Saturday, April 18, 2026

ကြို့ပင်ကောက်မြို့နယ်မှ လေဘေးသင့်အိမ်ထောင်စု (၇၀၀)ခန့်အတွက် အိမ်ဆောက်ပစ္စည်းဖိုးများထောက်ပံ့ပေး

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်တွင် ဧပြီ ၁၇ ရက်ည နေပိုင်းက မိုးရွာသွန်းပြီးလေပြင်းတိုက်ခတ်မှုကြောင့် ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်းနှင့် လူနေအိမ်များ အမိုးလန်ပြိုလဲပျက်စီးခြင်းများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ ထိုသို့ ဖြစ်ပေါ်မှုကြောင့်...

အမေရိကန်၏ ‘ပင်လယ်ဓားပြလုပ်ရပ်’ ကြောင့် ဟော်မုဇ်ရေလက်ကြားကို...

အီရန်ဆိပ်ကမ်းများကို အမေရိကန်က ဆက်လက်ပိတ်ဆို့ထားမှုကြောင့် ဟော်မုဇ်ရေလက်ကြားကို ထိန်းချုပ်မှုသည် ယခုအခါ "ယခင် (ပိတ်ဆို့ထားသည့်) အခြေအနေသို့ ပြန်လည်ရောက်ရှိသွားပြီ" ဖြစ်ကြောင်း အစ္စလာမ္မစ် တော်လှန်ရေး...

ဗုဒ္ဓမြတ်စွယ်တော်ကိန်းဝပ်ရာ ပေကျင်းမြို့၊ လင်ကွန်းကျောင်းတိုက်၌ နှစ်သစ်ကူးအထိမ်းအမှတ်တရားနာယူ၊...

မြန်မာသံရုံး၊ ပေကျင်းမြို့မှ ပေကျင်းမြို့၊ လင်ကွန်းကျောင်းတိုက်၌ မြန်မာ့ရိုးရာနှစ်သစ်ကူးအထိမ်းအမှတ်တရားနာယူခြင်းနှင့် စတုဒိသာကျွေးမွေးခြင်းကို ဧပြီ ၁၇ ရက်ကပြုလုပ်ရာ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးဇော်ဝင်းမြင့်နှင့်ဇနီး၊ စစ်သံမှူးဗိုလ်မှူးချုပ်ဇော်ဇော်နိုင်နှင့်ဇနီး၊ တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။ ကြွရောက်တော်မူလာကြသည့်...

ဗန်ကောက်မြို့ရှိ မြန်မာသံရုံးတွင် မြန်မာ့ရိုးရာနှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော်...

ထိုင်းနိုင်ငံရှိ မြန်မာသံရုံး၊ ဗန်ကောက်မြို့တွင် မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ် မြန်မာ့ရိုးရာနှစ်သစ်ကူးကို ကြိုဆိုသည့် မဟာသင်္ကြန် ရေသဘင်ပွဲတော် အခမ်းအနားကို ဧပြီ ၁၃...
HomeNewsLocal Newsမော်လမြိုင်-ရန်ကုန်ကားလမ်းတွင် ကြက်ဥတင်ကားအရှိန်မထိန်းနိုင်ဘဲ တံတားဘောင်ကိုဝင်တိုက်...

မော်လမြိုင်-ရန်ကုန်ကားလမ်းတွင် ကြက်ဥတင်ကားအရှိန်မထိန်းနိုင်ဘဲ တံတားဘောင်ကိုဝင်တိုက် (၂)ဦးဒဏ်ရာရ

မွန်ပြည်နယ်၊ သထုံမြို့နယ်ရှိ မော်လမြိုင်-ရန်ကုန်သွားကားလမ်းပေါ်ရှိ သာယာကုန်းတံတားဘောင်အား ကြက်ဥများတင်လာသော(၆)ဘီးကားမှ အရှိန်မထိန်းနိုင်ဘဲဝင်တိုက်မိခဲ့မှု ယနေ့ သြဂုတ် ၂၉ ရက်နံနက် ၈ နာရီခွဲခန့်ကဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့် ဒေသခံလူမှုကူညီရေးအသင်းဝင်များထံမှ သိရသည်။

မော်လမြိုင်-ရန်ကုန်သွားကားလမ်း ကြက်ဥများတင်၍မောင်းနှင်လာသော (၆)ဘီးကားသည် သထုံမြို့နယ်၊ သာယာကုန်းကျေးရွာရှိ သာယာကုန်းတံ တားဘောင်အား အရှိန်မထိန်းနိုင်ဘဲဝင်တိုက်မိကာ ကားမောင်းသူနှင့် လိုက်ပါလာသူတို့မှာကားအတွင်းညပ်နေသဖြင့် သထုံမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံလူမှုကူညီရေးအသင်းဝင်များက ကယ်ထုတ်မှုများပြု လုပ်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ ကယ်ထုတ်ခဲ့ကြပြီးနောက် ထိခိုက်ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိထားသဖြင့် မြေပြင်ကုသမှုများပြုလုပ်ပေးခဲ့ကြပြီးနောက် ပီတိနှလုံးသားပိုင်ရှင်လူ မှုကူညီရေးအသင်းမှ သထုံခရိုင်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကြို့ပင်ကောက်မြို့နယ်မှ လေဘေးသင့်အိမ်ထောင်စု (၇၀၀)ခန့်အတွက် အိမ်ဆောက်ပစ္စည်းဖိုးများထောက်ပံ့ပေး

