Saturday, May 2, 2026

ဝါးခယ်မမြို့ရှိ စက်သုံးဆီအရောင်းဆိုင်၌ မီးလေ-ာင်မှုဖြစ်

ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့၊ မော်ကျွန်း-ဝါးခယ်မသွားကားလမ်းပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်တစ်ဆိုင်၌ ယနေ့ မေ ၂ ရက်နံနက် ၉ နာရီခွဲခန့်က မီးလေ-ာင်မှုဖြစ်ပွားခဲ့ကြောင်း မီးသ-တ်တပ်ဖွဲ့ထံမှ သိရသည်။ ဝါးခယ်မမြို့၊...

မကွေးတိုင်းအတွင်း၌ ဆိုလာရေတင်စီမံကိန်းအသစ်များဖော်ဆောင်နေ

မကွေးတိုင်းအတွင်းရှိ စိုက်ပျိုးမြေများ၌ စိုက်ပျိုးရေရရှိရေးအတွက် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုငွေလုံးငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆိုလာရေ တင်စီမံကိန်းအသစ်များကိုဖော်ဆောင်လျက်ရှိသည်။ အကျိုးပြုနိုင်မည့်ဧက (၆၀၀) အတွက် ပွင့်ဖြူမြို့နယ်ရှိ လှည်းကြီးရိုးမှ ဆိုလာစနစ်ဖြင့်ဆောင်ရွက်မည့်...

၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ရော်ဘာတန်ချိန်...

ပြီးခဲ့သည့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ပသို့ ရော်ဘာတန်ချိန် (၃)သိန်းခန့် တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ သန်း(၄၀၀)ကျော် ရရှိခဲ့ကြောင်းမြန်မာနိုင်ငံရော်ဘာစိုက်ပျိုး ထုတ်လုပ်ရောင်းချသူများအသင်းမှ သိရသည်။ အဆိုပါရော်ဘာ တန်ချိန်...

မအူပင်မြို့၏ အနက် (၅) ကီလိုမီတာကိုဗဟိုပြု၍...

ဧရာဝတီတိုင်း၊ မအူပင်မြို့၏ အနက် (၅) ကီလိုမီတာကိုဗဟိုပြု၍ အင်အားအနည်းငယ်ရှိသောငလျင်တစ်ခု မေ ၁ ရက်ည ၉ နာရီ ၂၁ မိနစ်...
HomeArticlesမိုးတွင်းဗျိုင်းဖမ်းနည်း

မိုးတွင်းဗျိုင်းဖမ်းနည်း

မိုး ရာသီရောက်ပြီဆို ကျွန် တော်တို့ အောင်ပင်လယ်နဲ့ လယ်ကွက်တွေမှာ ဗျိုင်း ကလေးတွေ ရောက် ရောက် လာတတ်ပါတယ်။ ရာသီရောက်ပြီဆို ကျွန် တော်တို့ အောင်ပင်လယ်နဲ့ လယ်ကွက်တွေမှာ ဗျိုင်း ကလေးတွေ ရောက် ရောက် လာတတ်ပါတယ်။  အဲဒီလို မိုးရွာရွာလယ်ကွက်ထဲ ငါးစောင့် နေကြတဲ့ ခြေတံရှည် ဗျိုင်း ဖြူလေးတွေမြင်တိုင်း ကျွန်တော် ‘သတင်းထောက်ဈာန်ရ’ကို သတိရ မိတာချည်းပါပဲ။ ဒီလိုကဗျာဈာန်ရ သတိရမိပြီဆိုရင်လည်း ဆရာရေး ခဲ့တဲ့ ‘ဗျိုင်းဖမ်းနည်း’ဆိုတဲ့ ဆရာ လက်ရာလေးကိုပါ တွဲတွဲသတိရမိ တယ်။  ကျွန်တော်ဆို ဒီဘက်ခေတ်မှာ ကိုယ့်ကိုယ်ကိုယ် ရသစာရေးဆရာ အဖြစ် လက်မသာ ထောင်နေမိတာ။ အမှန်တော့ ကိုယ့်ရှေ့ဆရာတွေရဲ့ ခြေဖျားတောင် မကပ်နိုင်သေးမှန်း သိပါတယ်။ အခုကျွန်တော် ပြောမယ့် ဆရာဈာန်ရဆိုတာ စာရေးဆရာဆို တဲ့နာမည်တောင် ခံခဲ့တာမဟုတ်ဘူး။ သူကတောင် နာမည်ကိုက ‘သတင်း ထောက်ဈာန်ရ’ တဲ့။ မှတ်မိသလောက် ပြန်ပြောရရင် သတင်းထောက်ဆရာ ဈာန်ရဟာ သတင်း တွေရေးသားတဲ့ အပြင် ‘တိုစိ တိုစိ’ စာသားလေးတွေ လည်း ရေးခဲ့တာ အများကြီးမှ အများကြီး။

