Saturday, September 19, 2026

နိုင်ငံရေးပါတီများအစုအဖွဲ့၏ အမြဲတမ်းအလုပ်အဖွဲ့ (၁၆)ဦးနှင့် အလှည့်ကျကိုယ်စားလှယ်(၁၆)ဦးရွေးချယ်

ပဋိပက္ခဖြစ်ပွားနေသည့်ဒေသများအား ယခင်ပုံစံအ တိုင်းပြန်လည်ရောက်ရှိနိုင်ရေးကိုဆွေးနွေး ငြိမ်းချမ်းရေးအတွက်ဆောင်ရွက်နိုင်ရန် နိုင်ငံရေးပါတီများအစုအဖွဲ့(၃၂)ပါတီ၏ အမြဲတမ်းအလုပ်အဖွဲ့(၁၆) ဦးနှင့် အလှည့်ကျကိုယ်စားလှယ်(၁၆)ဦးတို့ကိုရွေးချယ်ခဲ့ကြောင်း သိရသည်။ ယနေ့ စက်တင်ဘာ ၁၈ ရက်နံနက်ပိုင်းက နေပြည်တော်၌ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်...

ဝါစိုက်တောင်သူနှင့် ဝါလုပ်ငန်းရှင်(၅၁)ဦးတို့ကို ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုသင်တန်းပို့ချ

မကွေးတိုင်း၊ စလင်းမြို့နယ်ရှိ ဝါ လုပ်ငန်းလုပ်ကိုင်သူ များအနက် ဝါစိုက်တောင်သူနှင့် ဝါလုပ်ငန်းရှင်(၅၁)ဦးတို့ကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုသင်တန်းအား စက်တင်ဘာ ၁၇ ရက်က သင်ကြားပို့ချပေးခဲ့ကြောင်း...

ပေါင်မြို့နယ်ရှိ တရားမဝင်ရထားလမ်းကူးများ စနစ်တကျပိတ်သိမ်းရန် မှာကြား

ပေါင်၊ စက်တင်ဘာ ၁၈ မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရှိ ရထားလမ်းတစ်လျှောက် မတော်တဆထိခိုက်မှုများ ဖြစ်ပွားစေနိုင်သည့် တရားမဝင်ရထားလမ်းကူးများကို စနစ်တကျပိတ်သိမ်းရန် မွန်ပြည်နယ်အစိုးရအဖွဲ့၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်...

ဟိန္ဒူဘုရားရှင်ဖြစ်သည့် မဟာပိန္နဲ၏ ဂနေရှ်ပူ‌ဇော်ပွဲတော်ကို ရန်ကုန်မြို့၌...

ယနေ့ စက်တင်ဘာလ ၁၈ရက်တွင် ရန်ကုန်မြို့ ရွှေထွဋ်တင် Hexagon Complex ၌ Morya Indian မှ စီစဉ်ကျင်းပသော Ganesh(ဂနေ့ရှ်)...
HomeCelebrities' Newsဘယ်လို အခက်အခဲတွေပဲရှိရှိ ...

ဘယ်လို အခက်အခဲတွေပဲရှိရှိ အနုပညာ အလုပ်တွေ မလုပ်ဘဲနေမှာ မဟုတ်ဘူး မိုးဟေကို

စီးပွားရေးအလုပ်တစ်ဖက်နဲ့ အနုပညာအလုပ်တွေပါ လုပ်ဆောင်နေတဲ့ သရုပ်ဆောင် မိုးဟေကိုကတော့ လတ်တလောမှာ သူမရဲ့ ကိုယ်ပိုင် ထုတ်လုပ်ရေးက ထုတ်လုပ် ရိုက်ကူးတဲ့ ‘တောကျီးကန်း’ သို့မဟုတ် ခိုးဆိုးလုနှိုက် -၂ ရုပ်ရှင်ဇာတ်ကားမှာ မြင့်မြတ်၊ ခင်လှိုင် စတဲ့ သရုပ်ဆောင် များနဲ့အတူ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ သူမရဲ့ ကိုယ်ပိုင်ထုတ်လုပ်ရေးက ဒီရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးပုံ ဖော်ဖြစ်ခဲ့တာနဲ့ ပတ်သက်ပြီး အခုလို ပြောပြခဲ့ပါတယ်။

