Tuesday, May 5, 2026

ဆီသယ်ယာဉ်များတွင် GPS တပ်ဆင်ပြီးပါက စက်သုံးဆီတင်သွင်းဖြန့်ဖြူးသည့်...

ဆီသယ်ယာဉ်များတွင် GPS တပ်ဆင်ပြီးပါက စက်သုံးဆီတင်သွင်းဖြန့်ဖြူးသည့် စနစ်တစ်ခုလုံးအား Digital စနစ်ဖြင့်ထိန်းချုပ်မည်ဟု လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကိုလွင်က ပြောသည်။ မေ ၄ ရက်ကပြုလုပ်သည့် အများပြည်သူသယ်ယူပို့ဆောင်ရေးလုပ်ငန်းများသို့...

တရုတ်တွင် မီးရှုးမီးပန်းစက်ရုံ ပေါက်ကွဲ၍ လူ...

တရုတ်နိုင်ငံ ဟူနန်ပြည်နယ်ရှိ မီးရှူးမီးပန်းစက်ရုံတစ်ခုတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့၍ လူ ၂၁ ဦး ‌ေ-သဆုံးကာ ၆၁ ဦး ဒ-ဏ်ရာရရှိခဲ့ပြီး ဖြစ်စဉ်ကို သေချာစွာ...

ဒုံးကျည် ၁၅ စင်းနှင့် ဒရုန်း...

တေရန်နှင့် ဝါရှင်တန်တို့အကြား ဧပြီလ ၈ ရက် နေ့တွင် အပစ်အခတ်ရပ်စဲမှု စတင် အာဏာတည်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် တိုက်ခိုက်ခံရမှုအဖြစ် တနင်္လာနေ့တွင် အီရန်က...

ရေလက်ကြား၌ယူအက်စ်နှင့် အီရန်တို့ အသစ်တဖန်တိုက်ခိုက်ကြပြန်

ရေလမ်းကြောင်းကို အပြိုင်ပိတ်ဆို့ကာ ဟော်မုဇ်ရေလက်ကြားကို ထိန်းချုပ်နိုင်ရန် ကြိုးပမ်းနေသည့် အမေရိကနှင့် အီရန်တို့သည် တနင်္လာနေ့တွင် အသစ်တဖန်တိုက်ခိုက်ကြသဖြင် အပစ်ရပ်ရေးကို ထိခိုက်စေခဲ့သည်။ သောင်တင်နေသော ရေနံတင်သင်္ဘောများနှင့် အခြားသင်္ဘောများ...
HomeMoviesမော်စကိုမြို့လယ်အနီးရှိ လူနေအထပ်မြင့်အဆောက်အအုံကို ဒရုန်းထိမှန်

မော်စကိုမြို့လယ်အနီးရှိ လူနေအထပ်မြင့်အဆောက်အအုံကို ဒရုန်းထိမှန်

မေလ ၄ ရက်

ဒုတိယကမ္ဘာစစ် အောင်ပွဲနေ့ (Victory Day) စစ်ရေးပြအခမ်းအနား ကို ကျင်းပရန် ပြင်ဆင်နေချိန်တွင် မော်စကိုမြို့လယ်အနီးရှိ အဆင့်မြင့်လူနေရပ်ကွက်မှ အဆောက်အအုံတစ်ခုကို ဒရုန်းတစ်စင်း ထိမှန်ခဲ့သည်။

ယူကရိန်းဘက်မှ လွှတ်တင်လိုက်သော ဒရုန်းနှစ်စင်းကို မော်စကိုမြို့၏ လေကြောင်းရန်ကာကွယ်ရေးစနစ်က ပစ်ချနိုင်ခဲ့သော်လည်း နောက်ထပ် ဒရုန်းတစ်စင်းမှာ မူ မော်စဖလန်းမော့စကာယာ လမ်းပေါ်ရှိ အဆောက်အအုံတစ်ခုပေါ်သို့ ကျရောက်ထိမှန်ခဲ့ကြောင်း မော်စကိုမြို့တော်ဝန် ဆာဂေး ဆိုဘျာနင် က တနင်္လာနေ့တွင် ရေးသားဖော်ပြခဲ့သည်။ အဆိုပါနေရာသို့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များ စေလွှတ်ထားပြီး လူထိခို-က်ဒ-ဏ်ရာရရှိမှု သတင်းများ မရှိသေးကြောင်း သိရသည်။

