Tuesday, May 5, 2026

MEVM စက်များကို ခြောက်လတစ်ကြိမ်ပုံမှန်စစ်ဆေး

အပိုင်း(၃)ပိုင်းခွဲ၍ကျင်းပခဲ့သော ရွေးကောက်ပွဲတွင်အသုံးပြုခဲ့သည့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)များအား သေချာစွာထိန်းသိမ်းထားသိုပြီး ခြောက်လတစ်ကြိမ်ပုံမှန်စစ်ဆေးလျက်ရှိကြောင်း သိရသည်။ အဆိုပါ MEVM မဲပေးစက်များအနက် နေပြည်တော်ရှိ မြို့နယ်(၈)မြို့နယ်၌အသုံးပြုခဲ့သည့် စက်များထိန်း သိမ်းထားရှိမှုနှင့်...

မော်စကိုမြို့လယ်အနီးရှိ လူနေအထပ်မြင့်အဆောက်အအုံကို ဒရုန်းထိမှန်

မေလ ၄ ရက် ဒုတိယကမ္ဘာစစ် အောင်ပွဲနေ့ (Victory Day) စစ်ရေးပြအခမ်းအနား ကို ကျင်းပရန် ပြင်ဆင်နေချိန်တွင် မော်စကိုမြို့လယ်အနီးရှိ အဆင့်မြင့်လူနေရပ်ကွက်မှ အဆောက်အအုံတစ်ခုကို...

အရှည် ၃၄၁၆ ပေရှိသည့် ရွှေပြည်သာတံတားကြီးအား...

အရှည် ၃၄၁၆ ပေရှိသည့် ရွှေပြည်သာတံတားကြီးအား သတ်မှတ်ခံနိုင်ဝန်အတိုင်း ဆက်လက်အသုံး ပြုနိုင်ကြောင်း ရွှေပြည်သာတံတား ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းအား တာဝန်ယူဆောင်ရွက်လျက်ရှိသည့် တံတားဦးစီးဌာနမှ ညွှန်ကြားရေးမှူး(မြို့ပြ)၊ ဦးဇော်မိုးလွင်က...

မယ်သီလရှင်ပုံစံဖြင့် Miss Grand Myanmar...

Miss Grand Myanmar Organization သည် Miss Grand Myanmar ပွဲစဉ်တွင် မယ်သီလရှင်ပုံစံဖြင့် ပါဝင်ယှဉ်ပြိုင်သူ တာချီလိတ်အလှမယ်အား ပြိုင်ပွဲမှ...
HomeNewsLocal Newsပုသိမ်မြို့အပါအဝင်မြို့နယ် ၄ ခုကို...

ပုသိမ်မြို့အပါအဝင်မြို့နယ် ၄ ခုကို လျှပ်စစ်မီးခွဲဝေပေးမည့်အချိန်ဇယားများထုတ်ပြန်

မေလ၂ရက်နေ့က ပုသိမ်မြို့နယ်ရပ်ကွက်များအပါအဝင်၊သာပေါင်းမြို့နယ်၊ကန်ကြီးထောင့်မြို့နယ်နှင့်ငပုတောမြို့နယ်များသို့  လျှပ်စစ်ဓါတ်အားဖြန့်ဖြူးပေးမည့် အချိန်ဇယားများနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်အစည်းအဝေးကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။  

   အဆိုပါအစည်းအ​ဝေးသို့လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးကျော်ထွန်းဇော်၊ ပုသိမ်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး နှင့်အဖွဲ့ဝင်များ၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ၊ ခွဲရုံ/လိုင်းတာဝန်ခံ လျှပ်စစ်ဝန်ထမ်းများ တက်ရောက်ခဲ့ပြီး လျှပ်စစ်ဓါတ်အားဖြန့်ဖြူးပေးမည့်အချိန်ဇယားများ နှင့်ပတ်သက်၍ တိုင်ပင်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ပုသိမ်မြို့အတွင်း မြို့ပေါ်ရပ်ကွက် ၁၅ရပ်ကွက်ရှိပြီး group Aမှ group D အထိ အုပ်စု ၄ စုခွဲကာ အလှည်ကျမီးပေးစနစ်ဖြင့် လျှပ်စစ်မီးဖြန်ုဖြူးပေးမည်ဖြစ်သည်။

အဆိုပါ ဂရုခွဲသတ်မှတ်ချက်အတွင်း group Aတွင် သာပေါင်းမြို့နယ်။group C တွင် ကန်ကြီးထောင့်မြို့နှင့် group Dတွင် ငပုတောမြို့တို့အသီးသီးပါဝင်ခဲ့ကြောင်း ထုတ်ပြန်ချက်များအရသိရသည်။

     ယင်းသို့ Group သတ်မှတ်ချက်အရ ၂နာရီလာ ၆နာရီပျက်စနစ်ဖြင့် အလှည့်ကျဖြန့်ဖြူးပေးသွားမည် ဖြစ်ကြောင်း သိရသည်။       

         System Breakdown ဖြစ်နေချိန်နှင့် မီးစတင်ပြန်ရချိန်တို့တွင် လျှပ်စစ်သုံးစွဲရန် ခွင့်ပြုမှုမှ  လျော့နည်းပါသဖြင့် ၎င်း System Breakdown ဖြစ်သည့်ရက်များတွင် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးမှုမှာ အထက်ပါအချိန်အတိုင်း မရရှိနိုင်ပါကြောင်း လေးစားစွာဖြင့် ပန်ကြားအပ်ပါသည်ဟုလည်း ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်ကို တွေ့ရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