“မိုး ရုပ်ရှင်ထုတ်လုပ်ရေး အနေနဲ့ ခိုးဆိုးလုနှိုက် စတင်ရိုက်ကူး ကတည်းက ဒီလိုဇာတ်လမ်းမျိုးကို ပရိသတ်တွေ အားပေးခဲ့လို့ရှိရင် နောက်ဆက်တွဲ ရိုက်ကူးလို့ရမယ့် ဇာတ်လမ်းမျိုးရှာပြီး ရိုက်ကူးမယ်ဆို ပြီး စဉ်းစားထားတာရှိတယ်။ တကယ်လို့ ပရိသတ်မကြိုက်ခဲ့ဘူး ဆိုရင် တော့ နောက်တစ်မျိုးပြောင်း ရမှာပေါ့။ ထုတ်လုပ်ရေး အနေနဲ့ ကျ တော့လည်း ဇာတ်ကားတစ်ကား ပြီးရင်တစ်ကား ရိုက်ကူးဖို့ စီစဉ် ထား တာတော့ရှိတာပေါ့။ ခိုးဆိုးလုနှိုက်မှာ ကတည်းက သူငယ်ချင်းတွေက ကိုယ်တိုင်ပါဝင် သရုပ်ဆောင်ဖို့ တိုက်တွန်းကြပါတယ်။ ကိုယ်တိုင်က လည်း အနုပညာကို အခြေခံတဲ့ စီးပွားရေးအလုပ် လုပ်တဲ့အခါ ကျတော့ ဒါရိုက်တာကိုယ်တိုင်ကလည်း သရုပ်ဆောင်ခိုင်းတာကို ကိုယ် ကငြင်းခဲ့တယ်ပေါ့။ နောက်ဇာတ်ကားတွေကျရင် ပါဝင်ပြီး သရုပ်ဆောင် မယ်လို့လည်း ပြောဖူးတဲ့ စကားတွေရှိခဲ့တော့ ဒါရိုက်တာကလည်း တော ကျီးကန်းဇာတ်ကားမှာ သရုပ်ဆောင်ဖို့ တိုက်တွန်းတော့ ပါဝင် သရုပ် ဆောင်ဖြစ်သွားတာပါ။ ရှေ့က ဇာတ်ကားမှာလည်း မင်းသားတွေက အဓိကပေါ့နော်။ ဒီဇာတ်ကား မှာလည်း ကိုမြင့်မြတ်နဲ့ ဦးခင်လိုင် တို့က အဓိက ကျပါတယ်။ အစ်မ အနေနဲ့ကတော့ ပါဝင်အားဖြည့်ပေး ရုံသက် သက်ပါပဲ။ အစ်မတိုက်က ထုတ်လုပ်ရိုက်ကူးတာမို့လို့ အစ်မဇာတ်ထင် နေကြမှာစိုးလို့ပါ။ လုံးဝ မဟုတ်ပါဘူး” လို့ပြောပြခဲ့ပါတယ်။

စီပွားရေးတစ်ဖက်နဲ့ အမေကို လည်း ပြုစုစောင့်ရှောက်နေရတဲ့ သူမကတော့ ခုနောက်ပိုင်း အနုပညာ အလုပ်တွေ လျော့နည်းလာတာ တွေ့ရပါတယ်။ အနုပညာကို ဝါသနာပါလို့ အခက်အခဲတွေကြားက လျှောက်လှမ်းလာခဲ့ ၁ဝ နှစ်ကျော် ကာလကို ရောက်ခဲ့ပြီးဖြစ်တဲ့အတွက် အနုပညာအလုပ်ကို မလုပ်ဘဲနေမှာ မဟုတ်ပါဘူး လို့ပြောလာတဲ့ သရုပ် ဆောင် မိုးဟေကိုက . . .

“မိုး အနုပညာအလုပ်တွေ နည်းနည်း လျော့နည်းသွားတာက တော့ အမေနေမကောင်းဘူး။ နောက်တစ်ချက်ကကျတော့ ကိုယ် တိုင်လည်း အနုပညာအလုပ်တွေ လျော့တယ်။ ကိုယ်တိုင်ထုတ်လုပ်တဲ့ ဇာတ်ကားတိုင်းမှာတောင် ပါဝင်သရုပ်ဆောင်မထားဘူး။ အနုပညာ အလုပ်ကတော့ ဘယ်တော့မှ မလုပ်ဘဲနေမှာမဟုတ်ပါဘူး။ ဘာကြောင့် လဲဆိုတော့ ကိုယ်ကဒီအနုပညာ အလုပ်ကို ဝါသနာပါလို့ကို အခက်အ ခဲမျိုးစုံကြားထဲက၊ အတိုက်အခိုက် တွေကြားထဲက လျှောက်လှမ်းလာတာ ၁ဝ နှစ်ကျော် ကာလတစ်ခုကို ရောက်ခဲ့ပြီဆိုတော့လေ။ ကိုယ်ကလည်း အနုပညာ အခြေခံတဲ့ စီးပွားရေးအလုပ်ကိုလုပ်တယ်။ အချိန်ရရင် ရသလို စိတ်ပါရင်ပါသလို သရုပ်ဆောင် အလုပ်ကိုလည်း လုပ်သွားမှာပါ” လို့ပြောပြ ခဲ့ပါတယ်။

သတင်း၊ ဓာတ်ပုံ – ဇော်ဝင်းအောင်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071