Monday, September 21, 2026

အာရှအားကစားပြိုင်ပွဲတွင် မြန်မာပိုက်ကျော်ခြင်းအသင်း ယှဉ်ပြိုင်မည့် အုပ်စုပွဲစဉ်များ...

နေပြည်တော်၊ စက်တင်ဘာ ၂၁ (၂၀) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင်ပိုက်ကျော်ခြင်းအသင်းသည် အမျိုးသမီးနှစ်ယောက်တွဲ၊ အမျိုးသားသုံးယောက်တွဲနှင့် အမျိုးသားလေးယောက်တွဲ ပြိုင်ပွဲအမျိုးအစားသုံးမျိုး၌ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး အုပ်စုအဆင့်တွင် တွေ့ဆုံရမည့်အသင်းများ...

အုပ်စုအဆင့်ဖြင့်သာ ကျေနပ်ခဲ့ရသည့် မြန်မာလက်ရွေးစင်အမျိုးသမီးအသင်း

ယနေ့ စက်တင်ဘာ ၂၁ရက် မွန်းလွဲ ၁နာရီအချိန်၌ ဂျပန်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် ၂၀၂၆ အာရှအားကစားအမျိုးသမီးဘောလုံးပြိုင်ပွဲအုပ်စုနောက်ဆုံးပွဲစဉ်တွင် မြန်မာလက်ရွေးစင်အမျိုးသမီးအသင်းနှင့် ဘင်္ဂလားဒေ့ရှ်အသင်းတို့ ယှဉ်ပြိုင်ကစားရာတွင်...

ပါမောက္ခချုပ်ဆရာတော်ကြီး၏ ဘွဲ့အမည်ကိုအလွဲသုံး စားပြု၍ ငွေကြေးလိမ်လည်ကောက်ခံမှုများရှိနေ...

ပါမောက္ခချုပ်ဆရာတော်ကြီး ဒေါက်တာနန္ဒမာလာဘိဝံသ၏ ဘွဲ့အမည်ကိုအလွဲသုံးစားပြု၍ ငွေကြေးလိမ်လည်ကောက်ခံမှုများရှိနေ၍သတိပြုကြရန် အနီးကပ်ကပ္ပိယအဖွဲ့က စက်တင်ဘာ ၁၇ ရက်တွင်အသိပေးထုတ်ပြန်ခဲ့သည်။ ပါမောက္ခချုပ်ဆရာတော်ကြီး၏ ဘွဲ့အမည်ကို အလွဲသုံး စားပြုလုပ်၍ အလှူခံခြင်း၊ ဆရာတော်ကြီးထံသွား...

Smart Agriculture အဖြစ်ဖော်ဆောင်ရာတွင် နည်းပညာသည်တောင်သူများအတွက်...

လယ်ယာကဏ္ဍကိုသမားရိုးကျ ထုတ်လုပ်မှုစနစ်ကနေ ခေတ်မီထိရောက်ပြီးရေရှည်တည်တံ့တဲ့ထုတ်လုပ်မှုစနစ်ကူးပြောင်းဖို့အထူးလိုအပ်ပါတယ်။ လယ်ယာကဏ္ဍမြှင့်တင်ရေးဟာ နိုင်ငံစီးပွားရေးတိုးတက်ရေးနဲ့ဆင်းရဲနွမ်းပါးမှုလျော့ချရေးရဲ့ပထမခြေလှမ်းဖြစ်ပါတယ်။ နည်းပညာဟာတောင်သူတွေအတွက် အပိုကုန်ကျစရိတ်တစ်ခုမဖြစ်သင့်ဘဲ ထုတ်လုပ်မှုကုန်ကျစရိတ်ကိုလျော့ချပေးနိုင်မယ့် ရင်းနှီးမြှုပ်နှံမှုတစ်ရပ်ဖြစ်လာဖို့ လိုအပ်ပါတယ်။ စီးပွား‌ရေးအကျိုးမြတ်တစ်ခုတည်းကိုမကြည့်ဘဲ စားရေရိက္ခာဖူလုံရေးကိုလည်း အခြေခံမူဝါဒအဖြစ်ထားရှိဖို့ လိုအပ်ပါတယ်။ အစိုးရကမူဝါဒနဲ့ပတ်ဝန်းကျင်ကောင်းဖန်တီးပေးခြင်း၊...
HomeCelebrities' Newsဘာပဲလုပ်လုပ် အဖေ့ကို မထိခိုက်မိစေဖို့အထူးသတိထား...

