ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ်၌ ရန်ကုန်အထူးကုဆေးရုံသစ်ကြီး တည်ဆောက်နေသည်။
တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက နှလုံး၊ ဦးနှောက်နှင့် အာရုံကြောလူနာရှင်များအတွက် နိုင်ငံတကာစံနှုန်းများနှင့်အညီ အကောင်းဆုံးကုသမှုပေးနိုင်မည့် ဆေးရုံသစ်ကြီးဖြစ်လာမည်ဖြစ်သည်။
ထိုသို့တည်ဆောက်နေမှုကို ဒုတိယဝန်ကြီး ဦးမျိုးမြင့် သွားရောက်ကြည့်ရှုခဲ့ပြီး ဆေးရုံအဆောက်အအုံဆိုင်ရာ နိုင်ငံတကာ စံသတ်မှတ်ချက်များနှင့် ကိုက်ညီအောင် ဆောင်ရွက်ပေးသွားရန်၊ ဓာတ်ရောင်ခြည်လုံခြုံမှုအပါအဝင် အဆောက်အအုံအရည်အသွေးကောင်းမွန်စေရေး အလေးထားဆောင်ရွက်သွားရန်၊ လက်ရာသေသပ်ကောင်းမွန်စေရန် တာဝန်ရှိသူများက အနီးကပ်ကြီးကြပ်ဆောင်ရွက်ကာ လုပ်ငန်းများ အချိန်မီပြီးစီးအောင် အလေးထားဆောင်ရွက်ပေးသွားရန် တိုက်တွန်းမှာကြားခဲ့သည်။
