Tuesday, May 5, 2026

ဆီသယ်ယာဉ်များတွင် GPS တပ်ဆင်ပြီးပါက စက်သုံးဆီတင်သွင်းဖြန့်ဖြူးသည့်...

ဆီသယ်ယာဉ်များတွင် GPS တပ်ဆင်ပြီးပါက စက်သုံးဆီတင်သွင်းဖြန့်ဖြူးသည့် စနစ်တစ်ခုလုံးအား Digital စနစ်ဖြင့်ထိန်းချုပ်မည်ဟု လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကိုလွင်က ပြောသည်။ မေ ၄ ရက်ကပြုလုပ်သည့် အများပြည်သူသယ်ယူပို့ဆောင်ရေးလုပ်ငန်းများသို့...

တရုတ်တွင် မီးရှုးမီးပန်းစက်ရုံ ပေါက်ကွဲ၍ လူ...

တရုတ်နိုင်ငံ ဟူနန်ပြည်နယ်ရှိ မီးရှူးမီးပန်းစက်ရုံတစ်ခုတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့၍ လူ ၂၁ ဦး ‌ေ-သဆုံးကာ ၆၁ ဦး ဒ-ဏ်ရာရရှိခဲ့ပြီး ဖြစ်စဉ်ကို သေချာစွာ...

ဒုံးကျည် ၁၅ စင်းနှင့် ဒရုန်း...

တေရန်နှင့် ဝါရှင်တန်တို့အကြား ဧပြီလ ၈ ရက် နေ့တွင် အပစ်အခတ်ရပ်စဲမှု စတင် အာဏာတည်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် တိုက်ခိုက်ခံရမှုအဖြစ် တနင်္လာနေ့တွင် အီရန်က...

ရေလက်ကြား၌ယူအက်စ်နှင့် အီရန်တို့ အသစ်တဖန်တိုက်ခိုက်ကြပြန်

ရေလမ်းကြောင်းကို အပြိုင်ပိတ်ဆို့ကာ ဟော်မုဇ်ရေလက်ကြားကို ထိန်းချုပ်နိုင်ရန် ကြိုးပမ်းနေသည့် အမေရိကနှင့် အီရန်တို့သည် တနင်္လာနေ့တွင် အသစ်တဖန်တိုက်ခိုက်ကြသဖြင် အပစ်ရပ်ရေးကို ထိခိုက်စေခဲ့သည်။ သောင်တင်နေသော ရေနံတင်သင်္ဘောများနှင့် အခြားသင်္ဘောများ...
HomeMoviesအရှည် ၃၄၁၆ ပေရှိသည့်...

အရှည် ၃၄၁၆ ပေရှိသည့် ရွှေပြည်သာတံတားကြီးအား သတ်မှတ်ခံနိုင်ဝန်အတိုင်း ဆက်လက်အသုံးပြုနိုင်ကြောင်း သိရ

