၁၁၃ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာအလုပ်သမားညီလာခံ (အိုင်အယ်လ်စီ)တွင် မြန်မာနိုင်ငံကို အိုင်အယ်လ်အို ပုဒ်မ ၃၃ ကို လိုက်နာမှုအားနည်းသဖြင့် စောင့်ကြည့်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပုဒ်မ ၃၃ က အိုင်အယ်လ်အို အုပ်ချုပ်မှုအဖွဲ့ကို အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံက စုံစမ်းရေးကော်မရှင် သို့မဟုတ် အပြည်ပြည်ဆိုင်ရာတရားရုံး၏ ဆုံးဖြတ်ချက်ကို လိုက်နာရန်ပျ-က်ကွ-က်လျှင် အဆိုပါနိုင်ငံကို အရေးယူရန် ထောက်ခံ တင်ပြရမည့် လုပ်ထုံးလုပ်နည်းကို ပြဋ္ဌာန်းထားသည်။ ဤကဲ့သို့ အရေးယူရခြင်း၏ ရည်ရွယ်ချက်မှာ အပြည်ပြည်ဆိုင်ရာ အလုပ်သမား စံနှုန်းများနှင့် အခြေခံအခွင့်အရေးများကို လိုက်နာစေရန်ဖြစ်သည်။ အရေးယူမှုတွင် သံတမန်နည်းလမ်းဖြင့်ဖိအားပေးခြင်း၊ စီးပွားရေးအရအရေးယူပိ-တ်ဆို့ခြင်း သို့မဟုတ် အပြည်ပြည်ဆိုင်ရာတရားရုံး၌ အမှုရင်ဆိုင်စေခြင်းတို့ဖြစ်သည်။
အဆိုပါ ပုဒ်မ ၃၃ ကို အဖွဲ့ဝင် နိုင်ငံတိုင်းက လိုက်နာရမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင်အားလုံးကဝိုင်းဝန်း၍ တိုးတက်ကောင်းမွန်အောင်လုပ်ဆောင်ရမည်ဖြစ်ပြီး စောင့်ကြည့်ခံအဆင့်ဖြစ်နေမည် ဖြစ်သည်။ အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ညီလာခံ၌ မြန်မာနိုင်ငံကို အရေးယူမည်ကို တရုတ်၊ ရုရှ၊ ဘီလာရုစ် နှင့် လာအိုတို့က မထောက်ခံကြောင်းပြောကြားခဲ့ကြသည်။ နိုင်ငံအများစုက ပြည်သုများ၏လူမှုစီးပွါးဘဝကိုမထိခို-က်စေရေး၊ စီးပွါးရေးဆန်ရှင်မပါရေးတို့ကိုဦးတည်ဆွေးနွေးခဲ့ကြသည်။
မြန်မာနိုင်ငံနှင့်ပတ်သက်၍ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင်ကိုယ်စားလှယ်များကို တရားဝင်ဖိတ်ကြားခြင်းမျိုးမဟုတ်ဘဲ မြန်မာမှ အလုပ်ရှင်အလုပ်သမား ကိုယ်စားလှယ်များကို အိုင်အင်န်ဂျီအိုများ အနေဖြင့် ဖိတ်ကြားခြင်းမျိုးဖြစ် သည်ဟုသိရသည်။
၂၀၂၄ ခုနှစ်က အိုင်အယ်လ်အို အုပ်ချုပ်မှုအဖွဲ့၏ ဆုံးဖြတ်ချက်တွင် မြန်မာနိုင်ငံ၏ အလုပ်ရှင်၊ အလုပ်သမား ကိုယ်စားလှယ်များကို အိုင်အင်န်ဂျီအိုက တာဝန်ခံ ဖိတ်ကြားနိုင်ကြောင်း ဆုံးဖြတ်ထားသည်။ တက်ရောက်သူမြန်မာများက အပြည်ပြည်ဆိုင်အဖွဲ့အစည်းများ၏ ကိုယ်စားလှယ်များအဖြစ်ဖိတ်ကြားမှုအရ တက်ရောက်နေကြခြင်းဖြစ်သည်။
အလုပ်ရှင် အဖွဲ့ ဒုဥက္ကဋ္ဌ ဂျက်ကလင်းက ပုဒ်မ ၃၃ သည်မြန်မာအား ဒဏ်တပ်ခြင်းမဟုတ်ဘဲ လိုက်နာအောင် လုပ်ခြင်းဖြစ်ကြောင်းနှင့် ပြည့်သူ့ဘဝ မထိခို-က်စေသည့် နည်းဖြင့် ထိမ်းကြောင်းသွားရမည်ဟု ထည့်သွင်း ပြောကြားခဲ့သည်။
တဖက်သတ်အရေးယူမှုများသည် မမှန်ကန်ကြောင်း၊ ခုတ်ရာတခြားရှရာတလွဲဖြစ်နိုင်သဖြင့် လာအိုနိုင်ငံကမထောက်ခံကြောင်း ပြောကြားခဲ့သည်။
ဘယ်လာရုစ်နိုင်ငံက မြန်မာသည်ပူးပေါင်းလုပ်ဆောင်ရန် အသင့်ရှိနေပြီး၄င်းတို့ကိုမည်သည့်ဒိုင်ယာလော့မှမလုပ်ဘဲ အရေးယူခြင်းကို မထောက်ခံပါကြောင်းပြောကြားခဲ့သည်။
ကိုယ်စားလှယ်တစ်ဦး၏အဆိုအရ ပုဒ်မ ၃၃ ဖြင့် မြန်မာနိုင်ငံကို အရေးယူသည့်အဆင့် မဟုတ်ဘဲ လိုက်နာအောင် လုပ် ဆောင်ခြင်းသာဖြစ်ကြောင်း ပေါ်ပြူလာကို ဖြေကြားခဲ့သည်။
“အပြန်အလှန်အပြည့်အစုံဆွေးနွေးခြင်းများနဲ့ ဆုံးဖြတ်ချက်များကို သေချာနားထောင်ပြီးမှ မှတ်ချက်ပေးလို့ရပါမယ်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီညီလာခံကို အခုကိစ္စတင်-မတင်ပေါ်မှာမူတည်သွားမှာပါ။
ILO အနေနဲ့တော့ အရေးယူလို့မရဘူး၊ UN ကဘဲဆုံးဖြတ်ချက်ချပြီးအရေးယူတာပါ” ဟု အလုပ်ရှင် အလုပ်သမား ရေးရာ နားလည်သူတစ်ဦးက ဆိုသည်။
