြင်းထားသည်။ အဆိုပါ တုပ်ကွေးရောဂါ ဗိုင်းရပ်စ်ပိုးသည် အသက်ရှုလမ်းကြောင်းမှတဆင့် ကူးစက်တတ်ပြီး၊ နှာချေ ချောင်းဆိုးတိုင်း ပါးစပ်နှင့် နှာခေါင်းကို လုံအောင်ဖုံးအုပ်ရန်နှင့် လက်ကိုစနစ်တကျဆေး၍ လူစုလူဝေး ရှောင်ကြဉ်ရန်လိုအပ်ကြောင်း တိုက်တွန်းထားသည်။ ထို့ပြင် ရာသီတုပ်ကွေးရောဂါကို ပြင်းထန်စွာခံစားရနိုင်သည့် ကိုယ်ဝန်ဆောင်မိခင်များ၊ ကလေးသူငယ်များ၊ သက်ကြီးပုဂ္ဂိုလ်များ၊ နာတာရှည်ရောဂါ ခံစားနေရသူများနှင့် ရောဂါကူးစက်ခံရနိုင်ခြေများသည့် ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ရာသီတုပ်ကွေးရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းကိုနှစ်စဉ် ခံယူကြရန်လည်း တိုက်တွန်းထားသည်။ ထို့ကြောင့် မိုးရာသီကာ ရာသီတုပ်ကွေးကူစက်ခံရပါက နီးစပ်ရာ ဆေးရုံဆေးပေးခန်းများနှင့်...

ကသာမြို့မီးဘေးသင့်အိမ်ထောင်စုများ ထောက်ပံ့

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးခန်းမတွင် မေလ (၁၅)ရက်နံနက်ပိုင်းက မီးဘေးသင့်အိမ်ထောင်စုများအတွက် ကယ်ဆယ်ရေးပစ္စည်း၊ အိမ်ဆောက်ပစ္စည်းနှင့် ဆန်ရိက္ခာဖိုးများ ထောက်ပံ့ခဲ့ကြောင်း သိရသည်။ ကသာမြို့၊ မြောက်ပိုင်းရပ်ကွက်၊ အောင်သပြေလမ်းရှိ နံကပ်တစ်ထပ်ဂိုထောင်မှ ဆိုလာဘက်ထရီ အပူလွန်ကဲရာမှ မီးလေ-ာင်မှု မေလ (၁၂) ရက် ညနေ (၄)နာရီခွဲက ဖြစ်ပွားရာ လူနေအိမ် (၄) လုံး မီးလေ-ာင်ဆုံးရှုံးခဲ့ကြောင်းသိရသည်။ ကသာမြို့ မီးဘေးသင့်ပြည်သူများအတွက် နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်သည့် ကယ်ဆယ်ရေး ပစ္စည်းများ၊ အိမ်ဆောက်ပစ္စည်းများနှင့် ဆန်ဖိုးရိက္ခာများ စုစုပေါင်း (၇၁၀,၀၀၀)ကျပ် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း ကသာခရိုင်ဘေးအန္တရာယ်ဆိုင်ရာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071