Tuesday, August 11, 2026

​အင်ဒိုနီးရှားမှာ ဒေါ်လာသန်းရာ‌ချီတန်တဲ့ ကက်တမင်းမူးယစ်ဆေး ၁.၃...

​နိုင်ငံခြားသင်္ဘောတစ်စင်းဆီကနေ ဒေါ်လာသန်းရာချီတန်တဲ့ ကက်တမင်း(Ketamine) မူးယစ်ဆေး ၁.၃ တန်ကို အင်ဒိုနီးရှား အာဏာပိုင်တွေက ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အကြီးအကဲက တနင်္ဂနွေနေ့မှာ ပြောပါတယ်။...

ပခုက္ကူမြို့ မြေနိမ့်ပိုင်းရပ်ကွက်ရှိ လူနေအိမ်များ၌ မြစ်ရေဝင်ရောက်နေ၊ယာယီရေဘေးရှောင်စခန်းများ...

ပခုက္ကူ၊ ဩဂုတ် ၁၀မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ရှိ မြစ်ကမ်းနံဘေးနှင့် မြေနိမ့်ပိုင်း ရပ်ကွက်များအတွင်းသို့ ဧရာဝတီမြစ်ရေ ဝင်ရောက်လာသဖြင့် တာဝန်ရှိသူများက ဩဂုတ် ၁၀ ရက်...

မလေးရှားဝန်ကြီးချုပ်ဖလား မြင်းစီးအားကစားပြိုင်ပွဲတွင် ငွေတံဆိပ်ရရှိခဲ့သည့် ပိုးပိုးဟန်အား...

ရန်ကုန်၊ ဩဂုတ် ၁၀ဇူလိုင် ၂၄ ရက်မှ ၂၆ ရက်အထိ မလေးရှားနိုင်ငံ၌ ကျင်းပခဲ့သည့် မလေးရှားဝန်ကြီးချုပ်ဖလား CSIJ-B မြင်းစီးအားကစားပြိုင်ပွဲတွင် နိုင်ငံ...

မြဝတီမြို့တွင် ပြည့်တန်ဆာလုပ်ငန်းများကင်းရှင်းပ ပျောက်စေရေးအတွက် ထိထိရောက်ရောက်အရေးယူဆောင်ရွက်မည်

ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ပြည့်တန်ဆာလုပ်ငန်းများကင်းရှင်းပ ပျောက်စေရေးအတွက် ထိထိရောက်ရောက်အရေးယူဆောင်ရွက်မည်ဟု ကရင်ပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိုးမိုးဝင်းက ပြောကြားသည်။ ယနေ့ သြဂုတ် ၁၀...
HomeInternationalဖိလစ်ပိုင်က ကျွန်းတစ်ကျွန်းကိုသိမ်းပိုက်သည့်ပုံ စစ်ရေးလေ့ကျင့်မှုပြုလုပ်

ဖိလစ်ပိုင်က ကျွန်းတစ်ကျွန်းကိုသိမ်းပိုက်သည့်ပုံ စစ်ရေးလေ့ကျင့်မှုပြုလုပ်

မနီလာ၊နိုဝင်ဘာ ၄

ဖိလစ်ပိုင်စစ်တပ်သည် နိုဝင်ဘာလ ၄ ရက်နေ့မှစကာ နှစ်ပတ်တာစစ်ရေးလေ့ကျင့်မှုပြုလုပ်မည်ဖြစ်ပြီး အဆိုပါလေ့ကျင့်မှုတွင် အငြင်းပွားတောင်တရုတ်ပင်လယ်အတွင်းရှိ ကျွန်းတစ်ကျွန်းကို သိမ်းပိုက်သည့်ပုံစံစစ်ရေးလေ့ကျင့်မှုလည်းပါဝင်မည်ဖြစ်ကြောင်းသိရသည်။

အဆိုပါစစ်ရေးလေ့ကျင့်မှုတွင် ဖိလစ်ပိုင်ကြည်းတပ်၊ရေတပ်နှင့် လေတပ်မှ စစ်သည်အင်အား ၃,၀၀၀ ကျော် ပါဝင်မည်ဖြစ်ပြီး မည်သည့်နိုင်ငံကိုမှ ရန်စလိုခြင်းမရှိကြောင်း ဖိလစ်ပိုင်စစ်တပ်အရာရှိများကပြောကြားခဲ့သည်။

တောင်တရုတ်ပင်လယ်တစ်ခုလုံးနီးပါးသည် ၎င်း၏အပိုင်ဖြစ်သည်ဟု တရုတ်ကအခိုင်အမာပြောကြားထားသကဲ့သို့ အင်အားတိုးချဲ့မှုလည်းရှိလာသည့်အတွက် ဖိလစ်ပိုင်၊ဗီယက်နမ်တို့နှင့် မကြာခဏထိပ်တိုက်တွေ့လေ့ရှိပြီး ရေပိုင်နက်အငြင်းပွားမှုတွင် မလေးရှား၊အင်ဒိုနီးရှား၊ဘရူနိုင်းနှင့်ထိုင်ဝမ်တို့လည်းပါဝင်သည်။

“ကိုယ့်နိုင်ငံအချုပ်အခြာ အာဏာ ကိုထိပါးလာနိုင်တဲ့ ပြင်ပခြိမ်းခြောက်မှုတွေအတွက် ပြင်ဆင်ဖို့ရည်ရွယ်တာကလွဲလို့ တခြားဘယ်နိုင်ငံကိုမှ ရန်စလိုခြင်းမျိုးမရှိပါဘူး” ဟု ဖိလစ်ပိုင်တပ်မတော်၏အကြီးအကဲဗိုလ်ချုပ်ကြီးက ဖွင့်ပွဲအခမ်းအနား၌ပြောကြားခဲ့သည်။