အရှည် ၃၄၁၆ ပေရှိသည့် ရွှေပြည်သာတံတားကြီးအား သတ်မှတ်ခံနိုင်ဝန်အတိုင်း ဆက်လက်အသုံး ပြုနိုင်ကြောင်း ရွှေပြည်သာတံတား ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းအား တာဝန်ယူဆောင်ရွက်လျက်ရှိသည့် တံတားဦးစီးဌာနမှ ညွှန်ကြားရေးမှူး(မြို့ပြ)၊ ဦးဇော်မိုးလွင်က ပေါ်ပြူလာနယူးစ်သို့ ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်နှင့် လှိုင်သာယာမြို့နယ်တို့အား ဆက်သွယ်ထားသည့် ရွှေပြည်သာတံတား(၃၄၁၆ ပေ)၏ ရေလယ်တိုင်အမှတ်(၄)တွင် တံတားသံပေါင်အထိုင်မှာ အံလွဲနေကြောင်းနှင့် မူလီပေါက်များ ပြတ်ထွက်နေသဖြင့် အန္တရာယ်ရှိကြောင်း ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလအတွင်း လူမှုကွန်ရက်စာမျက်နှာအသုံးပြုတစ်ဦးက တင်ထားခဲ့သည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ တံတားကြီး၏လက်ရှိအခြေအနေနှင့်ပတ်သက်ပြီး ရွှေပြည်သာတံတား၏ ရေလည်ပင်မတံတားမှာ သံမဏိသံပေါင်အမျိုးအစားဖြစ်ပြီး ရေလယ်တိုင်အမှတ် RP1 မှ RP6 အထိ သံပေါင်တစ်ဆက်တစ်စပ်တည်း အရှည် (၁၇၃၂ ပေ) ရှိကြောင်း၊ ရာသီဥတုအပူနှင့်အအေးကွာခြားမှုကြောင့် သံပေါင်များ ကျုံ့ဝင်ခြင်း၊ ဆန့်ထွက်ခြင်းတို့ ဖြစ်ပေါ်သဖြင့် တံတားသံပေါင်အောက်တွင် ရွေ့လျားနိုင်သည့် တံတားအထိုင် (Bearing )များ တပ်ဆင်ထားကြောင်း၊ တံတားအောက် သံပေါင်အထိုင်များတွင် ရွေ့လျားနိုင်သည့် အထိုင်(Moveable Bearing)နှင့် အသေ တပ်ဆင်ထားသည့် အထိုင်(Fixed Bearing)ဟူ၍ (၂)မျိုးရှိကြောင်းနှင့် ရေလယ်တိုင် အမှတ်(၄)ပေါ်တွင် တပ်ဆင်ထားသည့် သံပေါင်အထိုင်မှာ ရွေ့လျားအထိုင်(Moveable Bearing) အမျိုးအစား ဖြစ်ကြောင်း တံတားဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ရေလယ်တိုင်အမှတ်(၄)ပေါ်ရှိ သံပေါင်အထိုင် Bearing ထားရှိမည့် နေရာရှိ အောက်ခံ ကွန်ကရစ်ခုံ(Shoe Pedestal)မှာ တိုင်ထိပ်အလယ်တည့်တည့်တွင် တည်ရှိရမည်ဖြစ်သော်လည်း ရွှေပြည်သာဘက်ကမ်းသို့ ၄ လက်မခန့် မူလတည်ဆောက်စဉ်ကတည်းက ရောက်ရှိနေကြောင်း တိုင်းတာမှုမှတ်တမ်း(Survey Records)များအရ သိရှိရသည်။ သို့ရာတွင် သံပေါင်မှ သက်ရောက်သည့် အလေးချိန်ဝန်အား ထမ်းမည့် အောက်ခံအထိုင်သံပြားသည် အောက်ခံကွန်ကရစ်ခုံ ( Shoe Pedestal)တွင် သတ်မှတ်ဧရိယာအတွင်းသာ တည်ရှိနေပြီး သံပေါင်အလေးချိန်ဝန်အား အပြည့်အဝထမ်းနိုင်ကြောင်း သိရှိရသည်။

အပူချိန်မြင့်တက်ချိန်တွင် သံပေါင်ဆန့်ထွက်ခြင်းဖြစ်ပေါ်ကာ သံပေါင်အထိုင် Bearing မှာ လှိုင်သာယာဘက်ခြမ်းသို့ ရွေ့လျားသဖြင့် အဆိုပါတိုင်ထိပ်ရှိ အောက်ခံကွန်ကရစ်ခုံ (Shoe Pedestal) နှင့် တံတားသံပေါင်အထိုင် အံလွဲနေသကဲ့သို့ ထင်ရကြောင်း သိရှိရသည်။

မူလီပေါက်များ ပြတ်ထွက်နေခြင်းဆိုသည်မှာလည်း အဆိုပါမူလီပေါက်များသည် သံပေါင် အထိုင်(Bearing)တပ်ဆင်ချိန်တွင် Bearing အပေါ်ဘက်ခြမ်းနှင့် အောက်ဘက်အခြမ်းယာယီတွဲထားသည့် မူလီပေါက်(Bolts & Nuts)များ ဖြစ်ပြီး တပ်ဆင်ပြီးပါက သံပေါင်ရွေ့လျားနိုင်ရန် ပြန်လည် ဖြုတ်ပေးရသဖြင့် ယခုကဲ့သို့ ကျန်ရှိနေကြောင်း သိရှိရသည်။