အဆိုပါ မော်စဖလန်းမော့စကာယာလမ်းသည် ခရမ္မလင်နန်းတော် ၏ အနောက်ဘက် ၆ ကီလိုမီတာမှ ၈ ကီလိုမီတာခန့် (၄ မိုင်မှ ၅ မိုင်ခန့်) အကွာတွင် တည်ရှိပြီး ဒေသတွင်းမီဒီယာများ၏ ဖော်ပြချက်အရ အဆင့်မြင့်လူနေအဆောက်အအုံ၏ အပေါ်ဆုံးထပ်များတွင် ထိခို-က်ပျ-က်စီးမှုများ ရှိခဲ့ကြောင်း သိရသည်။ မော်စကိုမြို့၏ လေကြောင်းရန်ကာကွယ်ရေးစနစ်သည် ပုံမှန်အားဖြင့် ဒရုန်းများကို မြို့တော်အပြင်ဘက် သို့မဟုတ် ဆင်ခြေဖုံးရပ်ကွက်များတွင်သာ ကြားဖြတ်ဖျ-က်ဆီးလေ့ရှိသဖြင့် ယခုကဲ့သို့ မြို့လယ်အနီးသို့ ဒရုန်းကျရောက်ထိမှန်ခြင်းမှာ ဖြစ်လေ့ဖြစ်ထမရှိသော ဖြစ်စဉ်တစ်ခုဖြစ်သည်။

ယခုဖြစ်စဉ်သည် နာဇီဂျာမနီကို အောင်နိုင်ခဲ့သည့် ဒုတိယကမ္ဘာစစ် အောင်ပွဲအထိမ်းအမှတ်အဖြစ် မေလ ၉ ရက်နေ့တွင် ကျင်းပမည့် အစဉ်အလာ စစ်ရေးပြအခမ်းအနားအတွက် မော်စကိုမြို့က ပြင်ဆင်နေစဉ်အတွင်း ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများကြောင့် ယခုနှစ် စစ်ရေးပြအခမ်းအနားကို ၂၀၀၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် စစ်ဘက်ဆိုင်ရာ အကြီးစားစစ်လက်နက်ပစ္စည်းများ ထည့်သွင်းပြသခြင်းမရှိဘဲ ကျင်းပသွားမည်ဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့သည့်အပတ်က ကြေညာထားခဲ့သည်။

ရုရှားနိုင်ငံကို ၂၅ နှစ်ကျော်ကြာ အုပ်ချုပ်လာခဲ့သည့် သမ္မတ ဗလာဒီမာ ပူတင်သည် အဆိုပါ အောင်ပွဲနေ့ စစ်ရေးပြအခမ်းအနားတွင် မိန့်ခွန်းပြောကြားရန် အစီအစဉ်ရှိသည်။ ပူတင်သည် အောင်ပွဲနေ့ကို ၎င်း၏ အုပ်ချုပ်မှုသက်တမ်းအတွင်း အဓိကမဏ္ဍိုင်တစ်ခုအဖြစ် အသုံးချလေ့ရှိပြီး ယူကရိန်းစစ်ပွဲ ဆင်နွှဲနေခြင်းကို တရားဝင်ကြောင်း ပြသရန်အတွက်လည်း အဆိုပါနေ့ထူးနေ့မြတ်ကို အသုံးပြုရန် ကြိုးပမ်းလေ့ရှိသည်။

Ref: ဆော့သ်ချိုင်းနားမောနင်းပို့စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဆီသယ်ယာဉ်များတွင် GPS တပ်ဆင်ပြီးပါက စက်သုံးဆီတင်သွင်းဖြန့်ဖြူးသည့် စနစ်တစ်ခုလုံးအား Digital စနစ်ဖြင့်ထိန်းချုပ်မည်

