Thursday, April 23, 2026

အာဆီယံနှင့်ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်ရန် မြန်မာ၏ ကြိုးပမ်းမှုကို...

အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံနှင့် ငါးနှစ်ကြာ ဆက်ဆံရေးဝေးကွာနေခဲ့ပြီးနောက် ဆက်ဆံရေးကို ပုံမှန်ပြန်ဖြစ်စေရန် မြန်မာနိုင်ငံ၏ ကြိုးပမ်းမှုတွင် ထိုင်းနိုင်ငံက ဦးဆောင်အခန်းကဏ္ဍမှ ပါဝင်လိုကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဗုဒ္ဓဟူးနေ့တွင်...

တစ်နှစ်နီးပါးအတွင်း အာမခံ အလုပ်သမား (၁)...

ဆေးဖိုးပြန်အမ်းငွေ ကျပ်သန်း (၈) ထောင်နီးပါး ပြန်လည်ပေးအပ်နိုင်ခဲ့ လူမှုဖူလုံရေးအဖွဲ့အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အာမခံအလုပ်သမားများအား ကျန်းမာရေးစောင့်ရှောက်မှုများကို ၂၀၂၅ ခုနှစ် ဧပြီလမှ ၂၀၂၆ ခုနှစ်...

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ် ရှောပြာကျေးရွာတွင် အစိုးရ၏...

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ် ရှောပြာကျေးရွာတွင် နိုင်ငံတော်သမ္မတကြီး မိန့်ခွန်းပါ အစိုးရ၏ ရက် (၁၀၀) စီမံချက်ပါ လုပ်ငန်းစဉ်များ ရှင်းလင်းဆွေးနွေးပွဲကို ဧပြီ ၂၂...

ကိုရင်ငယ်အား ပြင်းထန်စွာရို-က်နှက်ခဲ့သည့် ဦးဇင်းအား လူဝတ်လဲ...

လူမှုကွန်ရက်စာမျက်နှာတွင် ပြန့်နှံ့ခဲ့သည့် ကိုရင်ငယ်တစ်ပါးအား ဆက်တိုက်ရို-က်နှက်ခဲ့သူ ဦးဇင်းအား လူဝတ်လဲကာ ရာဇသတ်ကြီး ပုဒ်မ ၂၉၅ - (က) ဖြင့်အရေးယူမည် ဖြစ်ကြောင်း...
HomeMoviesမန္တလေးငလျင်ကြီးဒ-ဏ်ကြောင့် ပျ-က်စီးမှုများဖြစ်ပေါ်ခဲ့သည့် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ...

မန္တလေးငလျင်ကြီးဒ-ဏ်ကြောင့် ပျ-က်စီးမှုများဖြစ်ပေါ်ခဲ့သည့် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အားကစားကွင်း/အားကစားရုံအချို့ ပြန်လည်ပြင်ဆင်ပြီးဖြစ်

မန္တလေးငလျင်ကြီးဒ-ဏ်ကြောင့် ပျ-က်စီးမှုများဖြစ်ပေါ်ခဲ့သည့် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အားကစားကွင်း/အားကစားရုံအချို့ပြန်လည်ပြင်ဆင်ပြီးဖြစ်၍ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးရဲမြင့်ထွန်းမှ ဧပြီ ၂၁ ရက်က ကြည့်ရှုစစ်ဆေးခဲ့သည်။

ဝဏ္ဏသိဒ္ဓိအားကစားကွင်း VIP မှန်ဧည့်ခန်းမမျက်နှာကျက်နှင့် အခန်းပတ်လည်မျက်နှာစာမှန်များတပ်ဆင်ပြီးစီးမှု၊ Synthetic ပြေးလမ်းခင်းကျင်းပြီးစီးမှု၊ ဘောလုံးကွင်းမြက်ခင်းပြင်နှင့် ရေဖြန်းစနစ်တပ်ဆင်ထားရှိမှုတို့အားကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့ပြင် ဝဏ္ဏသိဒ္ဓိအားကစားရုံ (A)၊ (B)နှင့် (C)၊ ဝဏ္ဏသိဒ္ဓိရေကူးကန်အတွင်းရှိ ပြိုင်ပွဲကန်၊ ဒိုင်ဗင်ကန်၊ လေ့ကျင့်ရေးရေကူးကန်၊ ဖူဆယ်အားကစားရုံ၊ လက်ဝှေ့အားကစားရုံ၊ ဘိလိယက်နှင့်စနူကာအားကစားရုံ၊ မြားပစ်အားကစားကွင်း၊ ဘိုးလင်းအားကစားခန်းမတို့အား ပြန်လည်ပြုပြင်နေမှုများနှင့် ပြင်ဆင်ဆောင်ရွက်ပြီးစီးမှုတို့ကိုလည်း ကြည့်ရှုစစ်ဆေးခဲ့သည်။