ဘာပဲလုပ်လုပ် အဖေ့ကို မထိခိုက်မိစေဖို့အထူးသတိထား တယ်ဆိုတဲ့ မေတ္တာမြင့်မြတ်ဟိန်း

လူရွှင်တော်ကြီး ဦးမေတ္တာရဲ့ သား မေတ္တာမြင့်မြတ်ဟိန်းက ဖခင် ဖြစ်သူရဲ့ အနုပညာအမွေကို ဆက်ခံမယ့်သူတစ်ယောက်ပါပဲ။ သူဟာ အခုဆိုရင် ဖခင်ဖြစ်သူ တည်ထောင်ထားတဲ့ မေတ္တာရွှေစင်အငြိမ့်မှာ လူရွှင်တော် တစ်ဦး အဖြစ်ပါဝင်တင်ဆက်နေပြီး အစီအစဉ်တင်ဆက်သူ အဖြစ်လည်း လုပ်ဆောင် လျက်ရှိပါတယ်။ ဖခင်ကို လေးစားအားကျတဲ့ သူဟာ ဦးမေတ္တာလိုပဲ စွယ်စုံရတဲ့ အနုပညာရှင်တစ်ဦးဖြစ်ချင်ပါတယ်လို့ ဆိုပါတယ်။ ဒါ့အပြင်သူက သူ့ရဲ့ညီမ လေးဖြစ်တဲ့ သက်လျာလွင်အပေါ်မှာ လည်း အစ်ကိုကြီး အဖအရာဆိုတဲ့ အတိုင်း ညီမဖြစ်သူဖြစ်ချင်တာ အား လုံးကို ဖြည့်ဆည်းပေးသွားမယ်လို့ သူက ပြောလာပါတယ်။

”ညီမလေးကတော့ ကျွန်တော့်ထက် အများကြီးသာပါတယ်။ ပညာ ရေးပိုင်းဆိုရင်လည်း ကျွန်တော်ဆိုရင် အင်္ဂလိပ်စာမကျွမ်းကျင်ဘူး။ သူဆိုရင် အင်္ဂလိပ်စာတအားတော်တယ်။ပြီးတော့ သူကတယောထိုးတာ တစ်အားတော် တယ်။ သူကလည်း ကျွန်တော့်ကို တိုင်ပင်ပါတယ်။ ဟိုတလော ကဆိုရင် သူတို့ ကျောင်းမှာအငြိမ့်ကကြတယ်။ ဘာပြက်လုံးလုပ်ရင် ကောင်းမလဲ ဘာလုပ် ရင်ကောင်းမလဲ ဆိုပြီး သူကတိုင်ပင်တယ်။ ကျွန်တော်ကလည်း ဘာလုပ် ဘာလုပ်ဆိုပြီးပြော ပြဖြစ်တယ်။သူဝါသနာပါတာက ဆရာဝန်တဲ့။ ဖြစ်အောင်လုပ် ရမှာကတော့ သူ့တာဝန်ပါပဲ။ ကျွန်တော်တို့ကတော့ ဘာမှလုပ်ပေးလို့ မရဘူးလေ။ ဘေးကနေ ပံ့ပိုးပေးရမှာပဲလေ။ ဖြစ်လည်းဖြစ်မှာပါ။ သူကတကယ်လည်း ကြိုးစားတယ်။ ဆရာဝန်ဖြစ်ပြီးရင်တော့ သူဝါသနာ ပါရာကို ထပ်ပြီးတော့ ပံ့ပိုးပေးသွားမယ်။ ရုပ်ရှင်ဆိုရင်လည်း ရုပ်ရှင် အလျောက် ဂီတဆိုရင်လည်း ဂီတအလျောက်ပေါ့လေ။ သူ့ရဲ့ Idol မချစ်သုဝေလို့ ပြောတယ်။ ဆရာဝန်လည်းဆရာ ဝန်သီချင်းလည်း ဆိုတယ်၊ ရုပ်ရှင်လည်း ရိုက်တာကို သူကတအားအား ကျတယ်။ မကြီးချစ်သုဝေလိုဖြစ်ချင်တယ်လို့ အမြဲပြောတယ်” ညီမဖြစ်သူ နဲ့ ပတ်သက်လို့ မေတ္တာမြင့်မြတ်ဟိန်းက ပြောပြပါတယ်။

