Monday, September 21, 2026

အာရှအားကစားပြိုင်ပွဲတွင် မြန်မာပိုက်ကျော်ခြင်းအသင်း ယှဉ်ပြိုင်မည့် အုပ်စုပွဲစဉ်များ...

နေပြည်တော်၊ စက်တင်ဘာ ၂၁ (၂၀) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင်ပိုက်ကျော်ခြင်းအသင်းသည် အမျိုးသမီးနှစ်ယောက်တွဲ၊ အမျိုးသားသုံးယောက်တွဲနှင့် အမျိုးသားလေးယောက်တွဲ ပြိုင်ပွဲအမျိုးအစားသုံးမျိုး၌ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး အုပ်စုအဆင့်တွင် တွေ့ဆုံရမည့်အသင်းများ...

အုပ်စုအဆင့်ဖြင့်သာ ကျေနပ်ခဲ့ရသည့် မြန်မာလက်ရွေးစင်အမျိုးသမီးအသင်း

ယနေ့ စက်တင်ဘာ ၂၁ရက် မွန်းလွဲ ၁နာရီအချိန်၌ ဂျပန်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် ၂၀၂၆ အာရှအားကစားအမျိုးသမီးဘောလုံးပြိုင်ပွဲအုပ်စုနောက်ဆုံးပွဲစဉ်တွင် မြန်မာလက်ရွေးစင်အမျိုးသမီးအသင်းနှင့် ဘင်္ဂလားဒေ့ရှ်အသင်းတို့ ယှဉ်ပြိုင်ကစားရာတွင်...

ပါမောက္ခချုပ်ဆရာတော်ကြီး၏ ဘွဲ့အမည်ကိုအလွဲသုံး စားပြု၍ ငွေကြေးလိမ်လည်ကောက်ခံမှုများရှိနေ...

ပါမောက္ခချုပ်ဆရာတော်ကြီး ဒေါက်တာနန္ဒမာလာဘိဝံသ၏ ဘွဲ့အမည်ကိုအလွဲသုံးစားပြု၍ ငွေကြေးလိမ်လည်ကောက်ခံမှုများရှိနေ၍သတိပြုကြရန် အနီးကပ်ကပ္ပိယအဖွဲ့က စက်တင်ဘာ ၁၇ ရက်တွင်အသိပေးထုတ်ပြန်ခဲ့သည်။ ပါမောက္ခချုပ်ဆရာတော်ကြီး၏ ဘွဲ့အမည်ကို အလွဲသုံး စားပြုလုပ်၍ အလှူခံခြင်း၊ ဆရာတော်ကြီးထံသွား...

Smart Agriculture အဖြစ်ဖော်ဆောင်ရာတွင် နည်းပညာသည်တောင်သူများအတွက်...

လယ်ယာကဏ္ဍကိုသမားရိုးကျ ထုတ်လုပ်မှုစနစ်ကနေ ခေတ်မီထိရောက်ပြီးရေရှည်တည်တံ့တဲ့ထုတ်လုပ်မှုစနစ်ကူးပြောင်းဖို့အထူးလိုအပ်ပါတယ်။ လယ်ယာကဏ္ဍမြှင့်တင်ရေးဟာ နိုင်ငံစီးပွားရေးတိုးတက်ရေးနဲ့ဆင်းရဲနွမ်းပါးမှုလျော့ချရေးရဲ့ပထမခြေလှမ်းဖြစ်ပါတယ်။ နည်းပညာဟာတောင်သူတွေအတွက် အပိုကုန်ကျစရိတ်တစ်ခုမဖြစ်သင့်ဘဲ ထုတ်လုပ်မှုကုန်ကျစရိတ်ကိုလျော့ချပေးနိုင်မယ့် ရင်းနှီးမြှုပ်နှံမှုတစ်ရပ်ဖြစ်လာဖို့ လိုအပ်ပါတယ်။ စီးပွား‌ရေးအကျိုးမြတ်တစ်ခုတည်းကိုမကြည့်ဘဲ စားရေရိက္ခာဖူလုံရေးကိုလည်း အခြေခံမူဝါဒအဖြစ်ထားရှိဖို့ လိုအပ်ပါတယ်။ အစိုးရကမူဝါဒနဲ့ပတ်ဝန်းကျင်ကောင်းဖန်တီးပေးခြင်း၊...
HomeCelebrities' Newsပညာရေးနဲ့ အနုပညာ ဘယ်ဘက်ကို...

