မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများအား လူမှုကွန်ယက်စာမျက်နှာပေါ်မှတဆင့် လိမ်လည်နေသူများအား အမှုဖွင့်အရေးယူမည်ဟု မြန်မာသံရုံးထုတ်ပြန်

မလေးရှားနိုင်ငံသို့ရောက်ရှိအလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများအား လူမှုကွန်ယက်စာ မျက်နှာမှတဆင့်လိမ်လည်နေသူများအား စုံစမ်းစစ်ဆေး၍ အမှုဖွင့်အရေးယူသွားမည်ဟု ကွာလာလမ်ပူမြို့ရှိ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ဖေဖော်ဝါရီ ၁၇ ရက်၌ထုတ်ပြန်ခဲ့သည်။
မြန်မာအလုပ်သမားများအား “မလေးရှားသံရုံးတာဝန်ခံကိုမြင့်အောင်”၊ “ကိုမင်းမင်းစိုး မလေးရှား”၊ “ရာမညမြေမှမလေးရှား အထွေထွေအကျိုး ဆောင်”နှင့် “ Myanmar Embassy ih kuala Lumpur MalaySia” ဟု အမည်ပေးထားသည့် အကောင့်များဖြင့် မြန်မာနိုင်ငံကူးလက်မှတ်နှင့် မည် သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ်များအား ဝန်ဆောင်မှုပေးနေသည်ဟု ကြေညာထား သည်။
ထို့ပြင် မြန်မာသံရုံးမှဝန်ထမ်းဟုပြောဆိုကာ မြန် မာအလုပ်သမားများရှိသည့် စက်ရုံများသို့ သွား ရောက်ခြင်း၊မြန်မာသံရုံးပြင်ပတွင် မြန်မာနိုင်ငံကူးလက်မှတ်သက်တမ်းတိုးပေးခြင်း၊ အသစ်ပြု လုပ်ခြင်းများအား ပြုလုပ်ပေးလျက်ရှိသည်ကို စုံစမ်းသိရှိခဲ့ရသည်ဟု မြန်မာသံရုံးမှထုတ်ပြန်ခဲ့သည်။
ထို့အတူ ယင်းလူမှုကွန်ယက်စာမျက်နှာများသည် မြန်မာသံရုံး၊ကွာလာလမ်ပူမြို့နှင့်သက်ဆိုင်ခြင်းမရှိသည့်အပြင် ၎င်းတို့နှင့်ပတ်သက်သည့် ကိစ္စများအား မြန်မာသံရုံးမှတာဝန်ယူဖြေရှင်းပေးမည် မဟုတ်ဟုလည်း ထုတ်ပြန်ကြေညာခဲ့သည်။
ထိုသို့ မလေးရှားနိုင်ငံရောက်မြန်မာနိုင်ငံသားများအား လိမ်လည်နေသည့် ပုဂ္ဂိုလ်များ၊လူမှုကွန်ယက်အကောင့်ပိုင်ရှင်များနှင့်၎င်းတို့နှင့် ဆက်သွယ်ဆောင်ရွက်နေသူများအား မလေးရှားနိုင်ငံနှင့်မြန်မာနိုင်ငံရှိ သက်ဆိုင်ရာဝန်ကြီးဌာနများ ပူး ပေါင်း၍ အမည်မည်းစာရင်းသွင်းခြင်း၊ မြန်မာ နိုင်ငံကူးလက်မှတ်ဖျက်သိမ်းခြင်းနှင့်အမှုဖွင့်အရေးယူခြင်းတို့အားပြုလုပ်သွားမည်ဟု မြန်မာသံရုံးကထုတ်ပြန်ကြေညာခဲ့သည်။
