Thursday, August 6, 2026

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ်တို့ တွေ့ဆုံ၊...

ဗန်ကောက်၊ ဩဂုတ် ၆ ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) အဖြစ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင်...

လေးမျက်နှာတွင် ရေကျော်မှုကို တားဆီးရန် Geo...

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာအောက်ခံ မြစ်ကျိုးအင်း သဲကြောထူးပေါက်မှုကြောင့် တာနိမ့်ကျကာ ရေကျော်စီးဝင်နေသည့်နေရာများကို Geo Bag များ အသုံးပြု၍ တားဆီးပိတ်ဆို့လျက်ရှိကြောင်း ဧရာဝတီတိုင်းဒေသကြီး...

လေးမျက်နှာရေဘေး ကယ်ဆယ်ရေးပြုလုပ်စဥ် အသက်ကယ်ဝတ်စုံမဖြစ်မနေဝတ်ဆင်ကြရန် တိုင်းအစိုးရအဖွဲ့မေတ္တာရပ်ခံ

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၌ ဖြစ်ပေါ်လျက်ရှိသည့် ရေကြီးရေလျှံမှုဖြစ်စဥ်တွင် ကူညီကယ်ဆယ်ရေးလုပ် ငန်းများပြုလုပ်လျက်ရှိသောအဖွဲ့ဝင်များအနေဖြင့် ကယ်ဆယ်ရေးပြုလုပ်စဥ် အသက်ကယ်ဝတ်စုံ(Life Jacket)မဖြစ်မနေဝတ်ဆင်ကြရန် ဧရာဝတီတိုင်းအစိုးရအဖွဲ့က မေတ္တာရပ်ခံခဲ့သည်။ ကယ်ဆယ်ရေးပြုလုပ်ရာတွင် စက်လှေ၊ လှေများဖြင့်...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ထိုင်းဝန်ကြီးချုပ်က အစိုးရအိမ်တော်၌...

ဗန်ကောက်၊ ဩဂုတ် ၆ ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) အဖြစ် ရောက်ရှိနေသည့်...
HomeInternationalပျောက်နေသူကယ်ပေးဖို့ တရုတ်ဇနီးမောင်နှံကထိုင်းသံရုံး၌တောင်းဆို

ပျောက်နေသူကယ်ပေးဖို့ တရုတ်ဇနီးမောင်နှံကထိုင်းသံရုံး၌တောင်းဆို

‌ဘန်ကောက်၊ဇန်နဝါရီ ၁၅

တရုတ်နိုင်ငံမှ အသက် ၆၄ နှစ်နှင့် ၆၀ နှစ်အရွယ်ရှိဇနီးမောင်နှံသည် ပျောက်ဆုံးနေသည့် ၎င်းတို့၏သားဖြစ်သူကိုရှာဖွေပေးရန် ထိုင်းသံရုံးသို့တောင်းဆိုခဲ့ကြကြောင်းသိရသည်။

၎င်းတို့၏သားသည် အသက် ၃၂ နှစ်အရွယ်ရှိပြီဖြစ်ကာ ထိုင်းနိုင်ငံ၌ပျောက်ဆုံးနေသည်ဟုဆိုကာ သံရုံးတာဝန်ရှိသူများနှင့်လမ်းသွားလမ်းလာများကို အကူအညီတောင်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ဖခင်ဖြစ်သူမစ္စတာဆမ်ကမူ သားဖြစ်သူအား ပြီးခဲ့သည့်နှစ် ဧပြီလက ၎င်းအဘွား၏ဈာပန၌သာနောက်ဆုံးတွေ့ခဲ့ခြင်းဖြစ်ကြောင်းဆိုကာ မိခင်ကမူ ၎င်းတို့တွင် သားတစ်ဦးတည်းသာရှိသဖြင့် အဆုံးရှုံးမခံနိုင်သော‌ကြောင့်ဝိုင်းကူရှာပေးရန် သံရုံးဝန်ထမ်းများကိုအကူအညီတောင်းခဲ့သည်ဟုသိရသည်။

သားဖြစ်သူက ဆက်သွယ်လာသည့်အခါ၌လည်း ထိုင်းသို့ရောက်နေကြောင်းသာပြောကြားခဲ့ပြီး We Chat မှတစ်ဆင့် ငွေပို့ပေးရန်ပြောခဲ့ကာ ဖုန်းဖြင့်ပြန်ဆက်သွယ်ချိန်၌ မန်ဒရင်းစကားပြောသူ အမျိုးသမီးတစ်ဦးသာလာကိုင်သည်ဟုလည်းပြောကြားခဲ့သည်။

ထိုင်းရဲတပ်ဖွဲ့၏ပြောကြားချက်အရ ၎င်းတို့သားသည် ဇန်နဝါရီလ ၁ ရက်နေ့က ဘန်ကောက်သို့ရောက်ရှိခဲ့ပြီး သု၀ဏ္ဏဘူမိလေဆိပ်မှတက္ကစီငှားစီးခဲ့‌ပြီးနောက် ၎င်းကိုခြေရာခံမရတော့ခြင်းဖြစ်သည်ဟုလည်းသိရသည်။

ယခုအခါ လူပျောက်မှုများနှင့်ပတ်သက်ပြီး လူကု-န်ကူးမှုများအတွက်စိုးရိမ်မှုများမြင့်တက်လာလျက်ရှိသည်။ပျောက်ဆုံးနေသူများသည် ထိုင်း – မြန်မာနယ်စပ်ရှိ အွန်လိုင်းငွေလိ–မ်ဂိုဏ်းများသို့အများဆုံးရောက်ရှိကြပြီး မကြာသေးမီကလည်း တရုတ်နိုင်ငံသားသရုပ်ဆောင်တစ်ဦးကို ကယ်တင်ခဲ့ရသေးသည်။