ပညာရေးနဲ့ အနုပညာ ဘယ်ဘက်ကို ဆက်လှမ်းဖြစ်မလဲဒိုရာအဲလက်(စ်)


အဆိုတော် အဲလက်(စ်) ရဲ့သမီးဖြစ်သူ ဒိုရာအဲလက်(စ်)က ပထမဆုံးတစ်ကိုယ်တော်စီးရီး ခွေ ထွက်ခဲ့ပြီ။ သီချင်း ၈ပုဒ်မှာ ၇ပုဒ်ကို သူ ကိုယ်တိုင်ရေးခဲ့တယ်လို့ ဒိုရာက ဆိုတယ်။ ပြီးတော့ Music ကို Produce လုပ်ပေးတာက ဟန်ထူးလွင် (ကျားပေါက်)ဖြစ်တဲ့အပြင် ကျားပေါက် ကိုယ်တိုင် သီချင်းတစ်ပုဒ်ကို ရေးပေး ထားတာဆိုတော့ ဒိုရာအဲလက်(စ်)ရဲ့ ‘First Things First’ Album ဟာ ပြည့်စုံတဲ့ အယ်လ်ဘမ်တစ်ချပ်ဖြစ်ခဲ့ ပါတယ်။ အယ်လ်ဘမ်တစ်ချပ်လုံးရဲ့ ၉ဝ ရာခိုင်နှုန်းလောက်ကို အင်္ဂလိပ်လို သီဆိုထားတာက လည်းဒိုရာရဲ့ အား သာချက် တစ်ခုဖြစ်မယ် ထင်တယ်။ ပြောရမယ်ဆိုရင် Music ဆန်တဲ့ အခွေတစ်ခွေပေါ့။

”သီချင်း ၈ပုဒ်စလုံးကို ကျေနပ်တယ်။ အခွေ တစ်ခုလုံးကိုလည်း ကျေ နပ်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့အချိန် ၂နှစ် အတွင်း အေးအေးဆေး ဆေးလုပ်ခဲ့ရတာဆိုတော့ မကျေနပ်စရာအကြောင်းမရှိဘူးလို့ထင်တာပဲ။ ကိုယ်သိတတ်သလောက် Chord နဲ့ Guitar ပေါ်မှာ တီးတတ်သ လောက်၊ စန္ဒရားပေါ်မှာ တီးတတ်သလောက်နဲ့ ရေးခဲ့တဲ့အတွက်ကြောင့် မို့လို့ လုပ်တတ် သလောက်နဲ့ လုပ်ခဲ့ နိုင်တာကို ကျေနပ်တယ်။ ဒါပေမဲ့ ဘာကို မကျေနပ်ဘူး လဲဆိုရင် သြော်….ငါ အဲဒီတုန်းကဆိုရင် ဒီထက်ပိုတီးတတ် သင့်တယ်။ ဒီထက် ပိုပြီးတော့ Guitor ကို Practise လုပ်ခဲ့သင့်တယ်။ အဲဒီလိုမျိုးတော့ ဖြစ်ပေမယ့် တီးတတ်သလောက်နဲ့ လုပ်ခဲ့နိုင်တဲ့ Product ကို ကျေနပ်တယ်” လို့ ဒိုရာအဲလက်(စ်)ကပြောပါတယ်။

အခွေထွက်ပြီးတဲ့ အခါမှာ တစ်ယောက်ပဲဖြစ်ဖြစ်၊ နှစ်ယောက်ပဲဖြစ်ဖြစ် အခွေနဲ့ပတ် သက်လို့ Comment ပေးကြတဲ့ သူတွေအားလုံးကို ကျေးဇူးတင်ပါ တယ်လို့လည်း ဒိုရာအဲလက်(စ်)က ဆိုပါတယ်။