သူကသားကြီးလည်းဖြစ်တဲ့ အတွက် သူတစ်ခုခုပြောတာဆိုတာ လုပ်တာမှာ ဖခင်ဖြစ်သူရဲ့ ပုံရိပ်ကို ထိခိုက်သွားမှာမျိုး စိုးရိမ်တဲ့အတွက် အထူးဂရုစိုက်ရတယ်လို့ သူက ပြောလာပါတယ်။ သူဟာ အနုပညာလော ကထဲကို ဝင်ရောက်ပြီး အနုပညာ အလုပ်လုပ်တဲ့အခါမှာလည်း ဖခင် ဖြစ်သူ ရဲ့နာမည်ကို မထိခိုက်စေဖို့ အထူးအာရုံစိုက်ရင်း ကြိုးစားနေပါ တယ်။

”ကျွန်တော်ဟာ အောင်မြင်နေ တဲ့သူတစ်ဦး မဟုတ်ပါဘူး။ အောင်မြင်ဖို့အတွက် ကြိုးစားနေဆဲ သူတစ် ဦးပါ။ အင်တာဗျူးတွေမှာ ကျွန်တော် အမြဲတမ်းဖြေပါတယ်။ ကျွန်တော်ဟာ ကိုယ့်ကိုယ်ကိုယ် အနုပညာရှင်လို့ မသတ်မှတ်ဘူး။ ဘောင်ကျဉ်းသွားမှာ စိုးလို့ပါ။ ကိုယ့်ဘာသာကိုယ် Freedoom ပဲနေမယ်။ အနုပညာ အလုပ်ကို တာဝန်ကျေအောင်လုပ်မယ်။ ကျွန်တော့်အဖေက ဦးမေတ္တာလေ။အဲဒီတော့ စကားပြောပြီဆိုရင် အဖေ့ ကိုသွားထိမှာ စိုးတယ်။ ပြီးတော့ ကျွန်တော်လုပ်မိတဲ့အရာတွေမှာ ကြိုက် တဲ့လူလည်း ရှိမယ်၊ မကြိုက်တဲ့လူ လည်း ရှိမယ်။ အဲဒီတော့လုပ်တဲ့လူ အပေါ် မူတည်ပြီး ဒီကောင်က ဘာ ကောင်လဲဆိုပြီး စုံစမ်းရင်အဖေ့ကို သွားထိမယ်။ အဲဒီတော့ စကားပြောရင်လည်း သတိထားရတယ်။ တစ်ခုခု လုပ်ပြီဆိုရင်လည်း ငါလုပ် သင့်လား၊ မလုပ်သင့်ဘူးလားဆိုတာ အမြဲပြန် တွေးတယ်။ အဖေ့လက်ထက်မှာ ဆေး ၅ဝ ဖိုးဖော်ပြီးသွားရင် ကျွန်တော့်လက်ထက်မှာ အဲဒီဆေး ၅ဝ ဖိုးထက်နည်းအောင်မဖော်ဘူး။ ၁ဝဝဖိုးဖြစ်အောင် ကျွန်တော်ကြိုးစားမယ်” သူဟာ ဖခင်ရဲ့ နာမည်ကိုမထိခိုက်စေဖို့ ဂရုစိုက်ရကြောင်းကို မေတ္တာမြင့် မြတ်ဟိန်းက ပြောပြပါတယ်။

လင်းအက္ခရာ

ဓာတ်ပုံ-မင်းမင်းထွန်း

Ads Space Available


Continue reading

အာရှအားကစားပြိုင်ပွဲတွင် မြန်မာပိုက်ကျော်ခြင်းအသင်း ယှဉ်ပြိုင်မည့် အုပ်စုပွဲစဉ်များ ထွက်ပေါ်

နေပြည်တော်၊ စက်တင်ဘာ ၂၁ (၂၀) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင်ပိုက်ကျော်ခြင်းအသင်းသည် အမျိုးသမီးနှစ်ယောက်တွဲ၊ အမျိုးသားသုံးယောက်တွဲနှင့် အမျိုးသားလေးယောက်တွဲ ပြိုင်ပွဲအမျိုးအစားသုံးမျိုး၌ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး အုပ်စုအဆင့်တွင် တွေ့ဆုံရမည့်အသင်းများ ထွက်ပေါ်လာပြီဖြစ်ကြောင်း သိရသည်။ အမျိုးသမီးနှစ်ယောက်တွဲ (Women Double) ပြိုင်ပွဲတွင် မြန်မာအသင်းသည် အုပ်စု (က) ၌ မလေးရှား၊ ဗီယက်နမ်နှင့် လာအိုအသင်းတို့နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ အုပ်စုပွဲစဉ်များကို စက်တင်ဘာ ၂၇ ရက်မှ ၂၈ ရက်အထိ ကျင်းပမည်ဖြစ်ပြီး အကြိုဗိုလ်လုပွဲကို စက်တင်ဘာ ၂၈ ရက်၊ ဗိုလ်လုပွဲကို စက်တင်ဘာ...

