Thursday, August 6, 2026

အများပြည်သူတောင်းဆိုမှုကြောင့် မန္တလေးအိုးပုတ်ပွဲတော်ကို နှစ်ရက်ကျင်းပမည်

မန္တလေးမြို့၏ အထင်ကရဒေသဓလေ့ရိုးရာပွဲတော်တစ်ခုဖြစ်သည့် အိုးပုတ်ပွဲတော်ကို အများပြည်သူ၏ တောင်းဆိုမှုများကြောင့် ယခုနှစ်မှစတင်ကာ နှစ်ရက်ကြာ တရားဝင်ကျင်းပသွားမည်ဖြစ်ကြောင်း ပွဲတော်ကျင်းပရေးကော်မတီနှင့် နီးစပ်သည့်အသိုက်အဝန်းထံမှ သိရသည်။ ယခင်နှစ်များက အိုးပုတ်ပွဲတော်ကို ဝါခေါင်လဆန်း...

ငဝန်တာတမံ အရေးပေါ်ထိန်းသိမ်းရေးလုပ်ငန်းအတွက် တပ်မတော်၊မီးသတ်နှင့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များ...

ဧရာဝတီတိုင်းဒေသကြီး၊ ငဝန်တာတမံ၏ မြစ်ကျိုးအင်း သဲကြောမှ ရေအောက်လှိုင်ခင်းသည့် ထူးပေါက်မှု (Sand Boil/Piping) ကြောင့် တာတမံ နိမ့်ကျဆုန့်ဝင်ကာ မြစ်ရေကျော်စီးဝင်နေခြင်းကို အမြန်ဆုံး...

မြန်မာ-ထိုင်း အပြန်အလှန်ကုန်သွယ်မှုပုံစံသည် ဒေသတွင်းတန်ဖိုးကွင်းဆက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိ...

မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့၏ နှစ်နိုင်ငံအပြန်အလှန်ကုန်သွယ်မှုအရေးပါခြင်းနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ သြဂုတ် ၆ ရက်မွန်း လွဲပိုင်းတွင် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့၊ Queen...

EV ယာဉ်ထုတ်လုပ်ရေးအပါအဝင် ကဏ္ဍစုံတွင် လာရောက်ရင်းနှီးမြှုပ်နှံရန်...

ဗန်ကောက်၊ ဩဂုတ် ၆ သဘာဝအရင်းအမြစ်များ ကြွယ်ဝပေါများပြီး စီးပွားရေးအလားအလာကောင်းများရှိသည့် မြန်မာနိုင်ငံ၌ EV ယာဉ်ထုတ်လုပ်ရေးအပါအဝင် ကဏ္ဍစုံတွင် လာရောက်ရင်းနှီးမြှုပ်နှံကြရန် ထိုင်းစီးပွားရေးလုပ်ငန်းရှင်များကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က...
HomeNewsLocal Newsမိုင်းကိုင်မြို့သို့ရောက်ရှိနေသည့် စစ်ဘေးရှောင်များအတွက် အကူအညီများလိုအပ်နေ

မိုင်းကိုင်မြို့သို့ရောက်ရှိနေသည့် စစ်ဘေးရှောင်များအတွက် အကူအညီများလိုအပ်နေ

မိုင်းကိုင်မြို့သို့ရောက်ရှိနေသည့် စစ်ဘေးရှောင်များအတွက် အကူအညီများလိုအပ်နေ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊မိုင်းကိုင်မြို့အနီးတဝိုက်တွင်တိုက်ပွဲဖြစ်ပွားနေသဖြင့် မိုင်းကိုင်မြို့သို့ရောက်ရှိနေသည့် စစ်ဘေးရှောင်များအတွက် အ ဓိကလိုအပ်ချက်မှာ အောက်ခြေခင်းရန်၊အမိုးအဖြစ်အသုံးပြုရန်နှင့်အကာအဖြစ်သုံးရန် တာလ ပတ်စများအရေးပေါ်လိုအပ်လျက်ရှိသည်ဟု စစ်ဘေးရှောင်များအားကူညီပေးနေသည့် သံဃာ့သြဝါဒနာရေးကူညီမှုအသင်း(မိုင်းကိုင်)မှ သိရသည်။