ပညာရေးအနေနဲ့ကတော့ ဒိုရာက ဇန်နဝါရီမှာ College တက် ဖြစ်မယ်လို့ သိရပါတယ်။ ဘယ်မှာဖြစ် မလဲလို့ဆိုတော့…

”Europe ဘက်ပဲ သွားမယ်” လို့ သူကဆိုပါတယ်။ အနုပညာ ဘက်မှာ ခြေလှမ်းစနေပြီဆိုတော့ ပညာရေးဘက်ကို သွားမယ်ဆိုရင်လို့ ဆိုတော့ ”မမေးနဲ့ အစ်ကို… မဖြေ ချင်ဘူး” လို့ ရယ်ရယ်မောမော ပြော ပြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ”အဲဒီလိုမျိုးမေးရင် ဘာပြော ရမှန်း လည်းမသိဘူး (ရယ်လျက်)။ ကိုယ်တ ကယ်မသိလို့ပါ။ ဒါပေမဲ့ ကျောင်း ကတော့ မတက်ဖြစ် လောက်တဲ့ အခြေအနေအထိတော့ မဖြစ် လောက်ဘူးလို့ ထင်တာပဲ။ အဲဒါ တော့ သိတယ်။ ဒါပေမဲ့ ကျောင်း တက်ပြီးသွားလို့ရှိရင် တစ်နှစ်ကို ဘယ်နှခါ ရန်ကုန်ကိုပြန်လာရမလဲ တောင် မစဉ်းစားရ သေးဘူး။ သွားလို့ ရှိရင်လည်း အဖေနဲ့အမေ ကိုလိုက်ပို့ ခိုင်းရမှာလား။ ကိုယ်တစ် ယောက်တည်း သွားရမှာ လား။ အဲဒါ လည်း မစဉ်းစားရသေး ဘူး။ Carrier အနေနဲ့ ဘာ လုပ်မလဲမသိပေ မယ့် သီချင်းကိုတော့ အမြဲမ်း ရေးဖြစ် နေမယ်ထင် တာပဲ” လို့ ဒိုရာအဲလက် (စ်)က ပြောပြခဲ့ပါတယ်။

 

မျိုးမောင်

ဓာတ်ပုံ-မင်းမင်းထွန်း

Ads Space Available


Continue reading

အာရှအားကစားပြိုင်ပွဲတွင် မြန်မာပိုက်ကျော်ခြင်းအသင်း ယှဉ်ပြိုင်မည့် အုပ်စုပွဲစဉ်များ ထွက်ပေါ်

နေပြည်တော်၊ စက်တင်ဘာ ၂၁ (၂၀) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင်ပိုက်ကျော်ခြင်းအသင်းသည် အမျိုးသမီးနှစ်ယောက်တွဲ၊ အမျိုးသားသုံးယောက်တွဲနှင့် အမျိုးသားလေးယောက်တွဲ ပြိုင်ပွဲအမျိုးအစားသုံးမျိုး၌ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး အုပ်စုအဆင့်တွင် တွေ့ဆုံရမည့်အသင်းများ ထွက်ပေါ်လာပြီဖြစ်ကြောင်း သိရသည်။ အမျိုးသမီးနှစ်ယောက်တွဲ (Women Double) ပြိုင်ပွဲတွင် မြန်မာအသင်းသည် အုပ်စု (က) ၌ မလေးရှား၊ ဗီယက်နမ်နှင့် လာအိုအသင်းတို့နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ အုပ်စုပွဲစဉ်များကို စက်တင်ဘာ ၂၇ ရက်မှ ၂၈ ရက်အထိ ကျင်းပမည်ဖြစ်ပြီး အကြိုဗိုလ်လုပွဲကို စက်တင်ဘာ ၂၈ ရက်၊ ဗိုလ်လုပွဲကို စက်တင်ဘာ...

