Friday, August 7, 2026

အများပြည်သူတောင်းဆိုမှုကြောင့် မန္တလေးအိုးပုတ်ပွဲတော်ကို နှစ်ရက်ကျင်းပမည်

မန္တလေးမြို့၏ အထင်ကရဒေသဓလေ့ရိုးရာပွဲတော်တစ်ခုဖြစ်သည့် အိုးပုတ်ပွဲတော်ကို အများပြည်သူ၏ တောင်းဆိုမှုများကြောင့် ယခုနှစ်မှစတင်ကာ နှစ်ရက်ကြာ တရားဝင်ကျင်းပသွားမည်ဖြစ်ကြောင်း ပွဲတော်ကျင်းပရေးကော်မတီနှင့် နီးစပ်သည့်အသိုက်အဝန်းထံမှ သိရသည်။ ယခင်နှစ်များက အိုးပုတ်ပွဲတော်ကို ဝါခေါင်လဆန်း...

ငဝန်တာတမံ အရေးပေါ်ထိန်းသိမ်းရေးလုပ်ငန်းအတွက် တပ်မတော်၊မီးသတ်နှင့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များ...

ဧရာဝတီတိုင်းဒေသကြီး၊ ငဝန်တာတမံ၏ မြစ်ကျိုးအင်း သဲကြောမှ ရေအောက်လှိုင်ခင်းသည့် ထူးပေါက်မှု (Sand Boil/Piping) ကြောင့် တာတမံ နိမ့်ကျဆုန့်ဝင်ကာ မြစ်ရေကျော်စီးဝင်နေခြင်းကို အမြန်ဆုံး...

မြန်မာ-ထိုင်း အပြန်အလှန်ကုန်သွယ်မှုပုံစံသည် ဒေသတွင်းတန်ဖိုးကွင်းဆက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိ...

မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့၏ နှစ်နိုင်ငံအပြန်အလှန်ကုန်သွယ်မှုအရေးပါခြင်းနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ သြဂုတ် ၆ ရက်မွန်း လွဲပိုင်းတွင် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့၊ Queen...

EV ယာဉ်ထုတ်လုပ်ရေးအပါအဝင် ကဏ္ဍစုံတွင် လာရောက်ရင်းနှီးမြှုပ်နှံရန်...

ဗန်ကောက်၊ ဩဂုတ် ၆ သဘာဝအရင်းအမြစ်များ ကြွယ်ဝပေါများပြီး စီးပွားရေးအလားအလာကောင်းများရှိသည့် မြန်မာနိုင်ငံ၌ EV ယာဉ်ထုတ်လုပ်ရေးအပါအဝင် ကဏ္ဍစုံတွင် လာရောက်ရင်းနှီးမြှုပ်နှံကြရန် ထိုင်းစီးပွားရေးလုပ်ငန်းရှင်များကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က...
HomeInternationalမြန်မာခရီးစဉ် တိုးတက်မှု အဆင့်တဆင့်ရခဲ့တယ်လို့...

မြန်မာခရီးစဉ် တိုးတက်မှု အဆင့်တဆင့်ရခဲ့တယ်လို့ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးပြောဆို

မြန်မာခရီးစဉ် တိုးတက်မှု အဆင့်တဆင့်ရခဲ့တယ်လို့ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးပြောဆို

မြန်မာနိုင်ငံကို ၂ရက်ကြာ အလုပ်သဘောလာရောက်ခဲ့တဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ ခရီးစဉ်နဲ့ ပတ်သတ်ပြီး ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်လေဆိပ်မှာ ဒီကနေ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ကမ္ဘောဒီးယားနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး Sokhonn က မြန်မာခရီးစဉ် တိုးတက်မှုအဆင့်တဆင့်ရခဲ့တယ်လို့ ပြောဆိုသွားတဲ့အကြောင်း VOAသတင်းဌာနကဖော်ပြပါတယ်။

ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး Prak Sokhonn က“မြန်မာခေါင်းဆောင်နဲ့ ဒီစေ့စပ်ညှိနှိုင်းမှုအတွင်း ကျနော်တို့ရခဲ့တာက အာဆီယံခေါင်းဆောင်တွေ သဘောတူထားတဲ့ ငါးချက်ပါ ဘုံသဘောထားကို အကောင်အထည်ဖော်ရေး တိုးတက်တဲ့ အဆင့်တဆင့်နဲ့အတူ သိပ်ကောင်းတဲ့ အပြုသဘောဆောင် ရလဒ်တခု ဖြစ်ပါတယ်” လို့ ဝန်ကြီး Sokhonn က ပြောတဲ့အကြောင်း VOAသတင်းဌာနကဖော်ပြပါတယ်။

မြန်မာနိုင်ငံကနေ ဒီကနေ့ ပြန်သွားတဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ကမ္ဘောဒီးယားလေဆိပ်ကို ရောက်လျှင်ရောက်ပြီး မကြာခင်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။

ဝန်ကြီး Sokhonn ပြောဆိုသွားတဲ့အထဲ စေ့စပ်ညှိနှိုင်းမှုတွေရဲ့ တိုးတက်မှုနဲ့ ဒီလို သဘောတူညီချက်မျိုးတွေကို ကန့်ကွက်သူ ဘယ်သူမဆိုဟာ စစ်ပွဲကို လိုလားသူတွေ၊ မြန်မာနိုင်ငံ ပြန်ပြီး တည်ငြိမ်အေးချမ်းလာတာကို မတွေ့မြင်ချင်သူတွေသာ ဖြစ်တယ်လို့ တုံ့ပြန်သွားတာရှိပါတယ်။

နောက်ပြီး ဝန်ကြီးချုပ် ဟွန်ဆန်ဟာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဆွေးနွေးပွဲအတွင်း ဖမ်းဆီး တရားစွဲဆိုထားတဲ့ သြစတြေးလျ စီးပွားရေးပညာရှင် Sean Turnell နဲ့ ပတ်သက်ပြီးတော့လည်း ပြောဆိုခဲ့တယ်လို့ ဝန်ကြီး Sokhonn က ပြောပါတယ်။

သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Marise Payne ရဲ့ ပန်ကြားချက်အရ Sean Turnell နဲ့ပတ်သက်လို့ ပြောဆိုခဲ့တာမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က Sean Turnell အပေါ် စွဲဆိုထားတဲ့အမှု တရားရုံးရဲ့ စစ်ဆေးစီရင်မှု အဆုံးသတ်တဲ့အခါ သူ့အနေနဲ့ စဉ်းစားမယ်လို့ တုံ့ပြန်ခဲ့ကြောင်းနဲ့ ဝန်ကြီးချုပ်ဟွန်ဆန်ဆီကို သတင်းကောင်းနဲ့ ပြန်ဆက်သွယ်ပါ့မယ်လို့ ကတိပေးခဲ့တဲ့အကြောင်း ဝန်ကြီး Sokhonn က ပြောခဲ့တယ်လို့ VOAသတင်းဌာနကဖော်ပြပါတယ်။

Zaw Gyi

ျမန္မာခရီးစဥ္ တိုးတက္မႈ အဆင့္တဆင့္ရခဲ့တယ္လို႔ ကေမာၻဒီးယား ႏိုင္ငံျခားေရးဝန္ႀကီးေျပာဆို

ျမန္မာႏိုင္ငံကို ၂ရက္ၾကာ အလုပ္သေဘာလာေရာက္ခဲ့တဲ့ ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္ ဟြန္ဆန္ရဲ႕ ခရီးစဥ္နဲ႔ ပတ္သတ္ၿပီး ကေမာၻဒီးယားႏိုင္ငံ၊ ဖႏြမ္းပင္ေလဆိပ္မွာ ဒီကေန႔ ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲအတြင္း ကေမာၻဒီးယားႏိုင္ငံ ႏိုင္ငံျခားေရး ဝန္ႀကီး Sokhonn က ျမန္မာခရီးစဥ္ တိုးတက္မႈအဆင့္တဆင့္ရခဲ့တယ္လို႔ ေျပာဆိုသြားတဲ့အေၾကာင္း VOAသတင္းဌာနကေဖာ္ျပပါတယ္။

