Wednesday, April 22, 2026

ပထမဆုံးအကြိမ်အဖြစ် ထိုင်း-တရုတ် ပူးပေါင်း၍ ရိုဘော့ဖြင့်...

ထိုင်းနိုင်ငံသည် ၎င်း၏ ပထမဆုံးနယ်စပ်ဖြတ်ကျော် တယ်လီရိုဘော့တစ်ခွဲစိတ်ကုသမှုကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပြီး နိုင်ငံ၏ ဆေးဘက်ဆိုင်ရာနည်းပညာနှင့် နိုင်ငံတကာကျန်းမာရေးစောင့်ရှောက်မှု ပူးပေါင်းဆောင်ရွက်ဆောင်ရွက်မှုတွင် သိသာထင်ရှားသော တိုးတက်မှုမှတ်တိုင်တစ်ခုဖြစ်ခဲ့ကြောင်း ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက...

ထိုင်း၌ ကြာသပတေးမှစနေနေ့အထိ နွေရာသီမုန်တိုင်းကိုသတိပေးထား

ကြာသပတေးနေ့မှ စနေနေ့အထိ ထိုင်းနိုင်ငံအထက်ပိုင်းသို့ မုန်တိုင်းများကျရောက်နိုင်ပြီး မိုးကြိုးမုန်တိုင်းနှင့် လေပြင်းများတို-က်ခတ်နိုင်ကြောင်း မိုးလေဝသဌာနက သတိပေးချက်ထုတ်ပြန်ထားသည်။ ဧပြီလ ၂၃ ရက် နေ့မှ ၂၅ ရက်...

လေကြောင်းခရီးစဉ်များ လျှော့ချပြီး ဆီအပိုဆောင်းခများ နှစ်ဆတိုးမြင့်

ဧပြီ ၂၂ ရက် လေယာဉ်ဆီဈေးနှုန်း မြင့်တက်လာသဖြင့်ရပ်တည်နိုင်ရန်အတွက် ထိုင်းနိုင်ငံမှ ပြည်တွင်းလေကြောင်းလိုင်းများသည် အကျိုးအမြတ်နည်းသော ခရီးစဉ်များကို ပေါင်းစည်းပျံသန်းပြီး ခရီးစဉ်အရေအတွက်ကို ဆက်လက်လျှော့ချလျက်ရှိကြောင်း သိရသည်။ တစ်ဖက်တွင်လည်း...

ဗဟိုဘဏ်က ဘဏ်လုပ်ငန်းကဏ္ဍနှင့် ကျပ်ငွေတန်ဖိုးတည်ငြိမ်ရေးတို့ကို အဓိကထား...

နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းလမ်းညွှန်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းဌာနအလိုက် ဆောင်ရွက်မည့်အစီအစဉ်များ ရှင်းလင်းခြင်းအခမ်းအနားကို ဧပြီ ၂၁ ရက်၊ မွန်းလွဲ ၂ နာရီတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊...
HomeNewsLocal Newsနွေရာသီ ရေရှားပါးသည့် ဗောဓိတထောင်သာသနာ့နယ်မြေတွင်...

နွေရာသီ ရေရှားပါးသည့် ဗောဓိတထောင်သာသနာ့နယ်မြေတွင် ဆိုလာတပ်ရန်အတွက် ပါဝင် လှူဒါန်းနိုင်

စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာမြို့နယ်၊ ဗောဓိတထောင်သာသနာ့နယ်မြေတွင် နွေရာသီ ရေအလွန်ရှားပါးသည့် အတွက် ခတ္တကန်တောင်ရွာ သောက်သုံးရေရရှိရန်အတွက် ဆိုလာစနစ်ဖြင့် ရေပေးဝေနိုင်ရေး အနယ်နယ်အရပ်ရပ်ရှိ အလှူရှင်များက လှူဒါန်းလျက်ရှိကြကြောင်း မဟာဗောဓိတထောင်နာ ယက ဆရာတော် ဦးဣန္ဒောဘာသ ထံမှသိရသည်။

“ဆိုလာ (၁၅)ချပ် တပ်ရင် (၁၂၆) သိန်းကျော်လောက်ကုန်မယ်လို့ အကြမ်းဖျဥ်းသိရပါတယ်။ ဆိုလာ တစ်ချပ်ကို ၄၁၀,၀၀၀ လောက်ရှိပါတယ်။ တစ်ချပ်စာ လှူချင်လည်းရပါတယ်။ ဆိုလာနဲ့ဆို ထာဝရ ရေပို့လို့ရမယ်။ ကျောင်းရော ရွာရောပေါ့။ ဘောက်ဆာကားနဲ့ ရေသယ်ပေးတဲ့ တစ်ခေါက် လေးသောင်းဖိုးဟာ တစ်ရက်စာ တခဏတာနဲ့ ကုန်သွားတာပါ”ဟု ဦးဣန္ဒောဘာသ က မိန့်သည်။