တိုက်ပွဲဖြစ်ပွားမှုများနှင့်တိုက်ပွဲဖြစ်ပွားနိုင်သည့် အလားအလာများဖြစ်ပေါ်နေမှုတို့ကြောင့် မိုင်းကိုင်မြို့အနီးတဝိုက်ရှိ ကျေးရွာပေါင်း ၃၀ ရွာမှ ရွာသူ၊ရွာသားများမှာ မိုင်းကိုင်မြို့ပေါ်သို့ စစ်ဘေးရှောင်များအဖြစ်ရောက်ရှိလာကြခြင်းဖြစ် သည်။

“ရွာပေါင်း ၃၀ က ဇန်နဝါရီ ၁၄ ရက်စာရင်းအရဆိုရင် ရွာသူ၊ရွာသား ၂၅၄၄ ယောက်နဲ့ သံဃာ ၉၁ ပါးရှိတယ် မနေ့ကလည်းထပ်တိုးလာသေးတယ် ဒီမနက်လည်းထပ်တိုးလာတယ် တိုးလာတဲ့စာရင်းကတော့လုပ်နေဆဲပါ”ဟု သံဃာ့သြဝါဒနာရေးကူ ညီမှုအသင်း(မိုင်းကိုင်)မှတာဝန်ရှိသူတစ်ဦးကပြောသည်။

ရောက်ရှိလာသည့် သံဃာတော်များနှင့်စစ်ဘေးရှောင်များအား မိုင်းကိုင်မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း ၁၅ ကျောင်း၌ထားရှိကူညီပေးခဲ့ပြီး စစ်ဘေးရှောင်ဦးရေများပြားသဖြင့် မွေတော်ဘုရားကွင်းပြင်၌ ယာယီတဲများထိုးကာ ကူညီပေးလျက်ရှိသည်။

“ညက မိုးရွာတာရယ် လေတိုက်တာရယ်ကြောင့် မွေတော်ဘုရားကွင်းပြင်မှာနေရတဲ့ စစ်ဘေးရှောင်တွေရဲ့ ယာယီတဲတွေပျက်စီးတာတွေရှိတယ် ကျွန်တော်တို့လည်းပြန်ပြီးပြင်ဆင်ပေးနေပါတယ် မိုးကမပြတ်ရွာနေတာ နေ့လည်ဖက်တောင် တော် တော်အေးတယ်”ဟုသံဃာ့သြဝါဒနာရေးကူညီမှုအသင်း(မိုင်းကိုင်)မှတာဝန်ရှိသူကဆက်ပြော သည်။

မိုင်းကိုင်မြို့သို့ရောက်ရှိနေသည့် စစ်ဘေးရှောင်များအတွက် အနွေးထည်၊တာလပတ်စများ၊စောင်၊ခြင်ထောင်၊ခေါင်းအုံးနှင့်ဆေးဝါးများလည်း လို အပ်လျက်ရှိကြောင်း သိရသည်။

Photo-သံဃာ့သြဝါဒနာရေးကူညီမှုအသင်း(မိုင်းကိုင်)

Zaw Gyi

မိုင္းကိုင္ၿမိဳ႕သို႔ေရာက္ရွိေနသည့္ စစ္ေဘးေရွာင္မ်ားအတြက္ အကူအညီမ်ားလိုအပ္ေန

ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊မိုင္းကိုင္ၿမိဳ႕အနီးတဝိုက္တြင္တိုက္ပြဲျဖစ္ပြားေနသျဖင့္ မိုင္းကိုင္ၿမိဳ႕သို႔ေရာက္ရွိေနသည့္ စစ္ေဘးေရွာင္မ်ားအတြက္ အ ဓိကလိုအပ္ခ်က္မွာ ေအာက္ေျခခင္းရန္၊အမိုးအျဖစ္အသုံးျပဳရန္ႏွင့္အကာအျဖစ္သုံးရန္ တာလ ပတ္စမ်ားအေရးေပၚလိုအပ္လ်က္ရွိသည္ဟု စစ္ေဘးေရွာင္မ်ားအားကူညီေပးေနသည့္ သံဃာ့ၾသဝါဒနာေရးကူညီမႈအသင္း(မိုင္းကိုင္)မွ သိရသည္။

