Thursday, September 24, 2026

ရန်ကုန်တိုင်း၌ သမဝါယမအရောင်းဆိုင်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေး

ရန်ကုန်၊ စက်တင်ဘာ ၂၃ ရန်ကုန်တိုင်းဒေသကြီးအတွင်း သမဝါယမအရောင်းဆိုင်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သမဝါယမစနစ်ဖြင့် တောင်သူများနှင့် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်း (MSME) များ၏ ထုတ်လုပ်မှုစရိတ်...

UN အထွေထွေညီလာခံမှတစ်ဆင့် ထိုင်းကို ကမ္ဘာ့အာရုံစိုက်မှုရရှိစေရန်...

နယူးယောက်၊ စက်တင်ဘာ ၂၃ နယူးယောက်မြို့တွင် ကျင်းပနေသည့် (၈၁) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ (UNGA) သို့ တက်ရောက်ခြင်းမှတစ်ဆင့် ထိုင်းနိုင်ငံအပေါ် ကမ္ဘာ့နိုင်ငံများ၏ အာရုံစိုက်မှု...

တိုက်ဖွန်း ဒူဂျွမ်ကြောင့် တိုကျိုအနီးတစ်ဝိုက် ကိုးဦး‌ေ-သဆုံး၊...

တိုကျို၊ စက်တင်ဘာ ၂၃ ဂျပန်နိုင်ငံ ကန်တိုဒေသသို့ တိုက်ဖွန်းမုန်တိုင်း ဒူဂျွမ် (Dujuan) ဝင်ရောက်တိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တိုကျိုမြို့အနီးတစ်ဝိုက်တွင် လူကိုးဦး ‌ေ-သဆုံးပြီး လေးဦး...

အာရှအားကစားပြိုင်ပွဲတွင် ရွှေ၊ ငွေ၊ ကြေး...

ရန်ကုန်၊ စက်တင်ဘာ ၂၃ ဂျပန်နိုင်ငံ နာဂိုယာမြို့၌ စက်တင်ဘာ ၁၇ ရက်မှ ၂၀ ရက်အထိ ကျင်းပခဲ့သည့် အကြိမ် (၂၀) မြောက်...
HomeNewsLocal Newsဘူးသီးတောင်မြို့ရှိ ယာယီခိုလှုံရာ စခန်းများမှ...

ဘူးသီးတောင်မြို့ရှိ ယာယီခိုလှုံရာ စခန်းများမှ နေရပ်စွန့်ခွာ တိုက်ပွဲရှောင် အိမ်ထောင်စုများအား ဆန်အိတ်များ ထောက်ပံ့

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ရှိ ယာယီခိုလှုံရာ စခန်း (၃) ခုတွင် ခေတ္တခိုလှုံနေထိုင်လျက်ရှိသည့် နေရပ်စွန့်ခွာအိမ် ထောင်စုများအား ဆန်အိတ်များ ထောက်ပံ့ပေးအပ်ခဲ့ကြော င်း န.စ.က. သတင်းထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ထောက်ပံ့ပေးအပ်ခြင်းကို ဧပြီ (၂၂) ရက် နံနက်ပိုင်းက ဘူးသီးတောင်မြို့ရှိ အမှတ် (၁) အခြေခံပညာ အထက် တန်းကျောင်း၌ ပြုလုပ်ရာ နယ်မြေခံ တပ်နယ်မှ တာဝန်ရှိသူ များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့် ယာယီနေရပ်စွန့်ခွာသူ အိမ်ထောင်စုဝင်များ တက်ရောက်ခဲ့ကြသည်။

ထို့နောက် တာဝန်ရှိသူများက ရခိုင်ပြည် နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သည့် အိမ်ထောင်စုတစ်စုလျှင် ဆန်တစ်အိတ်နှင့် တစ်ပြည်နှုန်းဖြင့် အိမ်ထောင်စု ၉၅၅ စုအတွက် ဆန်အိတ် ၁၀၀၀ အိတ်တို့ကို ထောက်ပံ့ပေးအပ်ခဲ့ပြီး လိုအပ်သည်များ ညှိနှိင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ဧပြီလ (၁၇) ရက်က ဖြစ်ပွားခဲ့သည့် နေအိမ်များ မီးလောင်ဆုံးရှုံးခဲ့ရမှုကြောင့် ဘူးသီးတောင် ဒေသခံများ ဘေးလွတ်ရာသို့ ရွှေ့ပြောင်း နေထိုင်နေကြရခြင်းဖြစ်ပြီး အဆိုပါဖြစ် စဉ်ပေါ်အခြေခံကာ လူမျိုးရေးပဋိပက္ခအသွင် ဖန်တီးပုံဖော်မှုများ ရှိနေခြင်း ဖြစ်သည်။

