Saturday, April 25, 2026

သင်တန်းသား/သူအများအပြားတက်ရောက်နေသည့် MFF ၏ နွေရာသီအခြေခံဘောလုံးသင်တန်း...

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) က ကြီးမှူး၍ နွေရာသီအခြေခံဘောလုံးသင်တန်း (အခမဲ့) ဒုတိယအပတ်စဥ်ကို ယနေ့ ဧပြီ ၂၅ ရက်နံနက် ၇ နာရီက ရန်ကုန်အကယ်ဒမီ...

ရန်ကုန်အထူးကုဆေးရုံသစ်ကြီး တည်ဆောက်နေ

ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ်၌ ရန်ကုန်အထူးကုဆေးရုံသစ်ကြီး တည်ဆောက်နေသည်။ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက နှလုံး၊ ဦးနှောက်နှင့် အာရုံကြောလူနာရှင်များအတွက် နိုင်ငံတကာစံနှုန်းများနှင့်အညီ အကောင်းဆုံးကုသမှုပေးနိုင်မည့် ဆေးရုံသစ်ကြီးဖြစ်လာမည်ဖြစ်သည်။ ထိုသို့တည်ဆောက်နေမှုကို ဒုတိယဝန်ကြီး ဦးမျိုးမြင့်...

မယ်နုအုတ်ကျောင်းကို နိုင်ငံတကာစံညွှန်းနှင့်အညီ ပြုပြင်ထိန်းသိမ်းမည်

ငလျင်ကြီးဒ-ဏ်ကြောင့် ပျ-က်စီးခဲ့သည့် မယ်နုအုတ်ကျောင်းကို နိုင်ငံတကာစံညွှန်းနှင့်အညီ ပြုပြင်ထိန်းသိမ်းမည် ဖြစ်ကြောင်း သိရသည်။ ဟိုတယ်၊ ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်၏ မန္တလေးတိုင်း ခရီးစဉ်အတွင်း အင်းဝမြို့ဟောင်းရှိ...

မေလတွင် ကျင်းပမည့် မြန်မာ့ဒူးရင်းပွဲတော်ဖြင့် ဈေးကွက်တိုးချဲ့ရန်...

လာမည့် မေလအတွင်း ရန်ကုန်မြို့၌ မြန်မာ့ဒူးရင်းပွဲတော်ကို ကျင်းပနိုင်ရန် ပြင်ဆင်နေကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ သိရသည်။ အဆိုပါပွဲတော်ကို မြန်မာ့ဒေသထွက်...
HomeMoviesပုသိမ်ကြီးမြို့နယ်တွင် မိုးရွာသွန်းပြီး လေပြင်းတိုက်၊

ပုသိမ်ကြီးမြို့နယ်တွင် မိုးရွာသွန်းပြီး လေပြင်းတိုက်၊

မန္တလေး-ပြင်ဦးလွင် ကားလမ်းရှိ သစ်ပင်များလဲကျပြီး လမ်းပိတ်မှုများ ရှင်းလင်းပြီးဖြစ်

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်အတွင်း ယမန်နေ့ ညပိုင်းက မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်သဖြင့် သမ္မတောကျေးရွာနှင့် ကျောက်မီးကျေးရွာကြားရှိ မန္တလေး-ပြင်ဦးလွင် ကားလမ်း လမ်းလယ်ကျွန်းနှင့် လမ်းဘေးဝဲယာရှိ သစ်ပင်များလဲကျပြီး လမ်းပိတ်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက သိရသည်။

အဆိုပါ လမ်းပိတ်နေမှုကို ခရိုင်မီးသတ်စခန်း၊ ပုသိမ်ကြီးမြို့နယ် မီးသတ်စခန်း၊ ချမ်းမြသာစည် မြို့နယ် မီးသတ်စခန်းတို့က အဖွဲ့ဝင်များ သွားရောက်ရှင်းလင်းခဲ့ပြီး ယနေ့ ၅နာရီအချိန်တွင် လုပ်ငန်းများ ဆောင်ရွက်ပြီးဖြစ်ကြောင်း သိရသည်။

ထို့အတူ ကျောက်မီးကျေးရွာတွင် သစ်ပင်လဲကျ၍ နေအိမ်တစ်လုံးပေါ်သို့ ပိမိနေပြီး ရှင်လင်းရေးလုပ်ငန်းများလည်း ဆောင်ရွက်ခဲ့ရာ လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သင်တန်းသား/သူအများအပြားတက်ရောက်နေသည့် MFF ၏ နွေရာသီအခြေခံဘောလုံးသင်တန်း (အခမဲ့) ဒုတိယအပတ်စဉ်