တိုက္ပြဲျဖစ္ပြားမႈမ်ားႏွင့္တိုက္ပြဲျဖစ္ပြားႏိုင္သည့္ အလားအလာမ်ားျဖစ္ေပၚေနမႈတို႔ေၾကာင့္ မိုင္းကိုင္ၿမိဳ႕အနီးတဝိုက္ရွိ ေက်း႐ြာေပါင္း ၃၀ ႐ြာမွ ႐ြာသူ၊႐ြာသားမ်ားမွာ မိုင္းကိုင္ၿမိဳ႕ေပၚသို႔ စစ္ေဘးေရွာင္မ်ားအျဖစ္ေရာက္ရွိလာၾကျခင္းျဖစ္ သည္။

“႐ြာေပါင္း ၃၀ က ဇန္နဝါရီ ၁၄ ရက္စာရင္းအရဆိုရင္ ႐ြာသူ၊႐ြာသား ၂၅၄၄ ေယာက္နဲ႔ သံဃာ ၉၁ ပါးရွိတယ္ မေန႔ကလည္းထပ္တိုးလာေသးတယ္ ဒီမနက္လည္းထပ္တိုးလာတယ္ တိုးလာတဲ့စာရင္းကေတာ့လုပ္ေနဆဲပါ”ဟု သံဃာ့ၾသဝါဒနာေရးကူ ညီမႈအသင္း(မိုင္းကိုင္)မွတာဝန္ရွိသူတစ္ဦးကေျပာသည္။

ေရာက္ရွိလာသည့္ သံဃာေတာ္မ်ားႏွင့္စစ္ေဘးေရွာင္မ်ားအား မိုင္းကိုင္ၿမိဳ႕ေပၚရွိ ဘုန္းေတာ္ႀကီးေက်ာင္း ၁၅ ေက်ာင္း၌ထားရွိကူညီေပးခဲ့ၿပီး စစ္ေဘးေရွာင္ဦးေရမ်ားျပားသျဖင့္ ေမြေတာ္ဘုရားကြင္းျပင္၌ ယာယီတဲမ်ားထိုးကာ ကူညီေပးလ်က္ရွိသည္။

“ညက မိုး႐ြာတာရယ္ ေလတိုက္တာရယ္ေၾကာင့္ ေမြေတာ္ဘုရားကြင္းျပင္မွာေနရတဲ့ စစ္ေဘးေရွာင္ေတြရဲ႕ ယာယီတဲေတြပ်က္စီးတာေတြရွိတယ္ ကြၽန္ေတာ္တို႔လည္းျပန္ၿပီးျပင္ဆင္ေပးေနပါတယ္ မိုးကမျပတ္႐ြာေနတာ ေန႔လည္ဖက္ေတာင္ ေတာ္ ေတာ္ေအးတယ္”ဟုသံဃာ့ၾသဝါဒနာေရးကူညီမႈအသင္း(မိုင္းကိုင္)မွတာဝန္ရွိသူကဆက္ေျပာ သည္။

မိုင္းကိုင္ၿမိဳ႕သို႔ေရာက္ရွိေနသည့္ စစ္ေဘးေရွာင္မ်ားအတြက္ အေႏြးထည္၊တာလပတ္စမ်ား၊ေစာင္၊ျခင္ေထာင္၊ေခါင္းအုံးႏွင့္ေဆးဝါးမ်ားလည္း လို အပ္လ်က္ရွိေၾကာင္း သိရသည္။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071