ဘူးသီးတောင်မြို့ မီးလောင်မှုဖြစ်စဥ်နှင့်ပတ်သက်၍ နစက သတင်းထုတ်ပြန်ရေးဘက်မှ ထုတ်ပြန်ရာတွင် အိမ်ခြေ (၅၀) မီးလောင်ဆုံးရုံးခဲ့ကြောင်းသာ ပြောဆိုထားသော်လည်း ဒေသတွင်း သတင်းရင်းမြစ်များနှင့် သတင်းဌာနများ၏ ဖော်ပြချက်တွင် နယ်စည်းမခြား ဆရာဝန်များအဖွဲ့ရုံးခန်းအပါအ ဝင် အိမ်ခြေ (၂၀၀) ကျော် မီးလောင်ဆုံးရှုံးခဲ့ကြောင်း ဖော် ပြကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရန်ကုန်တိုင်း၌ သမဝါယမအရောင်းဆိုင်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေး

ရန်ကုန်၊ စက်တင်ဘာ ၂၃ ရန်ကုန်တိုင်းဒေသကြီးအတွင်း သမဝါယမအရောင်းဆိုင်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သမဝါယမစနစ်ဖြင့် တောင်သူများနှင့် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်း (MSME) များ၏ ထုတ်လုပ်မှုစရိတ် လျှော့ချနိုင်ရေး၊ ကုန်ထုတ်လုပ်မှုနှင့် ဝင်ငွေတိုးတက်စေရေးတို့အတွက် ဆွေးနွေးပွဲတစ်ရပ်ကို စက်တင်ဘာ ၂၃ ရက် နံနက်ပိုင်းက ဗဟန်းမြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီး သမဝါယမဦးစီးဌာနရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါဆွေးနွေးပွဲသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာထူးမောင် တက်ရောက်ခဲ့ပြီး သမဝါယမစနစ်သည် တောင်သူများနှင့် MSME လုပ်ငန်းများ၏ စိုက်ပျိုးမွေးမြူရေး၊ ကုန်ထုတ်လုပ်မှု၊ သွင်းအားစုရရှိရေးနှင့်...

UN အထွေထွေညီလာခံမှတစ်ဆင့် ထိုင်းကို ကမ္ဘာ့အာရုံစိုက်မှုရရှိစေရန် ဆောင်ရွက်မည်ဟု ဝန်ကြီးချုပ် အနူတင်ပြော

နယူးယောက်၊ စက်တင်ဘာ ၂၃ နယူးယောက်မြို့တွင် ကျင်းပနေသည့် (၈၁) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ (UNGA) သို့ တက်ရောက်ခြင်းမှတစ်ဆင့် ထိုင်းနိုင်ငံအပေါ် ကမ္ဘာ့နိုင်ငံများ၏ အာရုံစိုက်မှု ပိုမိုရရှိစေရန်နှင့် နိုင်ငံခြားခေါင်းဆောင်များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ရင်းနှီးမြှုပ်နှံသူများအကြား ထိုင်းနိုင်ငံအပေါ် ယုံကြည်မှု ပိုမိုခိုင်မာလာစေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဗီရာကူလ်က ပြောကြားသည်။ ဝန်ကြီးချုပ် အနူတင်က နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်၌ သတင်းထောက်များနှင့် တွေ့ဆုံစဉ် ၎င်း၏ သုံးရက်ကြာခရီးစဉ်အတွင်း နိုင်ငံအသီးသီးမှ ခေါင်းဆောင်များအပြင် ပုဂ္ဂလိကကဏ္ဍ၊ စီးပွားရေးကောင်စီများနှင့် ရင်းနှီးမြှုပ်နှံသူများ၏ ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း...

တိုက်ဖွန်း ဒူဂျွမ်ကြောင့် တိုကျိုအနီးတစ်ဝိုက် ကိုးဦး‌ေ-သဆုံး၊ လေးဦးပျေ-ာက်ဆုံး

တိုကျို၊ စက်တင်ဘာ ၂၃ ဂျပန်နိုင်ငံ ကန်တိုဒေသသို့ တိုက်ဖွန်းမုန်တိုင်း ဒူဂျွမ် (Dujuan) ဝင်ရောက်တိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တိုကျိုမြို့အနီးတစ်ဝိုက်တွင် လူကိုးဦး ‌ေ-သဆုံးပြီး လေးဦး ပျေ-ာက်ဆုံးနေကြောင်း ဒေသဆိုင်ရာအာဏာပိုင်များ၏ နောက်ဆုံးထုတ်ပြန်ချက်များအရ သိရသည်။ စက်တင်ဘာ ၂၃ ရက် ဒေသစံတော်ချိန် နံနက် ၈ နာရီအထိ ရရှိထားသည့် စာရင်းများအရ တိုကျိုမြို့အရှေ့ဘက် ချီဘာစီရင်စုတွင် ခြောက်ဦးနှင့် ကာနာဂါဝါစီရင်စုတွင် သုံးဦး ‌ေ-သဆုံးခဲ့သည်။ စီရင်စုနှစ်ခုတွင် ပျေ-ာက်ဆုံးသူ နှစ်ဦးစီရှိပြီး ကာနာဂါဝါစီရင်စု၌ တစ်ဦး အပြင်းအထန်ဒ-ဏ်ရာရရှိထားသည်။ တိုက်ဖွန်း ဒူဂျွမ်သည် စက်တင်ဘာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071