ဆီသယ်ယာဉ်များတွင် GPS တပ်ဆင်ပြီးပါက စက်သုံးဆီတင်သွင်းဖြန့်ဖြူးသည့် စနစ်တစ်ခုလုံးအား Digital စနစ်ဖြင့်ထိန်းချုပ်မည်ဟု လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကိုလွင်က ပြောသည်။ မေ ၄ ရက်ကပြုလုပ်သည့် အများပြည်သူသယ်ယူပို့ဆောင်ရေးလုပ်ငန်းများသို့ စက်သုံးဆီများအဆင်ပြေချောမွေ့စွာဖြန့်ဖြူးပေးနိုင်ရေးနှင့် ပြည်တွင်းစက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးရောင်းချမှုအခြေအနေများဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ဆိပ်ကမ်းရှိ သိုလှောင်ကန်စခန်းများတွင် Auto Tank Gauging စနစ်တပ်ဆင်ခြင်း၊ ဆီသယ်ယာဉ်များတွင် GPS တပ်ဆင်ခြင်းတို့ပြီးပါက စက်သုံးဆီတင်သွင်းဖြန့်ဖြူးသည့် စနစ်တစ်ခုလုံးအား Digital စနစ်ဖြင့် ထိန်းချုပ်မည်ဖြစ်ရာ နိုင်ငံတော်အနေဖြင့် စက်သုံးဆီဝယ်ယူတင်သွင်းရမှုများစွာလျော့နည်းသွားမည်ဟု ပြောသည်။ ထို့ပြင် စက်သုံးဆီသယ်ယူဖြန့်ဖြူးမှုပိုမိုစနစ်ကျစေရန် မျှောစာထုတ်ပေးရာ၌ Application ရေးဆွဲကာ QR Code...

တရုတ်တွင် မီးရှုးမီးပန်းစက်ရုံ ပေါက်ကွဲ၍ လူ ၂၁ ဦး ‌ေ-သဆုံး

တရုတ်နိုင်ငံ ဟူနန်ပြည်နယ်ရှိ မီးရှူးမီးပန်းစက်ရုံတစ်ခုတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့၍ လူ ၂၁ ဦး ‌ေ-သဆုံးကာ ၆၁ ဦး ဒ-ဏ်ရာရရှိခဲ့ပြီး ဖြစ်စဉ်ကို သေချာစွာ စုံစမ်းစစ်ဆေးရန် သမ္မတရှီကျင့်ဖျင်က တောင်းဆိုခဲ့သည်ဟု နိုင်ငံပိုင်မီဒီယာများက အင်္ဂါနေ့တွင် သတင်းဖော်ပြခဲ့သည်။ မီးရှူးမီးပန်းထုတ်လုပ်ရေးဗဟိုချက်ဖြစ်သည့် ဟူနန်ပြည်နယ်မြို့တော် ချန်ရှာတွင် တနင်္လာနေ့ညနေ ၄း၄၀ နာရီခန့်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း စီစီတီဗီနှင့် ရှင်းဟွာသတင်းဌာနတို့က ဖော်ပြခဲ့သည်။ တရုတ်အင်တာနက်ပလက်ဖောင်းများတွင် တင်ခဲ့သော ဗီဒီယိုများ၌ ပြိုကျနေသော အဆောက်အအုံများနှင့် အပျ-က်အစီးများပြန့်ကျဲနေသော ကြီးမားသည့် စက်ရုံနယ်မြေမှ မီးခိုးများထူထပ်စွာထွက်ပေါ်နေသည်ကို တွေ့ရသည်။ အခင်းဖြစ်ပွားရာနေရာသို့ မီးသတ်သမား၊ ကယ်ဆယ်ရေးသမားများနှင့်...

ဒုံးကျည် ၁၅ စင်းနှင့် ဒရုန်း လေးစင်းကို ကြားဖြတ်ပစ်ချခဲ့ရ–ယူအေအီး

တေရန်နှင့် ဝါရှင်တန်တို့အကြား ဧပြီလ ၈ ရက် နေ့တွင် အပစ်အခတ်ရပ်စဲမှု စတင် အာဏာတည်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် တိုက်ခိုက်ခံရမှုအဖြစ် တနင်္လာနေ့တွင် အီရန်က ပစ်လွှတ်ခဲ့သော ဒုံးကျည် ၁၅ စင်းနှင့် ဒရုန်းလေးစင်းကို လေကြောင်းကာကွယ်ရေးစနစ်များဖြင့် ကြားဖြတ်ပစ်ချခဲ့ရကြောင်း အာရပ်စော်ဘွားများပြည်ထောင်စု(ယူအေအီး) က ပြောကြားခဲ့သည်။ ကြားဖြတ်ပစ်ခတ်ခဲ့ရမှုများတွင် ပဲ့ထိန်းဒုံးကျည် ၁၂ စင်း၊ ခရုဇ်ဒုံးကျည် သုံးစင်းအပြင် မောင်းသူမဲ့လေယာဉ်လေးစင်း ပါဝင်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ တိုက်ခိုက်မှုကြောင့် လူသုံးဦး ဒ-ဏ်ရာရခဲ့ကြောင်းလည်း ဝန်ကြီးဌာနက ဆက်လက်ပြောကြားခဲ့သည်။ အီရန်၏ တိုက်ခိုက်မှုများစတင်ခဲ့သည့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071