Sunday, August 2, 2026

ပါရီ၌ ကျင်းပသည့် EWC 2026...

ပါရီ၊ ဩဂုတ် ၁ ပြင်သစ်နိုင်ငံ ပါရီမြို့တွင် ကျင်းပသည့် Esports World Cup (EWC) 2026 ၏ Mobile Legends:...

ရန်ကုန်-တိုက်ကြီးရထားလမ်းတစ်လျှောက် တရားမဝင် Level Crossing...

ရန်ကုန်-တိုက်ကြီးရထားလမ်းတစ်လျှောက် တရားမဝင် Level Crossing (လမ်းကူး)များကိုပိတ်သိမ်းရန်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ဇူလိုင် ၃၁ ရက်တွင် ရန်ကုန်တိုင်းအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်...

ငဝန်တာမြစ်ရေကာတာ တာဘောင်ကျိုးပေါက်မှုကြောင့်  လေးမျက်နှာမြို့နယ် ရပ်ကွက်(၅)ခုနှင့်...

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာမြစ်ရေ ကာတာ တာဘောင်သည် ဇူလိုင် ၃၀ ရက်ကကျိုးပေါက်ခဲ့သဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက်(၅) ခုနှင့် ကျေးရွာ(၉)ရွာအတွင်း၌ ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိရာ...

အီရန်ရဲ့ စွမ်းအင်အဆောက်အအုံတွေကို အကြီးအကျယ် တိုက်ခိုက်ဖို့...

ဒီအပတ် ပိတ်ရက်အတွင်းမှာ အီရန်ရဲ့ စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို အကြီးအကျယ် တိုက်ခိုက်ဖို့ အမေရိကန်နဲ့ အစ္စရေးတို့ စီစဉ်နေတယ်လို့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး CBS...
HomeNewsLocal Newsဖေဖော်ဝါရီ၁ရက်နောက်ပိုင်း ရင်းနှီးမြှပ်နှံမှု UK...

ဖေဖော်ဝါရီ၁ရက်နောက်ပိုင်း ရင်းနှီးမြှပ်နှံမှု UK မှအများဆုံးဟု ဂျပန်သတင်းဌာနကို ပြန်ကြားရေးဝန်ကြီးပြောကြား

ဖေဖော်ဝါရီ၁ရက်နောက်ပိုင်း ရင်းနှီးမြှပ်နှံမှု UK မှအများဆုံးဟု ဂျပန်သတင်းဌာနကို ပြန်ကြားရေးဝန်ကြီးပြောကြား

ယခုအချိန်အထိဖေဖော်ဝါရီ ၁ ရက်မှစပြီး ၂၀၂၂ ခုနှစ် ဇန်နဝါရီ၃၁ရက်အထိရင်းနှီးမြှုပ်နှံကဏ္ဍ ၁၂ ခု၊ လုပ်ငန်းပေါင်း ၄၄ ခုမှာ အမေရိကန်ဒေါ်လာ ၃၈၂၃ သန်းကျော် ရင်းနှီးမြှပ်နှံမှု ရှိနေတယ်လို့ ပြန်ကြားရေးဝန်ကြီးဦးမောင်မောင်အုန်းက ဂျပန်သတင်းဌာန တစ်ခုဖြစ်တဲ့ Mainichi သတင်းစာကိုပြောပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်မှ စပြီး (FDI) နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု စီမံကိန်း ၁၈ ခု၊ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံ မှု (MIC) စီမံကိန်း ၁၅ ခုကို ခွင့်ပြုထားခဲ့တယ်ဆိုတဲ့အကြောင်းလည်းပြောပါတယ်။

