Thursday, May 14, 2026

ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကူးပြောင်းမှုသည် မြန်မာအပါအဝင် ကမ္ဘာ့နိုင်ငံများ၏ ဦးစားပေးလုပ်ငန်းဖြစ်လာဟု...

လက်ရှိကမ္ဘာ့အခြေအနေများအရ စွမ်းအင်လုံခြုံရေးအတွက် တွင်းထွက်စွမ်းအင်မှ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သို့ ကူးပြောင်းရေးသည် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများ၏ ဦးစားပေးလုပ်ငန်းတစ်ရပ် ဖြစ်လာကြောင်း လန်ဒန်မြို့ရှိ မြန်မာသံရုံး၏ သံရုံးယာယီတာဝန်ခံ/သံအမတ် ဦးဝင်းဇေယျာထွန်းက...

ဂုရုကြီး ဆရီဆရီ ရှာဗီရှန်ကာ ၏...

ယနေ့ မေလ ၁၃ ရက်တွင် အိန္ဒိယလူမျိုး ကမ္ဘာကျော်ငြိမ်းချမ်းရေးသံတမန်နှင့် လူမှုရေးခေါင်းဆောင်တစ်ဦး ဖြစ်သည့် ဂုရုကြီး ဆရီဆရီ ရှာဗီရှန်ကာ ၏ နှစ်(၇၀)ပြည့်မွေးနေ့...

မက်မန်းမြို့နယ်နှင့် မြဝတီမြို့တို့မှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တရုတ်နိုင်ငံသား(၁၁၀)...

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မက်မန်းမြို့နယ်ရှိ သံလွင်မြစ်အနီးနှင့် ကရင်ပြည်နယ်၊ မြဝတီမြို့ဝန်းကျင်တို့မှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တ ရုတ်နိုင်ငံသား(၁၁၀)ဦးကို လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ယမန်နေ့ မေ ၁၂ ရက်နံနက်ပိုင်းနှင့်...

သာကေတ ဇိနမာရ်အောင်စေတီတော်မြတ်ကြီး ရွှေသင်္ကန်းကပ်လှူရန် အလှူငွေ...

အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ရွှေသင်္ကန်းအလှူရှင်များ လှူဒါန်းသည့် အလှူငွေများကို လက်ခံရယူခဲ့ကြသည်။ ဇိနမာရ်အောင်စေတီတော်မြတ်ကြီး...
HomeMusicပရိုဂျူဆာရွေးပေးတဲ့သီချင်းတွေကိုဆိုပြီး အခွေထုတ်လိုက်တဲ့ ထက်အိမ်

ပရိုဂျူဆာရွေးပေးတဲ့သီချင်းတွေကိုဆိုပြီး အခွေထုတ်လိုက်တဲ့ ထက်အိမ်

အိပ်မက်ဆုံရာပြိုင်ပွဲဝင် ထက်အိမ်ကတော့’ ရေ’လို့ အမည်ရတဲ့ အခွေကိုထုတ်ခဲ့ပါတယ်။ အဆိုပါ အခွေမှာ ပြန်ဆိုတေးတွေများတဲ့အတွက် ပရိသတ်ဝေဖန်မှုအတွက် စိုးရိမ်နေကြောင်းကိုတော့ …

“ကျွန်တော် ဒီအခွေကို စီစဉ်တာ ကြာပါပြီ။ ဒီထဲမှာ သီချင်း ၁၂ ပုဒ် လောက်ပါတယ်။ ပြန်ဆိုတေး ၁ဝ ပုဒ်လောက်ပါတယ်။ တစ်ခွေလုံး မှာ ပြန်ဆိုထားတဲ့ သီချင်းတွေများပေမယ့် ပြန်ဆိုတေးအနေနဲ့ ထွက်တာမဟုတ်ပါဘူး။ ကျွန်တော်ရဲ့ ကိုယ်ပိုင်သီချင်း ကို ခေါင်းစဉ်တင်ထားတယ်။ ပြိုင်ပွဲဝင်တုန်းက ဆိုထားတဲ့ သီချင်းတွေ လည်းပါတယ်။ ပြန်ဆိုတေးဆိုတဲ့အခါမှာ လည်း အရမ်းတာဝန်ကြီးတယ်။ ကျွန်တော်တို့မှာ မှားသွားရင် သူတို့ရဲ့ ပရိသတ်တွေ ငြိုငြင်သွားမှာလည်း စိုးရတယ်။ ကျွန်တော်တို့ကလည်း ကြိုးစားပြီးတော့ အကောင်းဆုံးဖြစ်အောင်ဆိုလိုက်တာပဲ။ ဒီသီချင်းတွေက ကျွန်တော်ရဲ့ ပရိုဂျူဆာ ဦးသိန်းတန်ကိုယ်တိုင်က ကျွန်တော်ကို ဆို စေချင်လို့ ရွေးပေးထားတဲ့ သီချင်းတွေပါ။ ဘယ်အဆိုတော်မဆို သီချင်း တွေချစ်လို့ သီချင်းဆိုတယ်။ သီချင်းကိုပျက်သွားအောင် ဘယ်သူမှာလုပ်ဆိုမှာမဟုတ်ဘူး။ ဒီလို့ဆိုတဲ့အတွက် ဝေဖန်တာတော့ရှိမှာပေါ့။ ဝေဖန်တာ တော့နေရာတိုင်းမှာရှိတယ်။တကယ် တမ်းဝေဖန်တာကလည်း ကောင်းတဲ့ ဝေဖန်မှုနဲ့မကောင်းတဲ့ဝေဖန်မှုတွေလည်း ရှိတယ်။ ကောင်းတဲ့ဝေဖန်မှု ဆိုရင်တော့ နားထောင်လိုက်မယ်။ မကောင်း တဲ့ ဝေဖန်မှုဆိုရင်တော့ သိပ်ဂရုစိုက်ဖြစ်မှာ မဟုတ်ပါဘူး” လို့ ပြောပါတယ်။

အခွေထွက်နိုင်ပြီဖြစ်လို့ အရမ်း ပျော်နေတယ်ဆိုတဲ့ အကြောင်းကိုလည်း ထက်အိမ်က အခုလိုပြောပြခဲ့ပါတယ်။ “ကျွန်တော် သီချင်းခွေလေး ထွက်ပြီဆိုတော့ အရမ်းပျော်မိတယ်။ ပရိသတ်အားပေးမှုကိုတော့ အရမ်းကြီးမျှော်လင့် မထားပါဘူး။ ကျွန်တော်က ပြိုင်ပွဲကတည်းက အရမ်းမမျှော်လင့်မထားတော့လေ။ ကျွန်တော်က အစွမ်းကုန် ကြိုးစား ထားတဲ့အတွက် ပရိသတ်တွေ စိတ်ကျေနပ်မယ်လို့လည်းယုံပါတယ်။ ကျွန်တော်ရဲ့ ‘ရေ’သီချင်းခွေလေးကို  ဖေဖော် ဝါရီလမှာစပြီး ဖြန့်ချိပြီးပါပြီ”လို့ ထက်အိမ်က ဆိုပါတယ်။

 ချယ်ရီ

ဓာတ်ပုံ – ဇွဲမာန်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071