Home News Local News ဒဂုံတက္ကသိုလ်ခွဲရုံရှိ ၁၁ကေဗွီ စတေရှင်ဖီဒါ၏ Circuit Breaker အပြစ်ဖြစ် ဒဂုံတက္ကသိုလ်အပါအဝင် ရပ် ကွက်အများစု၌ လျှပ်စစ်ဓာတ်အားပြတ်နေ

ဒဂုံတက္ကသိုလ်ခွဲရုံရှိ ၁၁ကေဗွီ စတေရှင်ဖီဒါ၏ Circuit Breaker အပြစ်ဖြစ် ဒဂုံတက္ကသိုလ်အပါအဝင် ရပ် ကွက်အများစု၌ လျှပ်စစ်ဓာတ်အားပြတ်နေ

0
70

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ဒဂုံတက္ကသိုလ်ခွဲရုံရှိ (၃၃/၁၁) ကေဗွီ (၁၀) အမ်ဗွီအေ ထရန်စဖော်မာ(No.1)ဓာတ်အားဖြန့်ဖြူးထားသော ၁၁ ကေဗွီ စတေရှင်ဖီဒါ၏ Circuit Breaker သည် ယနေ့ မေ ၂၈ ရက်နံနက် ၁၂ နာရီခွဲခန့်ကစတင်ကာ အပြစ်ဖြစ်ပေါ်လျက်ရှိသည်ဟု ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC)ကအသိပေးခဲ့သည်။

ယင်း ဓာတ်အားခွဲရုံမှ ဓာတ်အားပေးထားသည့် ဒဂုံတက္ကသိုလ်၊ ဒဂုံအရှေ့မြို့နယ်ရှိ ၁၁၈၊ ၁၂၃၊ ၁၂၄၊ ၁၂၅၊ ၁၂၆၊ ၁၃၂၊ ၁၃၃၊ ၁၃၄၊ ၁၃၅၊ ၁၃၆၊ ၁၃၈၊ ၁၅၅၊ ၁၅၆ ရပ်ကွက်များ၊ ၁၁၀၊ ၆၊ ၃၊ ၁၊ ၂ ရပ်ကွက်များ၊ ၃၊ ၄၊ ၅၊ ၆ ရပ်ကွက်များတွင် ယာယီဓာတ်အားပြတ်တောက်လျက်ရှိသည်ဟု အသိပေးခဲ့သည်။

ထို့ကြောင့် ဓာတ်အားဖြန့်ဖြူးရေးဌာနလျှပ်စစ်ဝန်ထမ်း များမှ ဓာတ်အားအမြန်ပြန်လည်ရရှိနိုင်ရေးအတွက်  စမ်းသပ်စစ်ဆေးပြုပြင်ဆောင်ရွက်လျက်ရှိသည်ဟု YESC ကအသိပေးခဲ့သည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here