ဗောဓိတထောင် သာသနာ့နယ်မြေ ကျောင်းများနှင့် ခတ္တကန်တောင်ရွာများသို့ ဆိုလာစနစ်ဖြင့် ရေပေးနိုင်မည်ဆိုပါက မိမိ၏ လှူဒါန်းမှုသည် ထာဝရ ရေအလှူဖြစ်သွားစေမည်ဖြစ် ကြောင်းလည်း ဆရာတော်က မိန့်သည်။

အဆိုပါ ထာဝရ ရေအလှူတော်အတွက် လက်ရှိတွင် အနယ်နယ်အရပ်ရပ်မှ ပါဝင်လှူဒါန်းကြလျက်ရှိရာ ကျပ် (၄၅)သိန်းကျော် ရရှိနေပြီဖြစ်ကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၅ ခုက ရေတွင်း (၂)တွင်း ၂၀၁၉ ခုက (၁) တွင်း တူးဖော်၍ အုတ်ရေကန် တည်ဆောက်ကာ ပေတစ်သောင်းခန့်ဝေးသည့် ဗောဓိတထောင်သို့ (၁၅)ကောင် မော် တာနှင့် (၅)ထပ်ပန့် သုံးပြီး ရေတင်ခဲ့ရာ မီတာခအရမ်းများ ခဲ့သော်လည်း ခတက္ကန်တောင်ရွာ တစ်ရွာလုံးအတွက် ရေမပေးနိုင်ခဲ့ဘဲ ဗောဓိတထောင်ကျောင်းတိုက်ကိုသာ ရေပေးနိုင်ခဲ့ကြောင်း သိရသည်။

“အခု ဆိုလာ စနစ်ကို စုံစမ်းကြည့်တော့မှ ဖြစ်နိုင်တာကို သိလာရတယ်”ဟု ဆရာတော်က မိန့်သည်။

ပြီးခဲ့သည့်နှစ် နွေရာသီက အလှုရှင်များ၏ အလှုငွေများဖြ င့် ရေလှူရာ ကျပ်သိန်း ၅၀ ကျော် ၆၀ ခန့်ကုန်ကျခဲ့ပြီးတခ ဏတာသာ ရေအခက်အခဲကို ဖြေရှင်းနိုင်ခဲ့သည့်အတွက် ဆိုလာစတပ်ဆင်ရန် ကြိုးစားအားထုတ်ကြခြင်းဖြစ်ကြောင်းသိရသည်။

ဗောဓိတထောင် ဆရာတော်ကြီးရှိစဥ်က ဗောဓိတထောင် သာသနနယ်မြေနှင့် (၂)မိုင်အတွင်းရေတွင်းများစွာတူးခဲ့သော်လည်း ရေချိုမရဘဲ မဟာဗောဓိတထောင် နာယကဆရာတော် ဦးဣန္ဒောဘာသက သစ်ညိုပင်ရွာအနီး မြေဝယ်ကာရေချိုတွင်းများ တူးဖော်ခဲ့ရကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပထမဆုံးအကြိမ်အဖြစ် ထိုင်း-တရုတ် ပူးပေါင်း၍ ရိုဘော့ဖြင့် ခွဲစိပ်မှုကို အဝေးထိန်းစနစ်ဖြင့်ကုသ

ထိုင်းနိုင်ငံသည် ၎င်း၏ ပထမဆုံးနယ်စပ်ဖြတ်ကျော် တယ်လီရိုဘော့တစ်ခွဲစိတ်ကုသမှုကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပြီး နိုင်ငံ၏ ဆေးဘက်ဆိုင်ရာနည်းပညာနှင့် နိုင်ငံတကာကျန်းမာရေးစောင့်ရှောက်မှု ပူးပေါင်းဆောင်ရွက်ဆောင်ရွက်မှုတွင် သိသာထင်ရှားသော တိုးတက်မှုမှတ်တိုင်တစ်ခုဖြစ်ခဲ့ကြောင်း ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက အင်္ဂါနေ့တွင် ကြေညာခဲ့သည်။ ကုသရေးလုပ်ငန်းစဉ်ကို ဘန်ကောက်မြို့ရှိ Nopparat Rajathanee ဆေးရုံနှင့် ကီလိုမီတာ ၂,၀၀၀ ကျော်အကွာရှိ ချန်ဒူးမြို့ရှိ West China ဆေးရုံတို့ ချိတ်ဆက်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ Nopparat Rajathanee ဆေးရုံရှိ လူနာတစ်ဦးသည် စက်ရုပ်အကူအညီဖြင့် သည်းခြေအိတ်ဖယ်ရှားခြင်း ခံယူခဲ့ပြီး ချန်ဒူးရှိ ထိုင်းခွဲစိတ်ဆရာဝန် ဒေါက်တာ ပတ်ထရာပွန်း ဖက်ဖော်ဆရီက အချိန်နှင့်တပြေးညီ...