MEVM စက်များကို ခြောက်လတစ်ကြိမ်ပုံမှန်စစ်ဆေး

အပိုင်း(၃)ပိုင်းခွဲ၍ကျင်းပခဲ့သော ရွေးကောက်ပွဲတွင်အသုံးပြုခဲ့သည့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)များအား သေချာစွာထိန်းသိမ်းထားသိုပြီး ခြောက်လတစ်ကြိမ်ပုံမှန်စစ်ဆေးလျက်ရှိကြောင်း သိရသည်။ အဆိုပါ MEVM မဲပေးစက်များအနက် နေပြည်တော်ရှိ မြို့နယ်(၈)မြို့နယ်၌အသုံးပြုခဲ့သည့် စက်များထိန်း သိမ်းထားရှိမှုနှင့် ခြောက်လတစ်ကြိမ်စစ်ဆေးနေမှုတို့ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)ဥက္ကဋ္ဌ ဦးသန်းစိုးက မေ ၄ ရက်တွင်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ မဲပေးစက်များသည် ကြီးကြပ်ကန့်သတ်ပစ္စည်းများဖြစ် ၍ ထိခိုက်ပျက်စီးမှုမရှိစေရေးအတွက် အီလက်ထရောနစ်မဲပေးစက်စစ်ဆေးထိန်းသိမ်းခြင်းဆိုင်ရာလုပ်ငန်းလမ်းညွှန်ချက်များဖြစ်သော အီလက်ထရောနစ်မဲပေးစက်များစစ်ဆေးခြင်း၊ အီလက်ထရောနစ်မဲပေးစက်များထားသိုခြင်း၊ ဘက်ထရီများထားသိုခြင်း၊ လုံခြုံရေးအစီအမံများစစ်ဆေးပြီးစီးမှုတို့ကို ကော်မရှင်သို့ တင်ပြရန်၊ စနစ်တကျထားသိုထိန်းသိမ်းရန်နှင့် ခြောက်လတစ်ကြိမ်ပုံမှန်စစ်ဆေးရန်တို့ကို UEC ဥက္ကဋ္ဌကမှာကြားခဲ့ကြောင်း သိရသည်။ သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ တာ ဝန်ရှိသူများ၊ ကျွမ်းကျင်နည်းပညာရှင်များက...

မော်စကိုမြို့လယ်အနီးရှိ လူနေအထပ်မြင့်အဆောက်အအုံကို ဒရုန်းထိမှန်

မေလ ၄ ရက် ဒုတိယကမ္ဘာစစ် အောင်ပွဲနေ့ (Victory Day) စစ်ရေးပြအခမ်းအနား ကို ကျင်းပရန် ပြင်ဆင်နေချိန်တွင် မော်စကိုမြို့လယ်အနီးရှိ အဆင့်မြင့်လူနေရပ်ကွက်မှ အဆောက်အအုံတစ်ခုကို ဒရုန်းတစ်စင်း ထိမှန်ခဲ့သည်။ ယူကရိန်းဘက်မှ လွှတ်တင်လိုက်သော ဒရုန်းနှစ်စင်းကို မော်စကိုမြို့၏ လေကြောင်းရန်ကာကွယ်ရေးစနစ်က ပစ်ချနိုင်ခဲ့သော်လည်း နောက်ထပ် ဒရုန်းတစ်စင်းမှာ မူ မော်စဖလန်းမော့စကာယာ လမ်းပေါ်ရှိ အဆောက်အအုံတစ်ခုပေါ်သို့ ကျရောက်ထိမှန်ခဲ့ကြောင်း မော်စကိုမြို့တော်ဝန် ဆာဂေး ဆိုဘျာနင် က တနင်္လာနေ့တွင် ရေးသားဖော်ပြခဲ့သည်။ အဆိုပါနေရာသို့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များ စေလွှတ်ထားပြီး လူထိခို-က်ဒ-ဏ်ရာရရှိမှု သတင်းများ မရှိသေးကြောင်း...

အရှည် ၃၄၁၆ ပေရှိသည့် ရွှေပြည်သာတံတားကြီးအား သတ်မှတ်ခံနိုင်ဝန်အတိုင်း ဆက်လက်အသုံးပြုနိုင်ကြောင်း သိရ

အရှည် ၃၄၁၆ ပေရှိသည့် ရွှေပြည်သာတံတားကြီးအား သတ်မှတ်ခံနိုင်ဝန်အတိုင်း ဆက်လက်အသုံး ပြုနိုင်ကြောင်း ရွှေပြည်သာတံတား ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းအား တာဝန်ယူဆောင်ရွက်လျက်ရှိသည့် တံတားဦးစီးဌာနမှ ညွှန်ကြားရေးမှူး(မြို့ပြ)၊ ဦးဇော်မိုးလွင်က ပေါ်ပြူလာနယူးစ်သို့ ပြောကြားခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်နှင့် လှိုင်သာယာမြို့နယ်တို့အား ဆက်သွယ်ထားသည့် ရွှေပြည်သာတံတား(၃၄၁၆ ပေ)၏ ရေလယ်တိုင်အမှတ်(၄)တွင် တံတားသံပေါင်အထိုင်မှာ အံလွဲနေကြောင်းနှင့် မူလီပေါက်များ ပြတ်ထွက်နေသဖြင့် အန္တရာယ်ရှိကြောင်း ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလအတွင်း လူမှုကွန်ရက်စာမျက်နှာအသုံးပြုတစ်ဦးက တင်ထားခဲ့သည်။ အဆိုပါကိစ္စနှင့် ပတ်သက်၍ တံတားကြီး၏လက်ရှိအခြေအနေနှင့်ပတ်သက်ပြီး ရွှေပြည်သာတံတား၏ ရေလည်ပင်မတံတားမှာ သံမဏိသံပေါင်အမျိုးအစားဖြစ်ပြီး ရေလယ်တိုင်အမှတ် RP1 မှ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071