လူမှုကွန်ရက်မီဒီယာပေါ်တွင် ဖော်ပြသည့် Video ဖိုင်ပါ အချက်အလက်များသည် ပြည်သူများ အတွက် တံတားကြီးအား အန္တရာယ်ရှိနိုင်သကဲ့သို့ အထင်ရောက်နိုင်သော်လည်း အမှန်တကယ်တွင် အန္တရာယ်လုံးဝမရှိပါကြောင်း၊ သို့ရာတွင် မျက်မြင်အရ ပြည်သူများ ပိုမိုစိတ်ချယုံကြည်စွာ တံတားကြီးအား အသုံးပြုနိုင်ရန်အတွက် ရေလယ်တိုင်အမှတ်(၄)ရှိ သံပေါင်အထိုင်၏ အောက်ခံကွန်ကရစ်ခုံ (Shoe Pedestal)အား လှိုင်သာယာဘက်ခြမ်းသို့ ၉ လက်မခန့်တိုးချဲ့ပြီး တံတားသံပေါင် ဆန့်ထွက် ချိန်တွင် အံလွဲနေသည့်ပုံ မဖြစ်စေရန် ဆောင်ရွက်ပြီးဖြစ်ပါကြောင်းနှင့် ရေလယ်တိုင် RP1, RP2, RP3, RP4, RP5, RP6 တို့၏ သံပေါင်အထိုင် (Bearing)များအား သံချေးချွတ်ပြီး ဆေးသုတ်ခြင်းလုပ်ငန်း များကိုပါ ဆောင်ရွက်ထားကြောင်း သိရသည်။

တံတားတိုင်ထိပ်ပေါ်သို့ လူငယ်စုံတွဲများ တက်ရောက်ခြင်းမပြုနိုင်ရန်နှင့် အခြားမလိုလားအပ်သည့် အန္တရာယ်များ မဖြစ်ပေါ်စေရန်အတွက် အကာအရံများလည်း တပ်ဆင်ဆောင်ရွက်ထားကြောင်းနှင့် တံတားကြီးအား သတ်မှတ်ခံနိုင်ဝန်အတိုင်း ဆက်လက်အသုံးပြုနိုင်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- တံတားဦးစီးဌာန

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဆီသယ်ယာဉ်များတွင် GPS တပ်ဆင်ပြီးပါက စက်သုံးဆီတင်သွင်းဖြန့်ဖြူးသည့် စနစ်တစ်ခုလုံးအား Digital စနစ်ဖြင့်ထိန်းချုပ်မည်

ဆီသယ်ယာဉ်များတွင် GPS တပ်ဆင်ပြီးပါက စက်သုံးဆီတင်သွင်းဖြန့်ဖြူးသည့် စနစ်တစ်ခုလုံးအား Digital စနစ်ဖြင့်ထိန်းချုပ်မည်ဟု လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကိုလွင်က ပြောသည်။ မေ ၄ ရက်ကပြုလုပ်သည့် အများပြည်သူသယ်ယူပို့ဆောင်ရေးလုပ်ငန်းများသို့ စက်သုံးဆီများအဆင်ပြေချောမွေ့စွာဖြန့်ဖြူးပေးနိုင်ရေးနှင့် ပြည်တွင်းစက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးရောင်းချမှုအခြေအနေများဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ဆိပ်ကမ်းရှိ သိုလှောင်ကန်စခန်းများတွင် Auto Tank Gauging စနစ်တပ်ဆင်ခြင်း၊ ဆီသယ်ယာဉ်များတွင် GPS တပ်ဆင်ခြင်းတို့ပြီးပါက စက်သုံးဆီတင်သွင်းဖြန့်ဖြူးသည့် စနစ်တစ်ခုလုံးအား Digital စနစ်ဖြင့် ထိန်းချုပ်မည်ဖြစ်ရာ နိုင်ငံတော်အနေဖြင့် စက်သုံးဆီဝယ်ယူတင်သွင်းရမှုများစွာလျော့နည်းသွားမည်ဟု ပြောသည်။ ထို့ပြင် စက်သုံးဆီသယ်ယူဖြန့်ဖြူးမှုပိုမိုစနစ်ကျစေရန် မျှောစာထုတ်ပေးရာ၌ Application ရေးဆွဲကာ QR Code...

