Monday, April 27, 2026

ရတနာပုံအသင်း၏ အိမ်ကွင်းအဖြစ် ကွင်းသုံးကွင်းကို လျာထား

ရတနာပုံအသင်းအနေဖြင့် မန္တလေးမြို့၌ အိမ်ကွင်းအဖြစ် လက်ခံကျင်းပနိုင်ရန် ကွင်းသုံးကွင်းကို လျာထားဆောင်ရွက်လျက်ရှိသည်။ အဆိုပါ ကွင်းသုံးကွင်းမှာ မန္တလေးမြို့ရှိ ဗထူးကွင်း၊ အောင်မြေမန္တလာကွင်းနှင့် ရွှေမန်းတောင်လေ့ကျင့်ရေးကွင်းများကို လျာထားကာ ပြင်ဆင်ဆောင်ရွက်လျက်ရှိခြင်း...

စက်သုံးဆီစျေးကျ၍ အဝေးပြေးလက်မှတ်ခများ ပြန်လည်လျှော့ချပေးနေ

ယခုရက်သတ္တပတ်အတွင်း စက်သုံးဆီဈေး ကျဆင်းလာသည့်အတွက် အဝေးပြေးယာဉ်လိုင်းတချို့ ကားလက်မှတ်ခများကို ပြန်လည် လျှော့ချပေးနေသည်။ ထိုသို့လျှော့ချပေးရာ၌ ယခင်အတက်စျေးဖြင့် ဝယ်ယူထားသည့် ကားလက်မှတ်များကိုလည်း ကားဂိတ်ရောက်ရှိိချိန်တွင် ငွေပြန်အမ်းပေးလျက်ရှိကြောင်း သိရသည်။ မန္တလာမင်း...

ရတနာပုံအသင်း၏ အိမ်ကွင်းအဖြစ် ကွင်းသုံးကွင်းကို လျာထား

ရတနာပုံအသင်းအနေဖြင့် မန္တလေးမြို့၌ အိမ်ကွင်းအဖြစ် လက်ခံကျင်းပနိုင်ရန် ကွင်းသုံးကွင်းကို လျာထားဆောင်ရွက်လျက်ရှိသည်။ အဆိုပါ ကွင်းသုံးကွင်းမှာ မန္တလေးမြို့ရှိ ဗထူးကွင်း၊ အောင်မြေမန္တလာကွင်းနှင့် ရွှေမန်းတောင်လေ့ကျင့်ရေးကွင်းများကို လျာထားကာ ပြင်ဆင်ဆောင်ရွက်လျက်ရှိခြင်း...

၂၀၂၆ တိုင်းဒေသကြီးနှင့် ပြည်နယ် စစ်တုရင်ပြိုင်ပွဲ...

​မြန်မာ့စစ်တုရင်လောကကို တစ်ခေတ်ပြန်လည်ဆန်းသစ်စေမည့် "၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် စစ်တုရင်ပြိုင်ပွဲ" ကို ရန်ကုန်မြို့၊ သုဝဏ္ဏရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) တွင်...
HomeArticlesမည္သူမွ် ဖိနပ္မစီးရ

မည္သူမွ် ဖိနပ္မစီးရ

ဗုဒ္ဓဘာသာဝင်တိုင်းသည် ဘုရားကျောင်းကန်တို့တွင်း ဝင် ရောက်သွားလာသည့်အခါတိုင်း ဖိနပ်မစီးကြသည့် လေးမြတ်သော ဓလေ့၊ တန်ဖိုးထားဖွယ် ဓလေ့သည် ရှေးနှစ်ပေါင်းများစွာကပင် တည်ရှိ ခဲ့သည်။

ဗုဒ္ဓဘာသာဝင်တိုင်း ဤသို့ အလေးထားသောကောင်းမြတ်သော ဓလေ့ကို မြန်မာနိုင်ငံ နယ်ချဲ့တို့ လက်အောက်ရောက်ချိန်တွင် တိုင်း တစ်ပါးသားတို့၏ မထေမဲ့မြင်ပြုစော် ကားခြင်းများ ခံခဲ့ကြရသည်။

