Saturday, April 25, 2026

ဦးဝင်းမြင့်အပါအဝင် အကျဥ်းသားများလွှတ်ပေးခြင်းကိုကြိုဆိုဟု အာဆီယံဥက္ကဋ္ဌဆို

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် ဦးဝင်းမြင့်အပါအဝင် အကျဥ်းသား (၄,၀၀၀) ကျော်ကို လွှတ်ငြိမ်းခွင့်ပြုခဲ့ခြင်းအတွက် ကြိုဆိုသည်ဟု အာဆီယံဥက္ကဋ္ဌမှ ဧပြီ ၂၄ ရက်က...

သန်လျင်မင်းကျောင်းပထမပြန်စာသင်တိုက်ကြီး၏ (၇၅) နှစ်မြောက် စိန်ရတုသဘင်ဆင်ယင်ကျင်းပ

ရန်ကုန်တိုင်း၊ သန်လျင်မြို့၊ မင်းကျောင်းပထမပြန်စာ သင်တိုက်ကြီး၏ (၇၅) နှစ်မြောက် စိန်ရတုသဘင်နှင့် (၃၆) ကြိမ်မြောက် အာစရိယပူဇော်ပွဲတို့ကို ယနေ့ ဧပြီ ၂၅...

မန္တလေးမြို့ရှိ မီးပွိုင့်များ၌ အရိပ်ရ အမိုးအကာများ...

မန္တလေးမြို့၏ လူစည်ကားရာ မီးပွိုင့်များ၌ အရိပ်ရ အမိုးအကာများ တပ်ဆင်ပေးလျက်ရှိသည်။ ထိုသို့ တပ်ဆင်ပေးခြင်းအားဖြင့် မီးပွိုင့်မိချိန်၌ ဆိုင်ကယ်၊ စက်ဘီးစီးသူများ အပူဒဏ်သက်သာစေမည် ဖြစ်သည်။ ယင်းသို့တပ်ဆင်ပေးမှုကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏...

အီရန်စစ်ပွဲကြောင့် အာရှ၏ ပိုလီယက်စတာ ထောက်ပံ့ရေးကွင်းဆက်...

အီရန်စစ်ပွဲ စတင်ကတည်းက ရုပ်ကြွင်းလောင်စာဈေးနှုန်းများ မြင့်တက်လာမှုသည် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတစ်ဝှမ်းရှိ ပိုလီယက်စတာ ထောက်ပံ့သူများနှင့် အထည်ချုပ်လုပ်ငန်းရှင်များကို အကျပ်ရို-က်စေကာ Zara နှင့် H&M...
HomeNewsLocal Newsမေလတွင် ကျင်းပမည့် မြန်မာ့ဒူးရင်းပွဲတော်ဖြင့်...

မေလတွင် ကျင်းပမည့် မြန်မာ့ဒူးရင်းပွဲတော်ဖြင့် ဈေးကွက်တိုးချဲ့ရန် ကြိုးပမ်း

လာမည့် မေလအတွင်း ရန်ကုန်မြို့၌ မြန်မာ့ဒူးရင်းပွဲတော်ကို ကျင်းပနိုင်ရန် ပြင်ဆင်နေကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ သိရသည်။

အဆိုပါပွဲတော်ကို မြန်မာ့ဒေသထွက် ဒူးရင်းသီးများကို ပြည်ပပို့ကုန်အဖြစ် တိုးမြှင့်နိုင်ရန်၊ “မြန်မာ့ဒူးရင်း” အမည်ဖြင့် နိုင်ငံတကာဈေးကွက်တွင် ထိုးဖောက်နိုင်ရန်နှင့် ခေတ်မီစိုက်ပျိုးရေးနည်းပညာများ၊ ရိတ်သိမ်းပြီးနောက် ထိန်းသိမ်းခြင်းနည်းပညာများကို ဆွေးနွေးဖလှယ်နိုင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။

ထို့ပြင် ဒူးရင်းဈေးကွက်ချဲ့ထွင်ရေး၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများဖန်တီးရေးနှင့် စီးပွားရေးကွန်ရက်ချိတ်ဆက်ရေးတို့ကိုလည်း အထူးအလေးထား ဆောင်ရွက်သွားမည်ဖြစ်သည်။

ဈေးကွက်လိုအပ်ချက်နှင့် ကိုက်ညီသည့် အရည်အသွေးမြင့် ဒူးရင်းမျိုးများကို ရွေးချယ်ဖော်ထုတ်နိုင်ရန်လည်း မျှော်မှန်းထားကြောင်း အသင်းက ထုတ်ပြန်ထားသည်။

