Sunday, April 19, 2026

ငဖဲမြို့တွင် လျာထားဧကထက်ပို၍ နွေနှမ်းများ စိုက်ပျိုးနိုင်ခဲ့

မကွေးတိုင်း၊ ငဖဲမြို့နယ်တွင် ယခုနှစ် ၂၀၂၆ ခုနှစ် ဒေသတွင်းစားသုံးဆီဖူလုံစေရေးအတွက် နွေနှမ်းစိုက် ပျိုးချိန်၌ လျာထားစိုက်ဧကထက် ပိုမိုကျော်လွန် စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။ "မန်းချောင်း"ရေလှောင်တမံဆည်၊ "ရင်းရှည်"ရေလှောင်တမံဆည်နှင့်...

ပြည်ရွှေဆံတော်စေတီတော်မြတ်ကြီး၌ (၄၈)ကြိမ်မြောက် အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်

ပဲခူးတိုင်း၊ ပြည်မြို့ရှိ ရွှေဆံတော်စေတီတော်မြတ်ကြီး၌ (၄၈)ကြိမ်မြောက် အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲကို ယနေ့ ဧပြီ ၁၉ ရက်နံနက် ၆ နာရီကကျင်းပရာ စေ တီတော်မြတ်ကြီး၏...

တာချီလိတ်မြို့၌ ဧပြီ၊ မေ၊ ဇွန်...

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့၌ ဧပြီ၊ မေ၊ ဇွန် (၃)လ တာအတွက် သုံးစွဲယူနစ်ဓာတ်အားခများကို ပထမအကြိမ်အဖြစ် လျော့ချပြောင်းလဲကောက်ခံသွားမည်ဖြစ်ကြောင်း မြို့မီးလင်းရေးဦးဆောင်ကော်မတီ (လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း)တာချီလိတ်မြို့ထံမှ သိရသည်။ ဧပြီလသုံးစွဲယူနစ်ဓာတ်အားခမှ...
HomeNewsLocal Newsတရုတ်နိုင်ငံတွင် စွန့်ပစ်အမှိုက်မျိုးစုံမှ နှစ်စဉ်လျှပ်စစ်...

တရုတ်နိုင်ငံတွင် စွန့်ပစ်အမှိုက်မျိုးစုံမှ နှစ်စဉ်လျှပ်စစ် ဓာတ်အားယူနစ်သန်းပေါင်း(၁,၂၀၀)ကျော်ခန့် ထုတ်လုပ်သည့်စက်ရုံအား လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်လေ့လာ

တရုတ်နိုင်ငံမှ နည်းပညာဆိုင်ရာအဖွဲ့များ မြန်မာနိုင်ငံသို့စေလွှတ်၍  ကွင်းဆင်းလေ့လာခြင်းများဆောင်ရွက်ပေးရန်ဆွေးနွေး

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကိုလွင်သည် ဧပြီ ၁၈ ရက်က တရုတ်နိုင်ငံ၊ ကွမ်ကျိုးမြို့ရှိ စွန့်ပစ်အမှိုက်မျိုးစုံမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်သည့် GRANDTOP Fushan Circular Economic Industrial Park အား ကြည့်ရှုလေ့လာခဲ့သည်။

ကုမ္ပဏီတာဝန်ရှိသူများက Industrial Park အတွင်း စွန့်ပစ်အမှိုက်မျိုးစုံမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရန် အမှိုက်များအမျိုးအစားခွဲခြား၍ သိမ်းဆည်းခြင်း၊ သယ်ယူပို့ဆောင်ခြင်းဆောင်ရွက်သည့်လုပ်ငန်းစဉ်များ၊ အမှိုက်မှလျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းအ တွက်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်အဆင့်ဆင့်၊ စက်ရုံမှထွက်ရှိလာသည့် လျှပ်စစ်ဓာတ်အားများကို ဓာတ်အားဖြန့်ဖြူးရေးလိုင်းများမှတစ်ဆင့် National Grid သို့ ဖြန့်ဖြူးခြင်းလုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့သည်။

ထို့ပြင် စက်ရုံ၏ Control Room မှ စံသတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ စောင့်ကြည့်ထိန်းကျောင်းခြင်းဆောင်ရွက်နေမှုတို့ကိုလည်း ရှင်းလင်းတင်ပြခဲ့ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးပြီး စက်ရုံသို့စေလွှတ်၍ လေ့လာသင်ကြားပေးနိုင်ရန်နှင့် တရုတ်နိုင်ငံမှ နည်းပညာဆိုင်ရာအဖွဲ့များ မြန်မာနိုင်ငံသို့စေလွှတ်၍  ကွင်းဆင်းလေ့လာခြင်းများဆောင်ရွက်ပေးနိုင်ရန် ဆွေးနွေးပြောကြားခဲ့သည်။