ဗုဒ္ဓဘာသာဝင်တို့ ဘုရား ကျောင်းကန်ပုရဝုဏ်တွင်း ရိုသေ လေးစားသမှုဝတ်ပြုနေချိန်တွင်ပင် ထိုနိုင်ငံခြားသားတို့သည် ဘွတ်ဖိနပ် ကို မချွတ်ခွာသံပေး၍သွားလာကြ သည်။ ထိုသို့ရိုင်းစိုင်းသည်သာမက ဘုရားကုန်းတော်ပေါ်များသို့”ဥရောပ နှင့် အမေရိကန်လူမျိုးမှတစ်ပါး မည် သူမျှ ဖိနပ်မစီးရ”ဟု စာတမ်းချိတ် ဆွဲထားကြသည်။

ထိုစာတမ်း ထိုအပြုအမူများ သည် ဗုဒ္ဓဘာသာဝင်တိုင်း၏ နှလုံး သားကို လွန်စွာနာကျင်စေခဲ့သည်။ လူယဉ်ကျေးအမည်ခံနယ်ချဲ့တို့သည် အမှန်တကယ် ယဉ်ကျေးသိမ်မွေ့ သော ဗုဒ္ဓအဆုံးအမနှင့် နေထိုင်ကြ သည့် ဗုဒ္ဓဘာသာဝင်များအပေါ်စော် ကားမှုများကို တန်ပြန်ဝံ့သည့် ပုဂ္ဂိုလ် ၁၉၁၃ ခုနှစ်တွင် ပေါ်ပေါက်လာခဲ့ သည်။

ထိုပုဂ္ဂိုလ်ကား ပြည်ခရိုင်၊ ပေါင်းတည်မြို့ ကျောင်းကုန်းရွာတိုက် သူကြီးဦးဘိုးစံ-ဒေါ်သောင်တို့ သား ကြီး ဦးသိမ်းမောင်ဖြစ်သည်။ ဦးသိမ်း မောင်သည် နယ်ချဲ့တို့အား နှလုံးရည် ဖြင့် အောင်ပွဲခံနိုင်၏။ ဦးသိမ်းမောင် သည် သတိုးသီရိသုဓမ္မအဂ္ဂမဟာသ ရေစည်သူ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာအဖွဲ့ချုပ်ကြီးနှင့် နိုင်ငံ တော်ဗုဒ္ဓသာသနာအဖွဲ့ဥက္ကဋ္ဌ၊ နိုင်ငံ တော်တရားဝန်ကြီးချုပ် ဒေါက်တာ သိမ်းမောင်အဖြစ်ထိ ကျော်ကြားခဲ့ သော ပုဂ္ဂိုလ်၊ မျိုးချစ်စိတ်ပြင်းထန် သော ပုဂ္ဂိုလ်ဖြစ်သည်။

ဦးသိမ်းမောင်သည် ပြည်မြို့သို့ ၁၉၁၃ ခုနှစ်တွင် ရန်ကုန်မြို့မှ ခေတ် ပညာတတ် အင်္ဂလန်ပြည်ဝတ်လုံ ပေါက်စဘဝဖြင့် ပြောင်းရွှေ့လာခဲ့ သည်။ ဦးသိမ်းမောင်သည် လူငယ် ပင်ဖြစ်သော်လည်း ပြည်မြို့ပေါ်ရှိ ဆရာတော်သံဃာတော်များနှင့် လူ ကြီးသူမများထံ ကျိုးနွံစွာချဉ်းကပ်၍ အဆုံးအမများကို နာခံ၏။ ဘာသာ ရေးအသိÓဏ်နှင့် ချေငံယဉ်ကျေးသူ ဖြစ်၍ ပြည်ရွှေဆံတော်ဘုရားဘဏ္ဍာ ထိန်းအဖြစ် တာဝန်ပေးအပ်ကြသည်။