ယခုစစ်ရေးလေ့ကျင့်မှုကို တရုတ်နိုင်ငံဘက်မှ စောင့်ကြည့်ကောင်းစောင့်ကြည့်နေနိုင်သော်လည်း လာရောက်စွက်ဖက်လိမ့်မည်မဟုတ်ဟုမျှော်လင့်ကြောင်းလည်း ၎င်းကဆက်လက်ပြောကြားခဲ့ပြီး တရုတ်နိုင်ငံဘက်က အခြေအနေကို လှည့်ပတ်စောင့်ကြည့်လည်း ကိစ္စမရှိကြောင်းပြောကြားခဲ့သည်။

Source : အေပီ/အီးစီ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

​အင်ဒိုနီးရှားမှာ ဒေါ်လာသန်းရာ‌ချီတန်တဲ့ ကက်တမင်းမူးယစ်ဆေး ၁.၃ တန်ဖမ်းဆီးရမိ

​နိုင်ငံခြားသင်္ဘောတစ်စင်းဆီကနေ ဒေါ်လာသန်းရာချီတန်တဲ့ ကက်တမင်း(Ketamine) မူးယစ်ဆေး ၁.၃ တန်ကို အင်ဒိုနီးရှား အာဏာပိုင်တွေက ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အကြီးအကဲက တနင်္ဂနွေနေ့မှာ ပြောပါတယ်။ ဒါဟာ အင်ဒိုနီးရှားနိုင်ငံရဲ့ အကြီးမားဆုံး မူးယစ်ဆေးဖမ်းဆီးရမိမှုတွေထဲက တစ်ခုပါပဲ။ သင်္ဘောပေါ်က အမှုထမ်း ၈ ဦးကို ထိန်းသိမ်းထားရာမှာ မြန်မာနိုင်ငံသား ၇ ဦးနဲ့ ထိုင်ဝမ်သား ၁ ဦး ပါဝင်တယ်လို့ မူးယစ်ဆေးဝါးနှိမ်နင်းရေးအေဂျင်စီက ဆိုပါတယ်။ ​ဖေဖော်ဝါရီလတုန်းက ထိုင်းနိုင်ငံကနေ အရှေ့ဘက်ကို ဦးတည်ထွက်ခွာလာတဲ့ MV King Sun သင်္ဘောပေါ်မှာ "မသင်္ကာစရာ"...

ပခုက္ကူမြို့ မြေနိမ့်ပိုင်းရပ်ကွက်ရှိ လူနေအိမ်များ၌ မြစ်ရေဝင်ရောက်နေ၊ယာယီရေဘေးရှောင်စခန်းများ သတ်မှတ်နေရာချထားပေးရန် စီစဉ်

ပခုက္ကူ၊ ဩဂုတ် ၁၀မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ရှိ မြစ်ကမ်းနံဘေးနှင့် မြေနိမ့်ပိုင်း ရပ်ကွက်များအတွင်းသို့ ဧရာဝတီမြစ်ရေ ဝင်ရောက်လာသဖြင့် တာဝန်ရှိသူများက ဩဂုတ် ၁၀ ရက် နံနက်ပိုင်းတွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။ အဆိုပါ ကွင်းဆင်းစစ်ဆေးမှုတွင် ခရိုင်နှင့် မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌများ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလှဝင်းဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ပါဝင်ခဲ့ပြီး ပခုက္ကူမြို့၊ မြစ်ကမ်းနံဘေးနှင့် မြေနိမ့်ရပ်ကွက်များရှိ လူနေအိမ်များအထိ မြစ်ရေဝင်ရောက်မှုများ၊ မြစ်ရေဝင်ရောက်မှု ကြောင့် ရွှေ့ပြောင်းပြီးနှင့် ရွှေ့ပြောင်းရန် လိုအပ်သည့်လူနေအိမ်များ၊ မြစ်ရေတက်မှုအခြေအနေများကို...

မလေးရှားဝန်ကြီးချုပ်ဖလား မြင်းစီးအားကစားပြိုင်ပွဲတွင် ငွေတံဆိပ်ရရှိခဲ့သည့် ပိုးပိုးဟန်အား ဂုဏ်ပြုပွဲကျင်းပ

ရန်ကုန်၊ ဩဂုတ် ၁၀ဇူလိုင် ၂၄ ရက်မှ ၂၆ ရက်အထိ မလေးရှားနိုင်ငံ၌ ကျင်းပခဲ့သည့် မလေးရှားဝန်ကြီးချုပ်ဖလား CSIJ-B မြင်းစီးအားကစားပြိုင်ပွဲတွင် နိုင်ငံ ၁၄ နိုင်ငံမှ ပြိုင်ပွဲဝင် ၁၇ ဦးအနက် ဒုတိယဆု ငွေတံဆိပ်ရရှိခဲ့သူ မြန်မာ့မျိုးဆက်သစ် မြင်းစီးအားကစားသမား ပိုးပိုးဟန်အား ဂုဏ်ပြုသည့် အခမ်းအနားကို ဩဂုတ် ၉ ရက် နံနက်ပိုင်းက မြောက်ဒဂုံမြို့နယ်ရှိ မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ် Club House ၌ ကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားတွင် အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးပြုံးမောင်မောင်က ပိုးပိုးဟန်၏ ဓာတ်ပုံနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071