Zaw Gyi
မေလးရွားႏိုင္ငံေရာက္ ျမန္မာႏိုင္ငံသားမ်ားအား လူမႈကြန္ယက္စာမ်က္ႏွာေပၚမွတဆင့္ လိမ္လည္ေနသူမ်ားအား အမႈဖြင့္အေရးယူမည္ဟု ျမန္မာသံ႐ုံးထုတ္ျပန္
မေလးရွားႏိုင္ငံသို႔ေရာက္ရွိအလုပ္လုပ္ကိုင္ေနသည့္ ျမန္မာႏိုင္ငံသားမ်ားအား လူမႈကြန္ယက္စာ မ်က္ႏွာမွတဆင့္လိမ္လည္ေနသူမ်ားအား စုံစမ္းစစ္ေဆး၍ အမႈဖြင့္အေရးယူသြားမည္ဟု ကြာလာလမ္ပူၿမိဳ႕ရွိ မေလးရွားႏိုင္ငံဆိုင္ရာ ျမန္မာသံ႐ုံးက ေဖေဖာ္ဝါရီ ၁၇ ရက္၌ထုတ္ျပန္ခဲ့သည္။
ျမန္မာအလုပ္သမားမ်ားအား “မေလးရွားသံ႐ုံးတာဝန္ခံကိုျမင့္ေအာင္”၊ “ကိုမင္းမင္းစိုး မေလးရွား”၊ “ရာမညေျမမွမေလးရွား အေထြေထြအက်ိဳး ေဆာင္”ႏွင့္ “ Myanmar Embassy ih kuala Lumpur MalaySia” ဟု အမည္ေပးထားသည့္ အေကာင့္မ်ားျဖင့္ ျမန္မာႏိုင္ငံကူးလက္မွတ္ႏွင့္ မည္ သူမည္ဝါျဖစ္ေၾကာင္းသက္ေသခံလက္မွတ္မ်ားအား ဝန္ေဆာင္မႈေပးေနသည္ဟု ေၾကညာထား သည္။
ထို႔ျပင္ ျမန္မာသံ႐ုံးမွဝန္ထမ္းဟုေျပာဆိုကာ ျမန္ မာအလုပ္သမားမ်ားရွိသည့္ စက္႐ုံမ်ားသို႔ သြား ေရာက္ျခင္း၊ျမန္မာသံ႐ုံးျပင္ပတြင္ ျမန္မာႏိုင္ငံကူးလက္မွတ္သက္တမ္းတိုးေပးျခင္း၊ အသစ္ျပဳ လုပ္ျခင္းမ်ားအား ျပဳလုပ္ေပးလ်က္ရွိသည္ကို စုံစမ္းသိရွိခဲ့ရသည္ဟု ျမန္မာသံ႐ုံးမွထုတ္ျပန္ခဲ့သည္။
ထို႔အတူ ယင္းလူမႈကြန္ယက္စာမ်က္ႏွာမ်ားသည္ ျမန္မာသံ႐ုံး၊ကြာလာလမ္ပူၿမိဳ႕ႏွင့္သက္ဆိုင္ျခင္းမရွိသည့္အျပင္ ၎တို႔ႏွင့္ပတ္သက္သည့္ ကိစၥမ်ားအား ျမန္မာသံ႐ုံးမွတာဝန္ယူေျဖရွင္းေပးမည္ မဟုတ္ဟုလည္း ထုတ္ျပန္ေၾကညာခဲ့သည္။
ထိုသို႔ မေလးရွားႏိုင္ငံေရာက္ျမန္မာႏိုင္ငံသားမ်ားအား လိမ္လည္ေနသည့္ ပုဂၢိဳလ္မ်ား၊လူမႈကြန္ယက္အေကာင့္ပိုင္ရွင္မ်ားႏွင့္၎တို႔ႏွင့္ ဆက္သြယ္ေဆာင္႐ြက္ေနသူမ်ားအား မေလးရွားႏိုင္ငံႏွင့္ျမန္မာႏိုင္ငံရွိ သက္ဆိုင္ရာဝန္ႀကီးဌာနမ်ား ပူး ေပါင္း၍ အမည္မည္းစာရင္းသြင္းျခင္း၊ ျမန္မာ ႏိုင္ငံကူးလက္မွတ္ဖ်က္သိမ္းျခင္းႏွင့္အမႈဖြင့္အေရးယူျခင္းတို႔အားျပဳလုပ္သြားမည္ဟု ျမန္မာသံ႐ုံးကထုတ္ျပန္ေၾကညာခဲ့သည္။