ဦးသိမ်းမောင်သည် ပြည်ရွှေဆံ တော်ဘုရားကုန်းတော်ပေါ်သို့ တက် တိုင်း စောင်းတန်းအဝင်ဝတွင် ”ဥရောပနှင့် အမေရိကန်လူမျိုးများမှ တစ်ပါးမည်သူမျှ ဖိနပ်မစီးရ”ဟု ချိတ်ဆွဲထားသည့် စာတမ်းကြောင့် စိတ်အနှောက်အယှက်များစွာဖြစ်နေ သည်။ မကြည့်လိုဘဲ နေ့စဉ်မြင်နေ ရသည်ကို ဦးသိမ်းမောင်သည် သည်း ခံနိုင်စွမ်းမရှိတော့ပေ။

ဦးသိမ်းမောင်သည် ဗုဒ္ဓကို မြတ်နိုးသော လူငယ်ပီပီ နှလုံးသား ကို နေ့စဉ်ကျိန်းစပ်စေလျက်ရှိသော ထိုစာတမ်းကို မတွေ့မမြင်လိုသည် ကြောင့် ”မည်သူမျှ ဖိနပ်မစီးရ”ဟု ရဲဝံ့ပြတ်သားစွာပင် လူအများပို၍ ထင်ရှားမြင်သာအောင် ပြင်ဆင်ရေး ထားလိုက်သည်။
အမျိုးဘာသာဂုဏ်ကို မြှင့်တင် ပေးလိုက်သော ထိုစာတမ်းသည် ဦး သိမ်းမောင်၏ အမြင်နှင့် ဇာတိမာန် သတ္တိကို ဖော်ပြရုံမက နယ်ချဲ့တို့အား ရိုးရိုးနှင့်ပြတ်သားစွာ လူမှုဓလေ့ယဉ် ကျေးမှုစစ်ကို ကြေညာလိုက်ခြင်းပင် ဖြစ်၏။ ဥပဒေဘောင်အတွင်းမှ နယ် ချဲ့တို့အား တော်လှန်ရေးစလိုက်ခြင်း လည်း ဖြစ်၏။

ဤသို့စာတမ်းပြင်ဆင်ချိတ်ဆွဲ ပြီး မကြာသောကာလတွင် အိန္ဒိယ ဘုရင်ခံချုပ်လော့ဒ်ချယ်ပ်သည် မြန် မာပြည်သို့ လာမည်ဖြစ်ပြီး ပြည်ရွှေ ဆံတော်ဘုရားသို့လည်း ဖူးမည်ဖြစ်၍ မြန်မာဘုရင်ခံ ”ဆာဟာကို့ဘတ္တလာ သည် ရှေ့ပြေးအဖြစ် လာမည်။ သို့ ဖြစ်၍ ”မည်သူမျှ ဖိနပ်မစီးရ”ဟူ သော ထိုဆိုင်းဘုတ်ကို ဖြုတ်ရန် အင်္ဂ လိပ်အရေးပိုင်သည် အမိန့်ထုတ်ပြန် ၏။ ဦးသိမ်းမောင်တို့ ဘဏ္ဍာထိန်း အဖွဲ့သည် လုံးဝဖြုတ်မပေးနိုင် ကြောင်း ငြင်းဆိုလိုက်ကြသည်။ နယ် ပိုင်ဝန်ထောက်ကိုယ်တိုင်ဖြုတ်ရန် ကြိုးစားလာသည်။ ဦးသိမ်းမောင်နှင့် ဘဏ္ဍာထိန်းအဖွဲ့သည် ဆိုင်းဘုတ် အနားသို့ မကပ်နိုင်အောင် အစောင့် များ တင်းတင်းကြပ်ကြပ်ချထားသည် ကြောင့် နယ်ပိုင်ဝန်ထောက်လှည့် ပြန်သွားရတော့သည်။

