အာရှ-ပစိဖိတ် မီဒီယာ မိတ်ဖက် ဆက်ဆံရေး စီစဉ်ရေး ကော်မတီကို စတင်ဖွဲ့စည်းခြင်း
အာရှ-ပစိဖိတ် ဒေသတွင်းရှိ မီဒီယာ အဖွဲ့အစည်းများနှင့် သုတေသန အဖွဲ့အစည်းများ (Think Tanks) အကြား ပူးပေါင်းဆောင်ရွက်မှုကို ပိုမို နက်ရှိုင်းစေရန်အတွက် ဆင်ဟွာ သတင်းဌာန (Xinhua News Agency) သည် ဒေသတွင်းရှိ ထိပ်တန်း မီဒီယာများ၊ သုတေသန အဖွဲ့အစည်းများနှင့် အခြား စာသင်ကျောင်း/အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ “အာရှ-ပစိဖိတ် မီဒီယာ မိတ်ဖက် ဆက်ဆံရေး အစီအစဉ်” (Asia-Pacific Media Partnership Program) ကို စတင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
အာရှ-ပစိဖိတ် ဒေသတစ်ဝှမ်းရှိ မီဒီယာ အဖွဲ့အစည်းများအကြား အပြန်အလှန် အကျိုးပြုရေးနှင့် အတူတကွ အကျိုးအမြတ် ရရှိရေး (Win-Win Cooperation) တို့ကို မြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် အဆိုပါ အစီအစဉ်သည် အဆင့်မြင့် ဆွေးနွေးပွဲများ၊ ဟန်ချက်ညီ သတင်းဆက်သွယ်မှု၊ နည်းပညာဆိုင်ရာ တီထွင်ဆန်းသစ်မှုနှင့် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှု ဆိုသည့် ကဏ္ဍကြီး (၄) ခုကို အဓိကထား၍ မီဒီယာများအကြား ဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အတွက် ပလက်ဖောင်းတစ်ခုကို ထူထောင်ပေးမည် ဖြစ်သည်။
အစီအစဉ်၏ စီစဉ်ရေး ကော်မတီ (Organizing Committee) တွင် ပြည်တွင်း/ပြည်ပမှ ပညာရှင် အဖွဲ့အစည်း ၁၆ ခု ပါဝင်တည်ထောင်ထားပါသည်။ အဆိုပါ ကော်မတီသည် အစီအစဉ်၏ စီမံခန့်ခွဲမှု လုပ်ငန်းများနှင့် လုပ်ထုံးလုပ်နည်း စည်းမျဉ်းများ၊ မူဘောင်အောက်တွင် ဆောင်ရွက်မည့် လှုပ်ရှားမှု ဒီဇိုင်းများကို တိုင်ပင်ဆွေးနွေး ဆောင်ရွက်ရန် တာဝန်ရှိပါသည်။ စီစဉ်ရေး ကော်မတီ ဖွဲ့စည်းခြင်းကို အာရှ-ပစိဖိတ် မီဒီယာ ဖိုရမ် (Asia-Pacific Media Forum) အတွင်း တရားဝင် ကြေညာသွားမည် ဖြစ်ပြီး၊ ဒေသတွင်းရှိ မီဒီယာ အဖွဲ့အစည်းများနှင့် Think Tank များကို အစီအစဉ်တွင် ပါဝင်ရန် တရားဝင် ဖိတ်ကြားသွားမည် ဖြစ်သည်။
စီစဉ်ရေး ကော်မတီတွင် ပါဝင်သော တရုတ်နိုင်ငံမှ အဖွဲ့အစည်းများမှာ –
- People’s Daily
- Xinhua News Agency
- China Media Group
- China Daily
- China International Communications Group
- China News Service
- Nanfang Media Group
- Shenzhen News Group တို့ ဖြစ်ကြသည်။
ပြည်ပ အဖွဲ့အစည်းများ အဖြစ် –
- TASS Russian News Agency (ရုရှား)
- Vietnam News Agency (ဗီယက်နမ်)
- ANTARA News Agency (အင်ဒိုနီးရှား)
- Malaysian National News Agency – BERNAMA (မလေးရှား)
- Andina Peruvian News Agency (ပါရူ)
- Daily Scrum News
- Agence Kampuchea Presse (ကမ္ဘောဒီးယား)
- Pakistan Broadcasting Corporation (ပါကစ္စတန်) တို့ ပါဝင်ကြသည်။
စီစဉ်ရေး ကော်မတီဝင်များသည် အဆိုပါ အစီအစဉ်ကို ယခုနှစ်အတွင်း တရားဝင် စတင် ထူထောင်နိုင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်သည်။
အဆိုပါ အစီအစဉ်၏ အတွင်းရေးမှူးရုံး (Secretariat) ကို ဆင်ဟွာ သတင်းဌာန (Xinhua News Agency) တွင် အခြေစိုက် တည်ရှိမည် ဖြစ်ပါသည်။