ရင်းနှီးမြှပ်နှံမှုတွေနဲ့ ပတ်သတ်ပြီး လျှပ်စစ်ကဏ္ဍမှာ ၃၀၆၂သန်းနဲ့ အများဆုံးရင်းနှီးမြှုပ်နှံခဲ့ပြီး အခြားဝန်ဆောင်မှုကဏ္ဍတွေမှာတော့ ၂၃၇ သန်းကျော်၊ စက်မှုကဏ္ဍမှာ အမေရိကန်ဒေါ်လာ ၁၉၉ သန်းကျော်ရှိတဲ့အကြောင်း၊ အမေရိကန်ဒေါ်လာ ၃၈၂၃ သန်းကျော်မှာ UK က အမေ ရိကန်ဒေါ်လာ ၂၅၀၄ သန်းနဲ့ ဂျပန်နိုင်ငံက အမေရိကန်ဒေါ်လာ ၅၁၆ သန်း၊ စင်ကာပူနိုင်ငံက အမေ ရိကန်ဒေါ်လာ ၄၄၂ သန်းလို့ ဝန်ကြီးကပြောပါတယ်။

ယခင်နှစ်နဲ့ နှိုင်းယှဥ်မယ်ဆိုရင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုဟာ ယခုနှစ်အတွင်း လုပ်ငန်းအရေ အတွက်ပေါင်း ၁၂၈ ခု လျော့နည်းသွားတယ်လို့ ပြောပါတယ်။

တစ်ဘက်မှာလည်း ပြင်သစ်တိုတယ်ကုမ္ပဏီစတဲ့ ကုမ္ပဏီကြီးတွေရဲ့ ထွက်ခွာမှုတွေလည်း ရှိနေပါတယ်။

ပြည်ပကုမ္ပဏီကြီးတွေ နိုင်ငံတွင်းက ထွက်ခွာသွားတာနဲ့ ပတ်သတ်ပြီး ဝန်ကြီးက၎င်းတို့ ရဲ့ မိခင်နိုင်ငံမှ ပြန်လည်ထွက်ခွာရန် တွန်းအားပေးမှုများကြောင့်အပြင် NUG နဲ့ PDF များရဲ့ ဆောင်ရွက်မှုများကြောင့်လည်းပါတယ်လို့ ဆက်ပြောပါတယ်။

ဝန်ကြီးက ပြန်ဝင်လာကြတဲ့ ကုမ္ပဏီတွေရှိပြီး ၂၀၂၁ ခုနှစ် မေလမှစတင်ကာ Business visa ထောက်ခံဆောင်ရွက်ပေးပြီး Relief Flight တွေနဲ့ ကုမ္ပဏီပေါင်း ၃၂၀၀ကျော်၊ နိုင်ငံခြားသား အရေအတွက် အားဖြင့် ၉၀၁၀ ပြန်လည်ဝင်ရောက်လာတာရှိတဲ့အကြောင်းနဲ့ စိတ်ချလက်ချ ရဲရဲတင်းတင်း မြန်မာနိုင်ငံမှာလာရောက် ရင်းနှီးမြှုပ်နှံကြဖို့ အလေးအနက် ဖိတ်ခေါ်လိုတဲ့အကြောင်းလည်း ထည့်သွင်းပြောဆိုသွားတာတွေ့ရပါတယ်။

Zaw Gyi

ေဖေဖာ္ဝါရီ၁ရက္ေနာက္ပိုင္း ရင္းႏွီးျမႇပ္ႏွံမႈ UK မွအမ်ားဆုံးဟု ဂ်ပန္သတင္းဌာနကို ျပန္ၾကားေရးဝန္ႀကီးေျပာၾကား

ယခုအခ်ိန္အထိေဖေဖာ္ဝါရီ ၁ ရက္မွစၿပီး ၂၀၂၂ ခုႏွစ္ ဇန္နဝါရီ၃၁ရက္အထိရင္းႏွီးျမႇဳပ္ႏွံက႑ ၁၂ ခု၊ လုပ္ငန္းေပါင္း ၄၄ ခုမွာ အေမရိကန္ေဒၚလာ ၃၈၂၃ သန္းေက်ာ္ ရင္းႏွီးျမႇပ္ႏွံမႈ ရွိေနတယ္လို႔ ျပန္ၾကားေရးဝန္ႀကီးဦးေမာင္ေမာင္အုန္းက ဂ်ပန္သတင္းဌာန တစ္ခုျဖစ္တဲ့ Mainichi သတင္းစာကိုေျပာပါတယ္။

၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီ ၂ ရက္မွ စၿပီး (FDI) ႏိုင္ငံျခားတိုက္႐ိုက္ ရင္းႏွီးျမႇဳပ္ႏွံမႈ စီမံကိန္း ၁၈ ခု၊ ျမန္မာႏိုင္ငံသား ရင္းႏွီးျမႇဳပ္ႏွံ မႈ (MIC) စီမံကိန္း ၁၅ ခုကို ခြင့္ျပဳထားခဲ့တယ္ဆိုတဲ့အေၾကာင္းလည္းေျပာပါတယ္။

ရင္းႏွီးျမႇပ္ႏွံမႈေတြနဲ႔ ပတ္သတ္ၿပီး လွ်ပ္စစ္က႑မွာ ၃၀၆၂သန္းနဲ႔ အမ်ားဆုံးရင္းႏွီးျမႇဳပ္ႏွံခဲ့ၿပီး အျခားဝန္ေဆာင္မႈက႑ေတြမွာေတာ့ ၂၃၇ သန္းေက်ာ္၊ စက္မႈက႑မွာ အေမရိကန္ေဒၚလာ ၁၉၉ သန္းေက်ာ္ရွိတဲ့အေၾကာင္း၊ အေမရိကန္ေဒၚလာ ၃၈၂၃ သန္းေက်ာ္မွာ UK က အေမ ရိကန္ေဒၚလာ ၂၅၀၄ သန္းနဲ႔ ဂ်ပန္ႏိုင္ငံက အေမရိကန္ေဒၚလာ ၅၁၆ သန္း၊ စင္ကာပူႏိုင္ငံက အေမ ရိကန္ေဒၚလာ ၄၄၂ သန္းလို႔ ဝန္ႀကီးကေျပာပါတယ္။

ယခင္ႏွစ္နဲ႔ ႏႈိင္းယွဥ္မယ္ဆိုရင္ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈ ဝင္ေရာက္မႈဟာ ယခုႏွစ္အတြင္း လုပ္ငန္းအေရ အတြက္ေပါင္း ၁၂၈ ခု ေလ်ာ့နည္းသြားတယ္လို႔ ေျပာပါတယ္။

တစ္ဘက္မွာလည္း ျပင္သစ္တိုတယ္ကုမၸဏီစတဲ့ ကုမၸဏီႀကီးေတြရဲ႕ ထြက္ခြာမႈေတြလည္း ရွိေနပါတယ္။

ျပည္ပကုမၸဏီႀကီးေတြ ႏိုင္ငံတြင္းက ထြက္ခြာသြားတာနဲ႔ ပတ္သတ္ၿပီး ဝန္ႀကီးက၎တို႔ ရဲ႕ မိခင္ႏိုင္ငံမွ ျပန္လည္ထြက္ခြာရန္ တြန္းအားေပးမႈမ်ားေၾကာင့္အျပင္ NUG နဲ႔ PDF မ်ားရဲ႕ ေဆာင္႐ြက္မႈမ်ားေၾကာင့္လည္းပါတယ္လို႔ ဆက္ေျပာပါတယ္။

ဝန္ႀကီးက ျပန္ဝင္လာၾကတဲ့ ကုမၸဏီေတြရွိၿပီး ၂၀၂၁ ခုႏွစ္ ေမလမွစတင္ကာ Business visa ေထာက္ခံေဆာင္႐ြက္ေပးၿပီး Relief Flight ေတြနဲ႔ ကုမၸဏီေပါင္း ၃၂၀၀ေက်ာ္၊ ႏိုင္ငံျခားသား အေရအတြက္ အားျဖင့္ ၉၀၁၀ ျပန္လည္ဝင္ေရာက္လာတာရွိတဲ့အေၾကာင္းနဲ႔ စိတ္ခ်လက္ခ် ရဲရဲတင္းတင္း ျမန္မာႏိုင္ငံမွာလာေရာက္ ရင္းႏွီးျမႇဳပ္ႏွံၾကဖို႔ အေလးအနက္ ဖိတ္ေခၚလိုတဲ့အေၾကာင္းလည္း ထည့္သြင္းေျပာဆိုသြားတာေတြ႕ရပါတယ္။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပါရီ၌ ကျင်းပသည့် EWC 2026 MLBB MSC ပြိုင်ပွဲတွင် မြန်မာကိုယ်စားပြု Yangon Galacticos အသင်း ဒုတိယဆု ရရှိ

