ယခုနှစ်မုံရွာသင်္ကြန်ပွဲကို အေးချမ်းသာယာသောသင်္ကြန်အဖြစ်သာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
တစ်နိုင်ငံလုံး ဝမ်းနည်းကြေကွဲနေရသော ကာလဖြစ်သဖြင့် ယခုနှစ် မြန်မာ့ရိုးရာသင်္ကြန်ကို မုံရွာမြို့ အရှေ့ဘက်ကန်သာယာကန်နှင့် အနောက်ဘက်ကန်သာယာ ကန်ကြားမုံရွာ – မန္တလေး ဗိုလ်ချုပ်ကားလမ်းမပေါ်တွင်သာ ကျင်းပမည်ဖြစ်သည်။
ကျင်းပမည့်နေရာတွင် ဗဟိုမဏ္ဍပ်အပြင် ဝန်ကြီးဌာနမဏ္ဍပ်(၄)ခု တည်ဆောက်လျက်ရှိပြီး အဆိုပါ မဏ္ဍပ်များတွင် အပျော်အပါး သီဆိုကခုန်မှုများ မပါဝင်ဘဲ ရိုးရာယဥ်ကျေးမှုနှင့်အညီ အေးချမ်းသာယာသောသင်္ကြန်အဖြစ်သာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိကြုံတွေ့နေရသော ပြင်းထန်သည့် ငလျင်ဘေးအန္တရာယ်ကြောင့် နေပြည်တော်ကောင်စီနယ်မြေ၊ စစ်ကိုင်း၊ ပဲခူး၊ မကွေး၊ မန္တလေးတိုင်းဒေသကြီး နှင့် ရှမ်းပြည်နယ် ရှိပြည်သူအချို့ ေ-သဆုံးဒဏ်ရာရ ထိခိုက်နစ်နာဆုံးရှုံးမှုများ ကြုံတွေ့နေရသည်။