ထို့ကြောင့် ဒူးရင်းစိုက်တောင်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် စိတ်ပါဝင်စားသူများအနေဖြင့် အဆိုပါပွဲတော်တွင် ပါဝင်ဆောင်ရွက်ကြရန်နှင့် အသေးစိတ်အချက်အလက်များအတွက် သက်ဆိုင်ရာအသင်းနှင့် ဆက်သွယ်နိုင်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဦးဝင်းမြင့်အပါအဝင် အကျဥ်းသားများလွှတ်ပေးခြင်းကိုကြိုဆိုဟု အာဆီယံဥက္ကဋ္ဌဆို

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် ဦးဝင်းမြင့်အပါအဝင် အကျဥ်းသား (၄,၀၀၀) ကျော်ကို လွှတ်ငြိမ်းခွင့်ပြုခဲ့ခြင်းအတွက် ကြိုဆိုသည်ဟု အာဆီယံဥက္ကဋ္ဌမှ ဧပြီ ၂၄ ရက်က ပြောကြားခဲ့သည်။ ထို့ပြင် ဦးဝင်းမြင့်ကို လွှတ်ပေးခြင်းသည် မြန်မာနိုင်ငံ၏ ပါတီအသီးသီးပါဝင်မှုရှိသော အမျိုးသားညှိနှိုင်းဆွေးနွေးမှုရောက်ရှိစေရန် အပြုသဘောဆောင်သော အဆင့်ဖြစ်၍ ကျန်ရှိနေသော အကျဉ်းသားများကိုလွှတ်ပေးရန်လည်း တိုက်တွန်းပြောဆိုခဲ့သည်။ မိမိတို့အနေဖြင့် အာဆီယံ၏အရေးပါသော အဖွဲ့ဝင်ဖြစ်သည့် မြန်မာနိုင်ငံ၌ ငြိမ်းချမ်းပြီးတည်တံ့ခိုင်မြဲသော နိုင်ငံရေး ဖြေရှင်းချက်တစ်ရပ်ရရှိစေရန် ဆက်လက်ကူညီပံ့ပိုးပေးမည်ကိုလည်း အာဆီယံဥက္ကဋ္ဌက အတည်ပြုပြောဆိုခဲ့သည်။ ထို့ပြင် မြန်မာနိုင်ငံ၏ နိုင်ငံရေးအကျပ်အတည်းကိုဖြေရှင်းရန် အာဆီယံ၏ (Five-Point Consensus) သည်...

သန်လျင်မင်းကျောင်းပထမပြန်စာသင်တိုက်ကြီး၏ (၇၅) နှစ်မြောက် စိန်ရတုသဘင်ဆင်ယင်ကျင်းပ

ရန်ကုန်တိုင်း၊ သန်လျင်မြို့၊ မင်းကျောင်းပထမပြန်စာ သင်တိုက်ကြီး၏ (၇၅) နှစ်မြောက် စိန်ရတုသဘင်နှင့် (၃၆) ကြိမ်မြောက် အာစရိယပူဇော်ပွဲတို့ကို ယနေ့ ဧပြီ ၂၅ ရက်နံနက်ပိုင်းကဆင်ယင်ကျင်းပရာ ရန်ကုန်‌တိုင်းဝန်ကြီးချုပ်ဦးအောင်နိုင်သူ နှင့်ဇနီး၊ တာဝန်ရှိသူများတက်ရောက်ကြည်ညိုပူဇော်ကာ လှူဖွယ်ဝတ္ထုပစ္စည်းများကိုဆက်ကပ်လှူဒါန်းခဲ့ကြသည်။

မန္တလေးမြို့ရှိ မီးပွိုင့်များ၌ အရိပ်ရ အမိုးအကာများ တပ်ဆင်ပေး

မန္တလေးမြို့၏ လူစည်ကားရာ မီးပွိုင့်များ၌ အရိပ်ရ အမိုးအကာများ တပ်ဆင်ပေးလျက်ရှိသည်။ ထိုသို့ တပ်ဆင်ပေးခြင်းအားဖြင့် မီးပွိုင့်မိချိန်၌ ဆိုင်ကယ်၊ စက်ဘီးစီးသူများ အပူဒဏ်သက်သာစေမည် ဖြစ်သည်။ ယင်းသို့တပ်ဆင်ပေးမှုကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုနှင့် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ အဆောက်အအုံနှင့် ကုန်ရုံဌာနမှ တပ်ဆင်ပေးနေခြင်းဖြစ်သည်။ လက်ရှိ၌ ၂၆×၇၃၊ ၃၀×၇၃ နဲ့ ၃၅×၇၈ လမ်းထောင့်များ၌ တပ်ဆင်ပြီးစီးထားပြီးဖြစ်ကာ ကျန်နေရာများကိုလည်း တပ်ဆင်နိုင်ရန် ဆက်လက်တိုးချဲ့လုပ်ဆောင်လျက်ရှိနေသည်ဟု သိရသည်။ Photo - Mandalay View

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071