ရေးတဲ့စာ တိုစိပေမယ့် အတွေးကတော့ မတိုစိဘူး။ စာက ကျစ်ပြီးလှတာ။ ကျွန်တော်ဆို မရေး တတ်ဘူး။ သူ့စာဖတ်ပြီးတဲ့ လူတိုင်း မပြုံးဘဲမနေနိုင်ဘူး။ သူက ဂလိမထိုး ဘူ။ အောက်ပိုင်းမပြက်ဘူး။  ကျွန်တော်တို့ဒီမိုးတွင်း ဗျိုင်း ဖမ်းနည်းကို ဖတ်ခဲ့၊ ကြိုက်ခဲ့တာ။ နှစ် ပေါင်းသုံးဆယ်ကျော်ခဲ့ပြီ။ ကျွန်တော် က သတိမကောင်း။ မေ့လျော့တတ် သူဖြစ်ပေမယ့် ဒီဆရာရဲ့ ဗျိုင်းဖမ်း နည်းကိုတော့ မမေ့ဘူး။ ဘယ်တော့မှ လည်း မေ့မှာမဟုတ်ဘူး။ ဒီတော့ ဆရာရဲ့ ဗျိုင်းဖမ်းနည်းကို ကျွန်တော် မှတ်မိသလောက်။ ပြီးတော့ ပြော တတ်သလို ပြန်ပြော ကြည့်ပါ့မယ်။ စကားလုံးအသုံးနှုန်း ကွာမှာဖြစ်ပေ မယ့် ဆိုလိုရင်းကတော့ မကွာ ကြောင်း ကျွန်တော် အာမခံပါတယ်။  ဒီလိုပါ …. လယ်ကွင်းထဲကရေစပ်မှာ ငါ့စောင့်နေတဲ့ဗျိုင်းကို မိုးတွင်းမှာ ဖမ်းမယ်ဆိုရင် စိတ် တော့ရှည်ရမယ်။

ခြေသံလုံ ရမယ် ဆိုတဲ့သဘော သတင်းထောက်ဆရာ ဈာန်ရက ရေးပါတယ်။ ပြီး တော့မှ ဒီလိုဆက်နေတယ်။ မိုးကလည်းရွာနေပြီ။ အချိန် ကလည်း လယ်ကွက် ထဲမှ င့ါစောင့်နေ ပြီဆို ရင် ဗျိုင်းဖမ်းမယ့် သူက ခါးတောင်း ကျိုက်ပြီး ဗျိုင်းနောက်က နေခြေသံမကြား အောင် ကပ်သွားပါတဲ့။ အဲဗျိုင်းဖမ်း လူရဲ့လက်ထဲမှာ ဆားထုပ်တစ်ထုပ် လည်း ယူသွားရမယ်တဲ့။

အဲဒီကနေ ဗျိုင်းနဲ့ နီးနီးကပ်ကပ်ရောက်ပြီ ဆိုရင် ဗျိုင်းရဲ့ဦးခေါင်းပေါ် ဆားပုံပေးပါ တဲ့။ အဲသလိုဆားပုံပြီးတော့ ခဏ အကြာ ဆားကမိုးရေနဲ့ထိပြီး ရေက ဗျိုင်းမျက်လုံးထဲ ဝင်ကုန်လိမ့်မယ်။ ဒီအခါ ဗျိုင်းမျက်စိစပ်ပြီး ဗျိုင်းဘာမှ မမြင်ရ တော့တဲ့အချိန်မှာ ဗျိုင်းရဲ့လည်တိုင်ရှည်ရှည်ကြီးကို မိမိရရသာ လက်ဖြင့် အုပ်လိုက်ပေတော့တဲ့။  ကိုင်းသတင်းထောက်ဈာန်ရရဲ့ မိုးတွင်းဗျိုင်းဖမ်းနည်း ဘယ်လောက် ကောင်းသလဲနော်။(၂) ဆားထမ်းလမ်းလျှောက် ဆားများများရှိတာ ဗျိုင်းများများရှိတာနဲ့ အတူတူပဲ ဒါ မိုးတွင်းဗျိုင်းဖမ်းနည်းထဲက ကျွန်တော်ထုတ်ယူလိုက်တဲ့ ဒဿန ပေါ့။ မိုက်တယ်နော်။ ဆရာသတင်း ထောက်ဈာန်ရရဲ့ ဗျိုင်းဖမ်းနည်းတဲ့ အတိုင်း ဗျိုင်းဖမ်းပွဲ ကျွန်တော်အောင် ပင် လယ်ဆီ ချီတက်လာပါပြီ။ ကျော ပေါ်မှာ ဆားအိတ်ကြီး ထမ်းလို့ပေါ့။

ဒါပေမဲ့ ပြက္ခဒိန်တွေမှာ သမား ရိုးတိုင်းဖော်ပြတဲ့ ရာသီနဲ့ ကျွန်တော် ရဲ့ ကိုယ်ပိုင်ရာသီသစ် ဖော်ပြချက်က ကွဲလွဲတာကြောင့်လား မသိပါ။ မိုးက မရွာသေး။  အဖြစ်က ရိုးရိုးလေးပဲ။ ကျွန်တော်က ဆားအိတ်ထမ်းလာပေ မယ့် မိုးကမရွာသေးတော့ ဗျိုင်းက လည်း ငါးမစောင့်သေး။ ဗျိုင်းက ငါး မစောင့်သေးတော့ ကျွန်တော်က လည်း ခြေသံလုံလုံနဲ့ ဗျိုင်းအနား ကပ်မရ သေး။ ဗျိုင်းအနား ကပ်မရ သေးတော့ ဗျိုင်းခေါင်းပေါ် လည်း ဆားမပုံရသေး။ ဆားပုံရအောင်က လည်း မိုးကမရွာသေး။

မိုးကမရွာ သေးတော့လည်း  အဲ မိုးကမရွာသေးတော့လည်း  မိုးက မရွာသေးတော့လည်း မိုးက မရွာသေးတော့လည်း  ဆားထမ်းလမ်းလျှောက်သမား ကြီး ကျွန်တော့်မှာတော့ နေပူပူ အောက် ချွေးနဲ့ဆားဓာတ်ပြန် မှုကြောင့် ‘ငန်ကျိကျိလူသားကြီး’ တောင် ဖြစ်နေပြီ။  ဗျိုင်းကတော့ ဘယ်အချိန် မျက်စိစပ်မလဲ မသိဘူး။

စောဘရန်ငြိမ်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071