အုပ်စုအဆင့်ဖြင့်သာ ကျေနပ်ခဲ့ရသည့် မြန်မာလက်ရွေးစင်အမျိုးသမီးအသင်း

ယနေ့ စက်တင်ဘာ ၂၁ရက် မွန်းလွဲ ၁နာရီအချိန်၌ ဂျပန်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် ၂၀၂၆ အာရှအားကစားအမျိုးသမီးဘောလုံးပြိုင်ပွဲအုပ်စုနောက်ဆုံးပွဲစဉ်တွင် မြန်မာလက်ရွေးစင်အမျိုးသမီးအသင်းနှင့် ဘင်္ဂလားဒေ့ရှ်အသင်းတို့ ယှဉ်ပြိုင်ကစားရာတွင် သရေ ရလဒ်ဖြင့် ပွဲပြီးဆုံးခဲ့သည်။ ပွဲစဉ် ပထမပိုင်းနှင့် ဒုတိယပိုင်း ပြီးဆုံးချိန်အထိ ပြိုင်ဖက်နှစ်သင်းမှာ ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိဘဲ သရေရလဒ် ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။ မြန်မာအမျိုးသမီးအသင်းမှာ အုပ်စုတွင်း ၃ ပွဲကစား ၂ ပွဲရှုံး၊ ၁ ပွဲသရေ ရလဒ်ထွက်ပေါ်ထားပြီး အုပ်စုအဆင့်ဖြင့်သာ ကျေ နပ်ခဲ့ရခြင်းဖြစ်သည်။ မြန်မာအမျိုးသမီးအသင်းသည် အုပ်စု အဖွင့်ပွဲစဥ်တွင် တောင်ကိုရီးယားအသင်းကို ၅ ဂိုးပြတ်၊...

ပါမောက္ခချုပ်ဆရာတော်ကြီး၏ ဘွဲ့အမည်ကိုအလွဲသုံး စားပြု၍ ငွေကြေးလိမ်လည်ကောက်ခံမှုများရှိနေ သတိပြုကြရန် အနီးကပ်ကပ္ပိယအဖွဲ့သတိပေး

ပါမောက္ခချုပ်ဆရာတော်ကြီး ဒေါက်တာနန္ဒမာလာဘိဝံသ၏ ဘွဲ့အမည်ကိုအလွဲသုံးစားပြု၍ ငွေကြေးလိမ်လည်ကောက်ခံမှုများရှိနေ၍သတိပြုကြရန် အနီးကပ်ကပ္ပိယအဖွဲ့က စက်တင်ဘာ ၁၇ ရက်တွင်အသိပေးထုတ်ပြန်ခဲ့သည်။ ပါမောက္ခချုပ်ဆရာတော်ကြီး၏ ဘွဲ့အမည်ကို အလွဲသုံး စားပြုလုပ်၍ အလှူခံခြင်း၊ ဆရာတော်ကြီးထံသွား ရောက်လှူဒါန်းပေးမည်ဟုဆိုကာ ငွေကြေးလိမ်လည်ကောက်ခံခြင်းများပြုလုပ်နေခြင်းများကို တွေ့ရှိနေရကြောင်း အနီးကပ်ကပ္ပိယအဖွဲ့က အသိပေးခဲ့သည်။ ထို့ကြောင့် အလှူအတန်းများနှင့်ပတ်သက်၍ ဆရာတော်ကြီးထံတိုက်ရိုက်လျှောက်ထားပြီး ဆရာတော်ကြီးခွင့်ပြုသည့် အလှူကိစ္စရပ်များမှလွဲ၍ တဆင့်လှူဒါန်းရန် ငွေကြေးကောက်ခံခြင်း၊ ပါဝင်လှူဒါန်းခြင်းများလုံးဝ (လုံးဝ)မပြုလုပ်ကြပါရန် ဆရာတော်ကြီး၏ တိုက်ရိုက်ညွှန်ကြားချက်အရ အနီးကပ်ကပ္ပိယအဖွဲ့က အသိပေးထုတ်ပြန်ခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071