Home News Local News ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်ဥက္ကဋ္ဌ ဦးဆောင်သည့်အဖွဲ့နှင့် တွေ့ဆုံ

ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်ဥက္ကဋ္ဌ ဦးဆောင်သည့်အဖွဲ့နှင့် တွေ့ဆုံ

0
85

MSME များ တရားဝင်မှတ်ပုံတင် ဆောင်ရွက်နိုင်ရေးနှင့် ဒီဂျစ်တယ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများဖြင့် ပံ့ပိုးကူညီရေးဆွေးနွေး

စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယမန်နေ့က မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်ဥက္ကဋ္ဌ ဦးဆောင်သည့်အဖွဲ့အား လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။

နိုင်ငံတစ်ဝန်းရှိ MSME များ တရားဝင်မှတ်ပုံတင် ဆောင်ရွက်နိုင်ရေးအတွက် Single Window စနစ်ကို အဆင့်မြှင့်တင်ဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်ရေး၊ MSME လုပ်ငန်းရှင်များအနေဖြင့် မိုဘိုင်းအက်ပ်များမှတစ်ဆင့် လုပ်ငန်းများအဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်၏ ဒီဂျစ်တယ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများဖြင့် ပံ့ပိုးကူညီရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုပြင်  e-Learning Platform များ တည်ထောင်ရာတွင် ပူးပေါင်းဆောင်ရွက်ရေး၊ လာမည့် ဇွန် ၂၇ ရက်တွင် ကျရောက်မည့်နိုင်ငံတကာအသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများနေ့တွင် သုတေသနစာတမ်းဖတ်ပွဲများ၊ ဆွေးနွေးပွဲများ၊ အတွေ့အကြုံများ မျှဝေခြင်းကဏ္ဍများပါဝင်သည့် အစီအစဉ်ရေးဆွဲနိုင်ရေးဆိုင်ရာကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

ပြည်ပတွင် အလုပ်လုပ်ကိုင်လျက်ရှိသည့် မြန်မာနိုင်ငံသားများအနေဖြင့် MSME များတွင် လုပ်ကိုင်ဆောင်ရွက်နိုင်ကြောင်းကို ကျယ်ကျယ်ပြန့်ပြန့်သိမြင်ပြီး MSME ကဏ္ဍတွင် ပါဝင်နိုင်ရေးအတွက် တစ်ဖက်တစ်လမ်းမှ ကူညီပံ့ပိုးပေးနိုင်ရေးဆိုင်ရာကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံပွဲအခမ်းအနားသို့ စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးသွင်အောင်၊ ဒေါက်တာအောင်ဇေယျနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ခြင်းလည်း ဖြစ်သည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here