အုပ်စုအဆင့်ဖြင့်သာ ကျေနပ်ခဲ့ရသည့် မြန်မာလက်ရွေးစင်အမျိုးသမီးအသင်း

ယနေ့ စက်တင်ဘာ ၂၁ရက် မွန်းလွဲ ၁နာရီအချိန်၌ ဂျပန်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် ၂၀၂၆ အာရှအားကစားအမျိုးသမီးဘောလုံးပြိုင်ပွဲအုပ်စုနောက်ဆုံးပွဲစဉ်တွင် မြန်မာလက်ရွေးစင်အမျိုးသမီးအသင်းနှင့် ဘင်္ဂလားဒေ့ရှ်အသင်းတို့ ယှဉ်ပြိုင်ကစားရာတွင် သရေ ရလဒ်ဖြင့် ပွဲပြီးဆုံးခဲ့သည်။ ပွဲစဉ် ပထမပိုင်းနှင့် ဒုတိယပိုင်း ပြီးဆုံးချိန်အထိ ပြိုင်ဖက်နှစ်သင်းမှာ ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိဘဲ သရေရလဒ် ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။ မြန်မာအမျိုးသမီးအသင်းမှာ အုပ်စုတွင်း ၃ ပွဲကစား ၂ ပွဲရှုံး၊ ၁ ပွဲသရေ ရလဒ်ထွက်ပေါ်ထားပြီး အုပ်စုအဆင့်ဖြင့်သာ ကျေ နပ်ခဲ့ရခြင်းဖြစ်သည်။ မြန်မာအမျိုးသမီးအသင်းသည် အုပ်စု အဖွင့်ပွဲစဥ်တွင် တောင်ကိုရီးယားအသင်းကို ၅ ဂိုးပြတ်၊...

ပါမောက္ခချုပ်ဆရာတော်ကြီး၏ ဘွဲ့အမည်ကိုအလွဲသုံး စားပြု၍ ငွေကြေးလိမ်လည်ကောက်ခံမှုများရှိနေ သတိပြုကြရန် အနီးကပ်ကပ္ပိယအဖွဲ့သတိပေး

ပါမောက္ခချုပ်ဆရာတော်ကြီး ဒေါက်တာနန္ဒမာလာဘိဝံသ၏ ဘွဲ့အမည်ကိုအလွဲသုံးစားပြု၍ ငွေကြေးလိမ်လည်ကောက်ခံမှုများရှိနေ၍သတိပြုကြရန် အနီးကပ်ကပ္ပိယအဖွဲ့က စက်တင်ဘာ ၁၇ ရက်တွင်အသိပေးထုတ်ပြန်ခဲ့သည်။ ပါမောက္ခချုပ်ဆရာတော်ကြီး၏ ဘွဲ့အမည်ကို အလွဲသုံး စားပြုလုပ်၍ အလှူခံခြင်း၊ ဆရာတော်ကြီးထံသွား ရောက်လှူဒါန်းပေးမည်ဟုဆိုကာ ငွေကြေးလိမ်လည်ကောက်ခံခြင်းများပြုလုပ်နေခြင်းများကို တွေ့ရှိနေရကြောင်း အနီးကပ်ကပ္ပိယအဖွဲ့က အသိပေးခဲ့သည်။ ထို့ကြောင့် အလှူအတန်းများနှင့်ပတ်သက်၍ ဆရာတော်ကြီးထံတိုက်ရိုက်လျှောက်ထားပြီး ဆရာတော်ကြီးခွင့်ပြုသည့် အလှူကိစ္စရပ်များမှလွဲ၍ တဆင့်လှူဒါန်းရန် ငွေကြေးကောက်ခံခြင်း၊ ပါဝင်လှူဒါန်းခြင်းများလုံးဝ (လုံးဝ)မပြုလုပ်ကြပါရန် ဆရာတော်ကြီး၏ တိုက်ရိုက်ညွှန်ကြားချက်အရ အနီးကပ်ကပ္ပိယအဖွဲ့က အသိပေးထုတ်ပြန်ခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071