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) က ကြီးမှူး၍ နွေရာသီအခြေခံဘောလုံးသင်တန်း (အခမဲ့) ဒုတိယအပတ်စဥ်ကို ယနေ့ ဧပြီ ၂၅ ရက်နံနက် ၇ နာရီက ရန်ကုန်အကယ်ဒမီ မြက်ခင်းတုကွင်း၌ဖွင့်လှစ်ရာ သင်တန်းသား/သူအများအပြားတက်ရောက်သင်ကြားလျက်ရှိသည်။ သင်တန်းကို လူငယ်များ နွေရာသီကျောင်းပိတ်ရက်အတွင်း အချိန်ကိုအကျိုးရှိစွာအသုံးပြုနိုင်စေရန်နှင့် အခြေခံဘောလုံးနည်းစနစ်များ မှန်ကန်စွာတတ်မြောက်စေရန် ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်သည်။ အဆိုပါ နွေရာသီအခြေခံဘောလုံးသင်တန်း (ဒုတိယအပတ်စဉ်) ကို "Learn - Play - Enjoy" အစီအစဉ်အတိုင်း ပျော်ရွှင်စွာလေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်သည်။

ရန်ကုန်အထူးကုဆေးရုံသစ်ကြီး တည်ဆောက်နေ

ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ်၌ ရန်ကုန်အထူးကုဆေးရုံသစ်ကြီး တည်ဆောက်နေသည်။ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက နှလုံး၊ ဦးနှောက်နှင့် အာရုံကြောလူနာရှင်များအတွက် နိုင်ငံတကာစံနှုန်းများနှင့်အညီ အကောင်းဆုံးကုသမှုပေးနိုင်မည့် ဆေးရုံသစ်ကြီးဖြစ်လာမည်ဖြစ်သည်။ ထိုသို့တည်ဆောက်နေမှုကို ဒုတိယဝန်ကြီး ဦးမျိုးမြင့် သွားရောက်ကြည့်ရှုခဲ့ပြီး ဆေးရုံအဆောက်အအုံဆိုင်ရာ နိုင်ငံတကာ စံသတ်မှတ်ချက်များနှင့် ကိုက်ညီအောင် ဆောင်ရွက်ပေးသွားရန်၊ ဓာတ်ရောင်ခြည်လုံခြုံမှုအပါအဝင် အဆောက်အအုံအရည်အသွေးကောင်းမွန်စေရေး အလေးထားဆောင်ရွက်သွားရန်၊ လက်ရာသေသပ်ကောင်းမွန်စေရန် တာဝန်ရှိသူများက အနီးကပ်ကြီးကြပ်ဆောင်ရွက်ကာ လုပ်ငန်းများ အချိန်မီပြီးစီးအောင် အလေးထားဆောင်ရွက်ပေးသွားရန် တိုက်တွန်းမှာကြားခဲ့သည်။

မယ်နုအုတ်ကျောင်းကို နိုင်ငံတကာစံညွှန်းနှင့်အညီ ပြုပြင်ထိန်းသိမ်းမည်

ငလျင်ကြီးဒ-ဏ်ကြောင့် ပျ-က်စီးခဲ့သည့် မယ်နုအုတ်ကျောင်းကို နိုင်ငံတကာစံညွှန်းနှင့်အညီ ပြုပြင်ထိန်းသိမ်းမည် ဖြစ်ကြောင်း သိရသည်။ ဟိုတယ်၊ ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်၏ မန္တလေးတိုင်း ခရီးစဉ်အတွင်း အင်းဝမြို့ဟောင်းရှိ ရှေးဟောင်းအဆောက်အအုံ၊ စေတီ၊ ပုထိုးများ ပြုပြင်ထိန်းသိမ်းနေမှုများကို ကြည့်ရှုစစ်ဆေးရာတွင် ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ မယ်နုအုတ်ကျောင်းသည် အေဒီ ၁၈၂၂ ၌ ဘကြီးတော်မင်းနှင့် နန်းမတော် မယ်နုတို့က ဆောက်လုပ်လှူဒါန်းခဲ့ခြင်း ဖြစ်ကာ အေဒီ ၁၈၃၈ တွင်လည်း လှုပ်ခတ်ခဲ့သည့် ငလျင်ဒ-ဏ်ကြောင့် ပြိုကျခဲ့သေးသည်။ ထိုစဉ်က မယ်နု၏ သမီးတော် ဆင်ဖြူမရှင်က ပြန်လည်ပြုပြင်ခဲ့သည်။ ၂၀၂၅...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071