အဆိုပါ GRANDTOP Fushan Circular Economic Industrial Park ရှိ Guangzhou Waste to Energy Power Plant သည် တရုတ်နိုင်ငံတွင် အမှိုက်မှ လျှပ်စစ်ဓာတ်အားထုတ်လုပ်သည့် အကြီးဆုံးစက်ရုံဖြစ်ပြီး စက်စွမ်းအားမှာ နေ့စဉ် အမှိုက်တန်(၉,၃၀၀)၊ နှစ်စဉ်အမှိုက်တန်(၃ ဒသမ ၁)သန်းတို့မှ နှစ်စဉ်လျှပ်စစ်ဓာတ်အား ယူနစ်သန်းပေါင်း(၁,၂၀၀)ကျော်ခန့်ထုတ်လုပ်၍ National Grid သို့ ဖြန့်ဖြူးရောင်းချပေးလျက်ရှိသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

စံချိန်သစ်ရွှေ(၁)နှင့်အတူ ငွေ(၂)၊ ကြေး(၁)ဆုတံဆိပ်များရရှိခဲ့သည့် မြန်မာနိုင်ငံကိုယ်စားပြုပြေးခုန်ပစ်အသင်းပြန်လည်ရောက်ရှိ

စင်ကာပူနိုင်ငံတွင် ဧပြီ ၁၃ ရက်မှ ဧပြီ ၁၇ ရက်အထိ ကျင်းပခဲ့သော 86th Singapore Open Track & Field Championships 2026 ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြုပြေးခုန်ပစ်အသင်းမှ ကစားသမားများသည် စံချိန်သစ်ရွှေတံဆပ်(၁)ခုနှင့်အတူ ငွေ(၂)ခုနှင့် ကြေး (၁)ခုဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။ အောင်ပွဲရမြန်မာနိုင်ငံကိုယ်စားပြုပြေးခုန်ပစ်အသင်းမှ အထွေထွေအတွင်းရေးမှူးဦးကျော်ထူးအောင် ဦးဆောင်၍ နည်းပြ ဦးရှိုင်းအောင်နှင့် ကစားသမား(၄)ဦးသည် ယမန်နေ့ ဧပြီ ၁၈ ရက်ည ၁၀ နာရီခွဲက စင်ကာပူနိုင်ငံမှတစ်ဆင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိလာခဲ့ကြောင်း သိရသည်။ ဆုတံဆိပ်များအား အမျိုးသမီး...

ငဖဲမြို့တွင် လျာထားဧကထက်ပို၍ နွေနှမ်းများ စိုက်ပျိုးနိုင်ခဲ့

မကွေးတိုင်း၊ ငဖဲမြို့နယ်တွင် ယခုနှစ် ၂၀၂၆ ခုနှစ် ဒေသတွင်းစားသုံးဆီဖူလုံစေရေးအတွက် နွေနှမ်းစိုက် ပျိုးချိန်၌ လျာထားစိုက်ဧကထက် ပိုမိုကျော်လွန် စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။ "မန်းချောင်း"ရေလှောင်တမံဆည်၊ "ရင်းရှည်"ရေလှောင်တမံဆည်နှင့် "ဆည်ငယ်"ကန်ငယ်တို့မှပို့လွှတ်သောရေတို့ဖြင့် နွေနှမ်းစိုက်ပျိုးရန်လျာထားသည့် (၁,၁၉၃)ဧကထက် ပိုမိုကျော်လွန်၍ ယနေ့အထိ (၁,၄၄၇)ဧက စိုက်ပျိုးပြီးစီးခဲ့သဖြင့် (၂၅၄)ဧက ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။ စမုန်နက်(၄၀၇)ဧက၊ ဆင်းရတနာ-၁၂ (၃၀၀)ဧက၊ ဆင်းရတနာ-၃ (၅၀)ဧကနှင့် သိပ္ပံနှမ်းနက်(၆၉၀)ဧက စုစုပေါင်း(၁,၄၄၇)ဧက စိုက်ပျိုးပြီးစီးခဲ့ကာ နှမ်းခင်းများအောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

ပြည်ရွှေဆံတော်စေတီတော်မြတ်ကြီး၌ (၄၈)ကြိမ်မြောက် အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်

ပဲခူးတိုင်း၊ ပြည်မြို့ရှိ ရွှေဆံတော်စေတီတော်မြတ်ကြီး၌ (၄၈)ကြိမ်မြောက် အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲကို ယနေ့ ဧပြီ ၁၉ ရက်နံနက် ၆ နာရီကကျင်းပရာ စေ တီတော်မြတ်ကြီး၏ သြဝါဒါစရိယဆရာတော်များကြွရောက်တော်မူခဲ့ကြသည်။ အဆိုပါ ရွှေဆံတော်စေတီတော်မြတ်ကြီး၌ (၄၈)ကြိမ်မြောက် အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲကို ယ နေ့ ဧပြီ ၁၉ ရက်မှ ဧပြီ ၂၄ ရက်အထိ (၅)ရက်တိုင်ကျင်းပပူဇော်သွားမည်ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071