ထိုသို့ ကြည့်ရှုစစ်ဆေးပြီးနောက် အားကစားကွင်း/အားကစားရုံများသည် နိုင်ငံ၏ အားကစားအဆင့်အတန်းကိုဖော်ပြနေသည့်ပြယုဂ်တစ်ခုဖြစ်၍ ရေရှည်တည်တံ့ပြီး ပြည်သူများကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများ လာရောက်လေ့ကျင့်ကစားနိုင်စေရန်နှင့် မျိုးဆက်သစ် အားကစားသမားများ ပိုမိုမွေးထုတ်ပေးနိုင်စေရေးတို့အတွက် စနစ်တကျစီမံဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီးက မှာကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အာဆီယံနှင့်ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်ရန် မြန်မာ၏ ကြိုးပမ်းမှုကို ထိုင်း ထောက်ခံမည်

အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံနှင့် ငါးနှစ်ကြာ ဆက်ဆံရေးဝေးကွာနေခဲ့ပြီးနောက် ဆက်ဆံရေးကို ပုံမှန်ပြန်ဖြစ်စေရန် မြန်မာနိုင်ငံ၏ ကြိုးပမ်းမှုတွင် ထိုင်းနိုင်ငံက ဦးဆောင်အခန်းကဏ္ဍမှ ပါဝင်လိုကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဗုဒ္ဓဟူးနေ့တွင် သမ္မတ ဦးမင်းအောင်လှိုင်နှင့် တွေ့ဆုံမှုမတိုင်မီ ထုတ်ဖော်ပြောကြားခဲ့သည်။ မကြာသေးမီက ရွေးကောက်ပွဲအပြီးတွင် ဦးမင်းအောင်လှိုင်ကို ဧပြီလ ၃ ရက်နေ့တွင် လွှတ်တော်က သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခဲ့သည်။ သူတို့အာဆီယံကို ပြန်လာတာကို ကျွန်တော်တို့ ထောက်ခံလိုပါတယ်။ ကျွန်တော်တို့ရဲ့ မူဝါဒက “သူတို့ကို ပြန်ခေါ်လာဖို့အတွက် ကျွန်တော်တို့နဲ့ ထိတွေ့ဆက်ဆံမှုမှာ ဆောင်ရွက်စရာ ရှိတာတွေကို လုပ်ဆောင်ဖို့ပါပဲ” ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီး...

တစ်နှစ်နီးပါးအတွင်း အာမခံ အလုပ်သမား (၁) သန်းကျော်ကို ကျန်းမာရေးစောင့်ရှောက်မှုပေး

ဆေးဖိုးပြန်အမ်းငွေ ကျပ်သန်း (၈) ထောင်နီးပါး ပြန်လည်ပေးအပ်နိုင်ခဲ့ လူမှုဖူလုံရေးအဖွဲ့အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အာမခံအလုပ်သမားများအား ကျန်းမာရေးစောင့်ရှောက်မှုများကို ၂၀၂၅ ခုနှစ် ဧပြီလမှ ၂၀၂၆ ခုနှစ် မတ်လအထိ လူနာဦးရေ ၁၁၄၆၆၈၅ ဦးကို ကုသမှုဆောင်ရွက်ပေးနိုင်ခဲ့ကာ ဆေးဖိုးပြန်အမ်း အမှုတွဲ ၇၇၈၀၇ မှုအတွက် ကျပ် ၇၉၇၄ ဒသမ ၃၉၆ သန်းကို ပြန်လည်ပေးအပ်နိုင်ခဲ့ကြောင်း သိရသည်။ အလုပ်သမားဆေးရုံကြီး (ရန်ကုန်)၊ အလုပ်သမားဆေးရုံ (ထန်းတပင်)၊ မြို့နယ်လူမှုဖူလုံရေးဆေးခန်း ၂၂ ခန်း၊ တိုင်းရင်းဆေးကုခန်းတစ်ခန်း၊ ဌာနကြီးဆေးခန်း ၂၁ ခန်း၊...

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ် ရှောပြာကျေးရွာတွင် အစိုးရ၏ ရက် (၁၀၀) စီမံချက်ပါ လုပ်ငန်းစဉ်များ ရှင်းလင်း

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ် ရှောပြာကျေးရွာတွင် နိုင်ငံတော်သမ္မတကြီး မိန့်ခွန်းပါ အစိုးရ၏ ရက် (၁၀၀) စီမံချက်ပါ လုပ်ငန်းစဉ်များ ရှင်းလင်းဆွေးနွေးပွဲကို ဧပြီ ၂၂ ရက်က ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါရှင်းလင်းဆွေးနွေးပွဲတွင် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးသိန်းထွန်းနှင့်အတူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်း၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ထွန်းဇော်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်နွယ်နွယ်ဦး ပါဝင်သော လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့သည် ပုသိမ်မြို့နယ် ရှောပြာကျေးရွာအတွင်းရှိ ဒေသခံများနှင့်တွေ့ဆုံ၍ လွှတ်တော်အတွေ့အကြုံများ၊ နိုင်ငံတော်သမ္မတကြီး မိန့်ခွန်းပါ အစိုးရ၏ ရက်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071