ထိုသတင်းသည် မြန်မာတစ် နိုင်ငံလုံးသို့ ကျော်ကြားသွားကာ ဦး သိမ်းမောင်အား ”ဖိနပ်သိမ်းမောင်” ဟူ၍ ဘွဲ့အမည်တပ်ခဲ့ကြသည်။ ချီး မြှောက်သည့်ဘွဲ့အမည်မှာ မသင့် သလိုရှိသော်လည်း မြန်မာနိုင်ငံ ယဉ် ကျေးမှုတော်လှန်ရေးဘွဲ့တံဆိပ်ကြီး ဟု အမွှန်းတင်ခဲ့ကြ၏။
ဖိနပ်ပြဿနာသည် ဤမျှနှင့် ငြိမ်းမသွားပါချေ။ ၁၉၁၈ ခုနှစ်တွင် တစ်ဖန်ရင်ဆိုင်ရန်အကြောင်း ပေါ် လာပြန်သည်။

ဦးသိမ်းမောင်သည် ၁၉၁၈ ခု နှစ်တွင် ရန်ကုန်မြို့သို့ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ရသည်။ ယင်းနှစ် တွင် ပဲခူးမြို့ ရွှေမော်ဓောစေတီတော် ကြီး မြေငလျင်ဒဏ်သင့်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့၏။ ‘ဘုရင်ခံ ဆာ-ရယ်ဂျီ နယ်ကရက်ဒေါက်’နှင့်အဖွဲ့သည် စေ တီရင်ပြင်တော်ပေါ်၌ ဖိနပ်စီး၍ လှည့်လည်ကြည့်ရှုသည်။ မြို့ပေါ်ရှိ ရဟန်းရှင်လူများမှအစ မကျေနပ် ချက်ပြင်းထန်ကြသည်။ ပဲခူးမြို့ ‘ဗုဒ္ဓ ဂရုဂါရဝအသင်း’သည် ဝိုင်-အမ်-ဘီ -အေ စသော ဘာသာရေးအသင်း ကြီးများသို့ အသိပေးအကြောင်းကြား တိုင်တန်းကြသည်။
ထိုအချိန်တွင် ဦးသိမ်းမောင် အကျိုးဆောင်အဖြစ် တာဝန်ယူနေ သော ဝိုင်အမ်ဘီအေအသင်းကြီး၏ ဦးဆောင်မှုဖြင့် ၁၉၁၈ ခုနှစ် မေလ တွင် ရန်ကုန်မြို့၊ ဂျူဘလီဟော၌ မြို့ လုံးကျွတ်ဖိနပ်ချွတ်ရေးအစည်းအ ဝေးပွဲကြီး တစ်ခဲနက်ကျင်းပခဲ့သည်။ ယင်းအစည်းအဝေး ပွဲကြီးတွင် သဘာပတိအဖြစ် ဆောင်ရွက်သော ဦးသိမ်းမောင်၏ စကားများသည် ရဲရင့်ပြတ်သားလွန်းသဖြင့် ရဟန်းရှင် လူပရိသတ်ကြီး၏ အားတက်သ ရောသြဘာပေးခံခဲ့ရပေ သည်။

သို့နှင့်နယ်ချဲ့တို့သည် ဦးသိမ်း မောင်၏ ”မည်သူမျှ ဖိနပ်မစီးရ” ဆိုင်းဘုတ်ဖြုတ်သိမ်းရေးကို ဆောင် ရွက်နိုင်ခြင်းမရှိဘဲ ၂၉.၁ဝ.၁၉၁၉ နေ့ အညံ့ခံလိုက်လျောအမိန့်ထုတ် ပြန်အတည်ပြုပေးခဲ့ရပေသည်။ နယ် ချဲ့တို့၏ လိမ်လည်သွေးခွဲသိမ်းပိုက် အုပ်စိုးချိန်တွင် ဥပဒေဘောင်အတွင်း မှ တော်လှန်အောင်မြင်မှုတစ်ရပ်ပင် ဖြစ်သည်။ နယ်ချဲ့တို့ မြန်မာနိုင်ငံကို အပြီးအပိုင်လက်လွတ်ထွက်ခွာရန် ပထမဆုံးဆုတ်ခွာပေးရသည့် ခြေ လှမ်းတစ်လှမ်းဟူ၍လည်း မှတ်ယူကြ လျက်ရှိသည်။