ထိုင်း၌ ကြာသပတေးမှစနေနေ့အထိ နွေရာသီမုန်တိုင်းကိုသတိပေးထား

ကြာသပတေးနေ့မှ စနေနေ့အထိ ထိုင်းနိုင်ငံအထက်ပိုင်းသို့ မုန်တိုင်းများကျရောက်နိုင်ပြီး မိုးကြိုးမုန်တိုင်းနှင့် လေပြင်းများတို-က်ခတ်နိုင်ကြောင်း မိုးလေဝသဌာနက သတိပေးချက်ထုတ်ပြန်ထားသည်။ ဧပြီလ ၂၃ ရက် နေ့မှ ၂၅ ရက် နေ့အတွင်း အချို့နေရာများတွင် မိုးကြိုးမုန်တိုင်း၊ လေပြင်းတို-က်ခတ်ခြင်း၊ မိုးကြိုးပ-စ်ခြင်းနှင့် မိုးသီးကြွေခြင်း စသည့် လက္ခဏာရပ်များကြောင့် ထိုင်းနိုင်ငံအထက်ပိုင်း နွေရာသီမုန်တိုင်းများ ကြုံတွေ့ရနိုင်သည်ဟု ဗုဒ္ဓဟူးနေ့နံနက်က ဒုတိယသတိပေးချက်ထုတ်ပြန်ခဲ့သည်။ မုန်တိုင်းများသည် မြောက်၊ အရှေ့မြောက်နှင့် အရှေ့ဘက်တို့ကို အစောပိုင်းတွင် သက်ရောက်မှုရှိပြီး နောက်ပိုင်းတွင် ဘန်ကောက်နှင့် ယင်း၏အနီးတစ်ဝိုက်အပါအဝင် အလယ်ပိုင်းလွင်ပြင်များသို့ ပျံ့နှံ့သွားမည်ဖြစ်ကြောင်း အဆိုပါဌာနက ဆိုသည်။ Ref ဘန်ကောက်ပို့စ်

လေကြောင်းခရီးစဉ်များ လျှော့ချပြီး ဆီအပိုဆောင်းခများ နှစ်ဆတိုးမြင့်

ဧပြီ ၂၂ ရက် လေယာဉ်ဆီဈေးနှုန်း မြင့်တက်လာသဖြင့်ရပ်တည်နိုင်ရန်အတွက် ထိုင်းနိုင်ငံမှ ပြည်တွင်းလေကြောင်းလိုင်းများသည် အကျိုးအမြတ်နည်းသော ခရီးစဉ်များကို ပေါင်းစည်းပျံသန်းပြီး ခရီးစဉ်အရေအတွက်ကို ဆက်လက်လျှော့ချလျက်ရှိကြောင်း သိရသည်။ တစ်ဖက်တွင်လည်း Japan Airlines နှင့် ANA တို့က ဆီအပိုဆောင်းခများကို နှစ်ဆတိုးမြှင့်လိုက်ရာ ထိုင်းနိုင်ငံသို့ ဦးတည်မည့် ခရီးစဉ်များအတွက် ဆီအပိုဆောင်းခမှာ ဘတ် ၃,၀၀၀ ခန့်မှ ၆,၀၀၀ ခန့်အထိ မြင့်တက်သွားသည်။ ထိုင်းနိုင်ငံ မြို့ပြလေကြောင်းအာဏာပိုင်အဖွဲ့ (CAAT) ဒုတိယညွှန်ကြားရေးမှူး ဆာရွန် ဘင်ဂျနီရတ်က ကနဦးအစီရင်ခံစာများအရ မေလနှင့် ဇွန်လများတွင် ဝန်ဆောင်မှုအပြည့်ပေးသည့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071