ပါရီ၊ ဩဂုတ် ၁ ပြင်သစ်နိုင်ငံ ပါရီမြို့တွင် ကျင်းပသည့် Esports World Cup (EWC) 2026 ၏ Mobile Legends: Bang Bang (MLBB) Mid-Season Cup (MSC) ဗိုလ်လုပွဲစဉ်ကို ယနေ့ ဩဂုတ်လ ၁ ရက်နေ့တွင် ကျင်းပခဲ့ရာ မြန်မာနိုင်ငံကိုယ်စားပြု Yangon Galacticos (YG) အသင်းသည် ဒုတိယဆု (Runners-up) ကို ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။ ဗိုလ်လုပွဲစဉ် (Grand Finals) တွင် Yangon...

ရန်ကုန်-တိုက်ကြီးရထားလမ်းတစ်လျှောက် တရားမဝင် Level Crossing (လမ်းကူး)များကိုပိတ်သိမ်းမည်

ရန်ကုန်-တိုက်ကြီးရထားလမ်းတစ်လျှောက် တရားမဝင် Level Crossing (လမ်းကူး)များကိုပိတ်သိမ်းရန်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ဇူလိုင် ၃၁ ရက်တွင် ရန်ကုန်တိုင်းအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာမျိုးသော်က ရန်ကုန်-ပြည်ရထားလမ်းပိုင်းရှိ တိုက်ကြီးဘူတာထိ RBE ရထားဖြင့် ရထားလမ်းပိုင်း လုံခြုံစိတ်ချရမှုနှင့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကိုကြည့်ရှုစစ်ဆေးစဥ် ညှိနှိုင်းဆောင်ရွက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။ ရန်ကုန်-တိုက်ကြီး ရထားလမ်းတစ်လျှောက်တရားမဝင် Level Crossing (လမ်းကူး)များပိတ်သိမ်းနိုင်ရေး၊ ရ ထားလမ်းဘေးဝဲ/ယာတွင် နေထိုင်သူများအန္တရာယ် ကင်းရှင်းစေရန် ကျူးကျော်တဲများ၊ အဆောက်အအုံများရှင်းလင်းရေးတို့ကိုညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ထို့ပြင် ရထားလမ်းတစ်လျှောက် သံလမ်းများပြုပြင်ထိန်းသိမ်းနေမှု၊ သံလမ်းဇလီဖားတုံးများမြှင့်တင်နေမှုနှင့်...

ငဝန်တာမြစ်ရေကာတာ တာဘောင်ကျိုးပေါက်မှုကြောင့်  လေးမျက်နှာမြို့နယ် ရပ်ကွက်(၅)ခုနှင့် ကျေးရွာ(၉) ရွာမှရေဘေးသင့်သူ(၈,၃၈၂)ဦးရှိလာ

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာမြစ်ရေ ကာတာ တာဘောင်သည် ဇူလိုင် ၃၀ ရက်ကကျိုးပေါက်ခဲ့သဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက်(၅) ခုနှင့် ကျေးရွာ(၉)ရွာအတွင်း၌ ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိရာ စာ ရေးကွင်းကျေးရွာ၏ ရွာဦးဘုန်းကြီး ကျောင်းတွင် ယာယီရေဘေးကယ် ဆယ်ရေးစခန်းဖွင့်လှစ်ပြီး ရေဘေးသင့်သူ(၈,၃၈၂)ဦးကိုစောင့်ရှောက်ပေးထားကြောင်း သိရသည်။ အဆိုပါ ယာယီရေဘေးကယ်ဆယ်ရေးစခန်းတွင် ခိုလှုံနေထိုင်နေကြသော ရေဘေးသင့်သူများကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဒု တိယဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန် လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန် ကြီးဒေါက်တာစိုးဝင်းနှင့် ဧရာဝတီတိုင်းဝန်ကြီးချုပ်ဦးအေးကျော်တို့က ယနေ့ သြဂုတ် ၁ ရက်တွင်တွေ့ဆုံ၍ အားပေးစကားပြောကြားခဲ့ကြောင်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071