Friday, September 18, 2026

မြန်မာ-တရုတ်နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်ရန် ဒုတိယသမ္မတ ဦးညိုစောနှင့်...

မြန်မာ-တရုတ်နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်ရန် ဒုတိယသမ္မတ ဦးညိုစောနှင့် တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် မစ္စတာတင်းရွှယ်ရှန် တို့ ယနေ့ စက်တင်ဘာ ၁၆ ရက်မွန်းလွဲပိုင်းတွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ၎င်းတို့သည်...

Online အသုံးပြု၍ ကျောက်မျက်ရတနာများ လိမ်...

မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်တွင် Online အသုံးပြု၍ ကျောက်မျက်ရတနာများ လိမ်လည်ရောင်းချသည့် တရုတ်နိုင်ငံသားများအပါအဝင်(၂၈)ဦးကို သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ လုံခြုံရေးအဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့ဝင်များက စက်တင်ဘာ ၂ ရက်တွင်...

ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်(၆)ခုတွင် မ နက်ဖြန်မွန်းတည့်ချိန်အထိ...

ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်(၆)ခုတွင် မ နက်ဖြန် စက်တင်ဘာ ၁၇ ရက်မွန်းတည့်ချိန်အထိ နေရာကျဲကျဲမိုးရွာသွန်းနိုင်ကြောင်း မိုးဇလက အသိပေးခဲ့သည်။ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊...

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအရေးကို ထိုင်းအလုပ်သမားဝန်ကြီးနှင့် မြန်မာသံအ...

ထိုင်းနိုင်ငံတွင်ရောက်ရှိ​နေသည့် မြန်မာအလုပ်သမားများအရေးနှင့်ပတ်သက်၍ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံ အမတ်ကြီးဦးဇော်ဇော်စိုးမှ ထိုင်းအလုပ်သမားဝန်ကြီး H.E. Mr. Julapun Amornvivat တို့ဆွေးနွေးခဲ့ကြသည်။ ၎င်းတို့နှစ်ဦးသည် ယနေ့ စက်တင်ဘာ...
HomeCelebrities' Newsမိသားစုဘဝ ဖြတ်သန်းမှုနဲ့ညီမဖြစ်သူ ပန်းသွန်းခြယ်အကြောင်းအဆိုတော်ပန်းရောင်ခြယ်...

မိသားစုဘဝ ဖြတ်သန်းမှုနဲ့ညီမဖြစ်သူ ပန်းသွန်းခြယ်အကြောင်းအဆိုတော်ပန်းရောင်ခြယ် ပြောပြ

အဆိုတော် ဂရေဟမ်ရဲ့ သမီးဖြစ်သူ အဆိုတော် ပန်းရောင်ခြယ်က တော့ လက်ရှိအချိန်မှာ အဆိုတော်တစ်ဦးအဖြစ် ပရိသတ်အခိုင်အမာရရှိထား သူ တစ်ဦးဖြစ်ပါတယ်။ လတ်တလောမှာတော့ သူမရဲ့ ပထမဆုံး တစ်ကိုယ်တော် တေးစီးရီးထွက်ရှိဖို့ ပြင်ဆင်နေပြီး ဂီတနဲ့ပတ်သက်ပြီး အများကြီးကြိုးစားဖို့ လိုသေးကြောင်းနဲ့ ဖခင်ဖြစ်သူဆီကသင်ယူခဲ့ရတဲ့ အကြောင်းကိုလည်း ပန်းရောင်ခြယ်က အခုလိုပြောပြခဲ့ပါတယ်။

“ဒယ်ဒီကတော့ ပန်းရောင်ကို ဂီတနဲ့ပတ်သက်ပြီး သင်ပြပေးတယ်။ အများကြီးလမ်းပြပေးတယ်။ ကြိုးစား ဖို့လည်း အမြဲတမ်းပြောတယ်။ အခု ခေတ်ဆိုရင် ဒယ်ဒီတို့ခေတ်နဲ့ မတူ တော့ဘူး။ သင်ယူချင်ရင်၊ လေ့လာ ချင်ရင်Onlineမှာ သင်ယူလို့ရ တယ်။ တအားလည်း လေ့လာလို့ ကောင်းတယ်။ အဓိကကတော့ ကြိုးစားဖို့အမြဲပြောတယ်။ ရေရှည်အောင် မြင်ဖို့ဆိုတာကလည်း သမီးရဲ့ကြိုးစားမှု အနုပညာဝမ်းစာနဲ့ ဆိုင်တယ်လို့ အမြဲပြောပါတယ်။ ဒယ်ဒီက စည်းကမ်းတော့ ကြီးတယ်။ ဒါပေမဲ့ သူငယ်ချင်းလိုလည်း ပေါင်းသင်းဆက် ဆံလို့ရတဲ့အဖေမျိုးပါ။ အဖေဆိုတော့ ကိုယ်ကလည်း respect အပြည့်ရှိ တယ်။ သူငယ်ချင်းလိုပဲ ပေါ့ပေါ့ပါးပါးပေါင်းသင်းဆက်ဆံပါတယ်”လို့ ပြောပြခဲ့ ပါတယ်။

လက်ရှိအချိန်မှာတော့ ပန်းရောင်ခြယ်ရဲ့ ညီမဖြစ်သူ ပန်းသွန်း ခြယ်ကပါ အစ်မလိုအဆိုတော်တစ် ယောက်ဖြစ်ချင်တဲ့အတွက် ဂီတနဲ့ ပတ်သက်ပြီး လေ့လာသင်ယူနေပါပြီ။ ညီအစ်မနှစ်ယောက်လုံးက ဂီတဝါ သနာပါကြတာမို့ အနုပညာအလုပ်ကိုလုပ်ခဲ့ကြတာပါလို့ ပြောလာတဲ့ပန်း ရောင်ခြယ်က …

“ညီမလေးကတော့ ပန်းရောင်ထက်အေး တယ်။ စကားလည်းနည်းတယ်။ အေး အေးဆေးဆေးပဲ။ စာဖတ်တာ အလွန်ဝါ သနာပါတယ်။ ဝတ္ထုတွေ တစ်အုပ်ပြီး တစ်အုပ် အမြဲဖတ်တယ်။ မနက် အစောကြီးဆိုရင် အိမ်မှာပီယာနိုထကျင့်နေပြီ။Music ကိုလည်းသိပ်ဝါသနာပါတယ်။ အဆို တော်သိပ်ဖြစ်ချင်တဲ့အတွက် အခု ကတည်းက လေ့လာပြီး ပြင်ဆင် နေပါတယ်။ ပန်းရောင်တို့ ညီအစ်မ နှစ်ယောက်စလုံးကို မိဘနှစ်ယောက် စလုံးကအနု ပညာ အလုပ်ကိုလုပ်လို့ လည်းမပြောကြပါဘူး။ မလုပ်နဲ့လို့ လည်းမပြောကြပါဘူး။ ပန်းရောင်တို့ ညီအစ်မနှစ် ယောက်စလုံးက ဖေ ဖေ့သွေးပါလို့ ဂီတ ကိုအလွန်ဝါသနာပါ ကြတာပါ”လို့ ပြော ပြခဲ့ပါတယ်။

သတင်း၊ ဓာတ်ပုံ – ဇော်ဝင်းအောင်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071