ကေမာၻဒီးယား ႏိုင္ငံျခားေရးဝန္ႀကီး Prak Sokhonn က“ျမန္မာေခါင္းေဆာင္နဲ႔ ဒီေစ့စပ္ညႇိႏႈိင္းမႈအတြင္း က်ေနာ္တို႔ရခဲ့တာက အာဆီယံေခါင္းေဆာင္ေတြ သေဘာတူထားတဲ့ ငါးခ်က္ပါ ဘုံသေဘာထားကို အေကာင္အထည္ေဖာ္ေရး တိုးတက္တဲ့ အဆင့္တဆင့္နဲ႔အတူ သိပ္ေကာင္းတဲ့ အျပဳသေဘာေဆာင္ ရလဒ္တခု ျဖစ္ပါတယ္” လို႔ ဝန္ႀကီး Sokhonn က ေျပာတဲ့အေၾကာင္း VOAသတင္းဌာနကေဖာ္ျပပါတယ္။

ျမန္မာႏိုင္ငံကေန ဒီကေန႔ ျပန္သြားတဲ့ ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္ ကေမာၻဒီးယားေလဆိပ္ကို ေရာက္လွ်င္ေရာက္ၿပီး မၾကာခင္မွာ ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ ေျပာဆိုသြားခဲ့တာျဖစ္ပါတယ္။

ဝန္ႀကီး Sokhonn ေျပာဆိုသြားတဲ့အထဲ ေစ့စပ္ညႇိႏႈိင္းမႈေတြရဲ႕ တိုးတက္မႈနဲ႔ ဒီလို သေဘာတူညီခ်က္မ်ိဳးေတြကို ကန႔္ကြက္သူ ဘယ္သူမဆိုဟာ စစ္ပြဲကို လိုလားသူေတြ၊ ျမန္မာႏိုင္ငံ ျပန္ၿပီး တည္ၿငိမ္ေအးခ်မ္းလာတာကို မေတြ႕ျမင္ခ်င္သူေတြသာ ျဖစ္တယ္လို႔ တုံ႔ျပန္သြားတာရွိပါတယ္။

ေနာက္ၿပီး ဝန္ႀကီးခ်ဳပ္ ဟြန္ဆန္ဟာ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္နဲ႔ ေဆြးေႏြးပြဲအတြင္း ဖမ္းဆီး တရားစြဲဆိုထားတဲ့ ၾသစေၾတးလ် စီးပြားေရးပညာရွင္ Sean Turnell နဲ႔ ပတ္သက္ၿပီးေတာ့လည္း ေျပာဆိုခဲ့တယ္လို႔ ဝန္ႀကီး Sokhonn က ေျပာပါတယ္။

ၾသစေၾတးလ် ႏိုင္ငံျခားေရးဝန္ႀကီး Marise Payne ရဲ႕ ပန္ၾကားခ်က္အရ Sean Turnell နဲ႔ပတ္သက္လို႔ ေျပာဆိုခဲ့တာမွာ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က Sean Turnell အေပၚ စြဲဆိုထားတဲ့အမႈ တရား႐ုံးရဲ႕ စစ္ေဆးစီရင္မႈ အဆုံးသတ္တဲ့အခါ သူ႔အေနနဲ႔ စဥ္းစားမယ္လို႔ တုံ႔ျပန္ခဲ့ေၾကာင္းနဲ႔ ဝန္ႀကီးခ်ဳပ္ဟြန္ဆန္ဆီကို သတင္းေကာင္းနဲ႔ ျပန္ဆက္သြယ္ပါ့မယ္လို႔ ကတိေပးခဲ့တဲ့အေၾကာင္း ဝန္ႀကီး Sokhonn က ေျပာခဲ့တယ္လို႔ VOAသတင္းဌာနကေဖာ္ျပပါတယ္။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071