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်တွင် ဧပြီ ၁၇ ရက်ည နေပိုင်းက မိုးရွာသွန်းပြီးလေပြင်းတိုက်ခတ်မှုကြောင့် ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်းနှင့် လူနေအိမ်များ အမိုးလန်ပြိုလဲပျက်စီးခြင်းများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ ထိုသို့ ဖြစ်ပေါ်မှုကြောင့် နေအိမ်(၅၇)လုံးပြိုလဲပျက်စီးပြီး နေအိမ်(၆၃၉)လုံးအမိုးလန်ကာ ဘုန်းတော်ကြီးကျောင်း(၈)ကျောင်း၊ စာသင်ကျောင်း(၂)ကျောင်း၊ ကျေးလက်ဆေးပေးခန်း(၁)ခန်းတို့ပျက်စီးခဲ့ပြီး အိမ် ထောင်စု(၆၉၆)စုမှ လူဦးရေ(၂,၂၀၅)ဦး လေဘေးသင့်ခဲ့ကြောင်း သိရသည်။ ထို့ကြောင့် လေဘေးသင့်နေအိမ်များအတွက် ပဲခူးတိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းမှ ယနေ့ ဧပြီ ၁၈ ရက်တွင် ဒေသခံများထံသို့ကိုယ်တိုင်သွားရောက်၍ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။

အမေရိကန်၏ ‘ပင်လယ်ဓားပြလုပ်ရပ်’ ကြောင့် ဟော်မုဇ်ရေလက်ကြားကို ထပ်မံပိတ်ဆို့လိုက်ကြောင်း အီရန်ပြောကြား

အီရန်ဆိပ်ကမ်းများကို အမေရိကန်က ဆက်လက်ပိတ်ဆို့ထားမှုကြောင့် ဟော်မုဇ်ရေလက်ကြားကို ထိန်းချုပ်မှုသည် ယခုအခါ "ယခင် (ပိတ်ဆို့ထားသည့်) အခြေအနေသို့ ပြန်လည်ရောက်ရှိသွားပြီ" ဖြစ်ကြောင်း အစ္စလာမ္မစ် တော်လှန်ရေး အစောင့်တပ်ဖွဲ့ (IRGC) က ပြောကြားခဲ့သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကမူ "အီရန်နှင့် ကျွန်ုပ်တို့၏ လုပ်ငန်းစဉ်များ ၁၀၀ ရာခိုင်နှုန်း ပြီးစီးခြင်းမရှိသရွေ့" အမေရိကန်ရေတပ်၏ ပိတ်ဆို့မှုသည် "အရှိန်အဟုန်အပြည့်ဖြင့် ဆက်ရှိနေမည်" ဟု ပြောကြားခဲ့သည်။ "အမေရိကန်ဘက်က ပြောဆိုလုပ်ကိုင်ခဲ့တာတွေကို ကြည့်ရင် ဒါက အံ့သြစရာတော့ မဟုတ်ပါဘူး။ အမေရိကန်ရဲ့ ထုတ်ပြန်ချက်တွေက ရှုပ်ထွေးနေပါတယ်။”ဟု ကာတာနိုင်ငံ...

ဗုဒ္ဓမြတ်စွယ်တော်ကိန်းဝပ်ရာ ပေကျင်းမြို့၊ လင်ကွန်းကျောင်းတိုက်၌ နှစ်သစ်ကူးအထိမ်းအမှတ်တရားနာယူ၊ စတုဒိသာကျွေးမွေး

မြန်မာသံရုံး၊ ပေကျင်းမြို့မှ ပေကျင်းမြို့၊ လင်ကွန်းကျောင်းတိုက်၌ မြန်မာ့ရိုးရာနှစ်သစ်ကူးအထိမ်းအမှတ်တရားနာယူခြင်းနှင့် စတုဒိသာကျွေးမွေးခြင်းကို ဧပြီ ၁၇ ရက်ကပြုလုပ်ရာ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးဇော်ဝင်းမြင့်နှင့်ဇနီး၊ စစ်သံမှူးဗိုလ်မှူးချုပ်ဇော်ဇော်နိုင်နှင့်ဇနီး၊ တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။ ကြွရောက်တော်မူလာကြသည့် ဆရာတော်များမှ တရားဒေသနာတော်များရွတ်ဆိုပူဇော်ပေးပြီး သံအမတ်ကြီးနှင့်ဇနီး၊ တာဝန်ရှိသူများက အလှူတော်ငွေနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြပြီး သံအမတ်ကြီးမှ နှစ်သစ်ကူးဆုတောင်းစကားပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာကြသူများအား မြန်မာ့ရိုးရာအစားအစာများဖြစ်သည့် ဆီထမင်း၊ ကြာဇံကြော်၊ သစ်သီးတို့ကို စတုဒိသာအဖြစ်ကျွေးမွေးလှူဒါန်းခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071