မစ်ဆူဘီရှီဖလားပြိုင်ပွဲအတွက် လေ့ကျင့်ပြင်ဆင်နေသည့် မြန်မာ့လက်ရွေးစင်အသင်း နှင့် MNL All Star အသင်းတို့
ယမန်နေ့ ဒီဇင်ဘာ (၄)ရက် ညနေ(၄)နာရီအချိန်တွင် ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးအားကစားကွင်းအတွင်း ခြေစမ်းပွဲကစားခဲ့ကြရာ မြန်မာ့လက်ရွေးစင်အသင်းက (၂)ဂိုး (၁)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။
မြန်မာအသင်းအနေဖြင့် မစ်ဆူဘီရှီဖလားပြိုင်ပွဲမတိုင်ခင် နိုင်ငံတကာ ခြေစမ်းပွဲစဥ်များ ကစားရန်မရှိတော့သည့်အတွက် မဟာယူနိုက်တက်အသင်းနည်းပြ ဦးဇော်လင်းထွန်းက နည်းပြအဖြစ် တာဝန်ယူကိုင်တွယ်သည့် MNL All Star အသင်းနှင့် ခြေစမ်းပွဲ ကစားခဲ့ခြင်း ဖြစ်သည်။
MNL All Star အသင်းသည် မြန်မာနေရှင်နယ်လိဂ် (၁)နှင့် (၂)ရှိ နိုင်ငံခြားသားကစားသမားများဖြင့် သီးခြား ဖွဲ့စည်းထားသည့် အသင်းဖြစ်သည်။
ယခုလ ဒီဇင်ဘာ (၈)ရက်တွင် စတင်ယှဉ်ပြိုင်ကစားမည့် မစ်ဆူဘီရှီဖလားပြိုင်ပွဲ၌ အင်ဒိုနီးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ လာအို အသင်းတို့ တစ်အုပ်စုတည်းကျရောက်နေသည်။
AFF Mitsubishi Electric Cup 2024 ပြိုင်ပွဲကို ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ မြန်မာ၊ မလေးရှား ၊ စင်ကာပူ၊ ဖိလစ်ပိုင်၊ကမ္ဘောဒီးယား၊ လာအိုနှင့် တီမောအသင်းတို့ ဝင်ရောက်ယှဉ်ပြိုင်သွားကြမည်ဖြစ်သည်။