တရုတ်တွင် မီးရှုးမီးပန်းစက်ရုံ ပေါက်ကွဲ၍ လူ ၂၁ ဦး ‌ေ-သဆုံး

တရုတ်နိုင်ငံ ဟူနန်ပြည်နယ်ရှိ မီးရှူးမီးပန်းစက်ရုံတစ်ခုတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့၍ လူ ၂၁ ဦး ‌ေ-သဆုံးကာ ၆၁ ဦး ဒ-ဏ်ရာရရှိခဲ့ပြီး ဖြစ်စဉ်ကို သေချာစွာ စုံစမ်းစစ်ဆေးရန် သမ္မတရှီကျင့်ဖျင်က တောင်းဆိုခဲ့သည်ဟု နိုင်ငံပိုင်မီဒီယာများက အင်္ဂါနေ့တွင် သတင်းဖော်ပြခဲ့သည်။ မီးရှူးမီးပန်းထုတ်လုပ်ရေးဗဟိုချက်ဖြစ်သည့် ဟူနန်ပြည်နယ်မြို့တော် ချန်ရှာတွင် တနင်္လာနေ့ညနေ ၄း၄၀ နာရီခန့်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း စီစီတီဗီနှင့် ရှင်းဟွာသတင်းဌာနတို့က ဖော်ပြခဲ့သည်။ တရုတ်အင်တာနက်ပလက်ဖောင်းများတွင် တင်ခဲ့သော ဗီဒီယိုများ၌ ပြိုကျနေသော အဆောက်အအုံများနှင့် အပျ-က်အစီးများပြန့်ကျဲနေသော ကြီးမားသည့် စက်ရုံနယ်မြေမှ မီးခိုးများထူထပ်စွာထွက်ပေါ်နေသည်ကို တွေ့ရသည်။ အခင်းဖြစ်ပွားရာနေရာသို့ မီးသတ်သမား၊ ကယ်ဆယ်ရေးသမားများနှင့်...

ဒုံးကျည် ၁၅ စင်းနှင့် ဒရုန်း လေးစင်းကို ကြားဖြတ်ပစ်ချခဲ့ရ–ယူအေအီး

တေရန်နှင့် ဝါရှင်တန်တို့အကြား ဧပြီလ ၈ ရက် နေ့တွင် အပစ်အခတ်ရပ်စဲမှု စတင် အာဏာတည်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် တိုက်ခိုက်ခံရမှုအဖြစ် တနင်္လာနေ့တွင် အီရန်က ပစ်လွှတ်ခဲ့သော ဒုံးကျည် ၁၅ စင်းနှင့် ဒရုန်းလေးစင်းကို လေကြောင်းကာကွယ်ရေးစနစ်များဖြင့် ကြားဖြတ်ပစ်ချခဲ့ရကြောင်း အာရပ်စော်ဘွားများပြည်ထောင်စု(ယူအေအီး) က ပြောကြားခဲ့သည်။ ကြားဖြတ်ပစ်ခတ်ခဲ့ရမှုများတွင် ပဲ့ထိန်းဒုံးကျည် ၁၂ စင်း၊ ခရုဇ်ဒုံးကျည် သုံးစင်းအပြင် မောင်းသူမဲ့လေယာဉ်လေးစင်း ပါဝင်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ တိုက်ခိုက်မှုကြောင့် လူသုံးဦး ဒ-ဏ်ရာရခဲ့ကြောင်းလည်း ဝန်ကြီးဌာနက ဆက်လက်ပြောကြားခဲ့သည်။ အီရန်၏ တိုက်ခိုက်မှုများစတင်ခဲ့သည့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071