Source : ဟင်ဒူစတန်တိုင်းမ်စ်
Photo credit to SCMP

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ်တို့ တွေ့ဆုံ၊ နှစ်နိုင်ငံဆက်ဆံရေးနှင့် ဘက်စုံပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ဆွေးနွေး

ဗန်ကောက်၊ ဩဂုတ် ၆ ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) အဖြစ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်တို့သည် ယနေ့ ဩဂုတ် ၆ ရက် နံနက်ပိုင်းတွင် ဗန်ကောက်မြို့ရှိ ထိုင်းနိုင်ငံအစိုးရအိမ်တော် Reception Room ၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ တွေ့ဆုံစဉ် မြန်မာ–ထိုင်းနှစ်နိုင်ငံအကြား အစဉ်အလာရှိသည့် ချစ်ကြည်ရင်းနှီးသောဆက်ဆံရေးကို ပိုမိုခိုင်မာနက်ရှိုင်းစေရေး၊ နှစ်နိုင်ငံအစိုးရများနှင့် ပြည်သူများအကြား အပြန်အလှန်ဆက်ဆံမှု ပိုမိုတိုးမြှင့်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် စီးပွားရေးနှင့် ယဉ်ကျေးမှုကဏ္ဍများအပါအဝင် ကဏ္ဍပေါင်းစုံ၌ နှစ်နိုင်ငံအကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများ...

လေးမျက်နှာတွင် ရေကျော်မှုကို တားဆီးရန် Geo Bag များဖြင့် ပိတ်ဆို့ဆောင်ရွက်နေ

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာအောက်ခံ မြစ်ကျိုးအင်း သဲကြောထူးပေါက်မှုကြောင့် တာနိမ့်ကျကာ ရေကျော်စီးဝင်နေသည့်နေရာများကို Geo Bag များ အသုံးပြု၍ တားဆီးပိတ်ဆို့လျက်ရှိကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။ မြစ်ကျိုးအင်း သဲကြောမှ ရေစိမ့်ထွက်မှုကို ထိန်းချုပ်ပြီး ရေစီးအား လျှော့ချနိုင်ရန်အတွက် သဲအပြည့်ဖြည့်ထားသည့် Geo Bag အိတ်ကြီးများကို ရေယာဉ်များ၊ သဲစုပ်သင်္ဘောများနှင့် စက်ယန္တရားများ အသုံးပြု၍ ရေအောက်အထိ စနစ်တကျ ဖိသိပ်ချပေးလျက်ရှိသည်။ ထို့ပြင် နိမ့်ဆင်းသွားသည့် တာအစိတ်အပိုင်းများကို သဲအိတ်များဖြင့် အဆင့်ဆင့် ထပ်မံဖုံးအုပ်ကာ အောက်ခံအုတ်မြစ် ခိုင်ခံ့အောင်...

လေးမျက်နှာရေဘေး ကယ်ဆယ်ရေးပြုလုပ်စဥ် အသက်ကယ်ဝတ်စုံမဖြစ်မနေဝတ်ဆင်ကြရန် တိုင်းအစိုးရအဖွဲ့မေတ္တာရပ်ခံ

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၌ ဖြစ်ပေါ်လျက်ရှိသည့် ရေကြီးရေလျှံမှုဖြစ်စဥ်တွင် ကူညီကယ်ဆယ်ရေးလုပ် ငန်းများပြုလုပ်လျက်ရှိသောအဖွဲ့ဝင်များအနေဖြင့် ကယ်ဆယ်ရေးပြုလုပ်စဥ် အသက်ကယ်ဝတ်စုံ(Life Jacket)မဖြစ်မနေဝတ်ဆင်ကြရန် ဧရာဝတီတိုင်းအစိုးရအဖွဲ့က မေတ္တာရပ်ခံခဲ့သည်။ ကယ်ဆယ်ရေးပြုလုပ်ရာတွင် စက်လှေ၊ လှေများဖြင့် ရေလမ်းကြောင်းအတိုင်းလှည့်လည်ကူညီချိန်များ၌ မမျှော်မှန်းနိုင်သော ရေစီးကြောင်းအန္တရာယ်နှင့် လှေမှောက်ခြင်း၊ တိမ်းမှောက်ခြင်းအန္တရာယ်များဖြစ်ပေါ်လာနိုင်၍ အသက်ကယ်ဝတ်စုံ(Life Jacket)မဖြစ်မနေဝတ်ဆင်ကြရန် မေတ္တာရပ်ခံခဲ့ခြင်းဖြစ်သည်။ စက်လှေ/လှေများပေါ် မစီးနင်းမှီ အသက်ကယ်ဝတ်စုံ (Life Jacket)များကိုပြည့်စုံစွာဝတ်ဆင်ပြီးမှသာ လိုက်ပါစီးနင်းကြရန်နှင့် ကိုယ်တိုင်ဘေးကင်းလုံခြုံမှသာ ရေဘေးအခက်အခဲကြုံတွေ့နေရသူများကို ထိရောက်စွာ ဆက်လက်ကူညီပေးနိုင်မည်ဖြစ်၍ လုံခြုံရေးသတိထားကြရန် တိုင်းအစိုးရအဖွဲ့က မေတ္တာရပ်ခံခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071