ဦးသိမ်းမောင်သည် ဝတ်လုံ ပေါက်စဘဝမှာပင် နယ်ချဲ့တို့အား ဖိနပ်စီးခြင်းကိစ္စကို နှလုံးရည်ဖြင့် အောင်ပွဲခံခဲ့သည်။ ဦးသိမ်းမောင်၏ ဘာသာရေးဗီဇကို နိုးဆွပေးလိုက် သည့်ပြင် နိုင်ငံရေးခေါင်းဆောင် အဖြစ်နှင့် ရွှေတိဂုံဘဏ္ဍာထိန်းမှစ၍ ဘာသာရေးအသင်းအဖွဲ့များ၏ ခေါင်းဆောင်လည်း ဖြစ်လာခဲ့၏။

ဝတ်လုံပေါက်စဘဝမှ စတင်ခဲ့ သော ဘာသာရေးသာသနာရေးကို ရှေ့တန်းကချည်း ရာသက်ပန်လုပ် ဆောင်သွားနိုင်သည်မှာ အလွန်ထူး ခြားလှပေ၏။

ဦးသိမ်းမောင်သည် အသက် ၂၉ နှစ်တွင် ရွှေတိဂုံစေတီတော် ဘဏ္ဍာထိန်းဆောင်ရွက်ပြီး အသက် ၃ဝ တွင် အင်္ဂလန်သွားနိုင်ငံကိုယ် စားလှယ်အဖြစ် လိုက်ပါခဲ့ချိန်မှစ၍ သီရိသုဓမ္မအဂ္ဂမဟာသရေစည်သူ မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာ အဖွဲ့ချုပ်ကြီးနှင့် နိုင်ငံတော်ဗုဒ္ဓသာ သနာအဖွဲ့ဥက္ကဋ္ဌ၊ နိုင်ငံတော် တရား ဝန်ကြီးချုပ် ဒေါက်တာသိမ်းမောင် ဘဝတိုင် ဘာသာရေးလုပ်ဆောင် ချက်များ အလွန်များပြားလှ၏။ များ ပြားသလောက်လည်း ထိရောက် အောင်မြင်ခဲ့သည်ချည်းဖြစ်၏။

ဦးသိမ်းမောင်အား တစ်ခေတ် မှာ တစ်ယောက်သာ ပေါ်ထွန်းခဲ့သူ တိုင်းပြုပြည်ပြု ၂ဝ ရာစုဓမ္မိကဥပါ သကာကြီးအဖြစ် တင်စားဂုဏ်ပြုကြ လျက်ရှိသည်။ သို့ကြောင့် ဦးသိမ်း မောင်၏ စွမ်းဆောင်ချက်ဘဝမှတ် တိုင်များကို အသေးစိတ်လေ့လာသိရှိ လိုပါက မှီငြမ်းထားသည့် ဓမ္မာစရိယ ဦးဌေးလှိုင်၏ ”ဓမ္မဒူတ”စာအုပ်တွင် လေ့လာဖတ်ရှုကြပါရန် ဖော်ညွှန်း တိုက်တွန်းအပ်ပါသည်။

မြတ်မင်းလှိုင်
မှီငြမ်း
ဓမ္မာစရိယဦးဌေးလှိုင်၏
ဗုဒ္ဓအသံစာပေ အမှတ် (၆)၊ ဓမ္မဒူတ

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071