Friday, June 6, 2025

မိုင်းပျဥ်းမြို့နယ်၌ တိုင်းရင်းသား(၅၀၀)ဦးကျော် ဗုဒ္ဓအဆုံးအမခံယူပြီး (၂၄၇)ဦး...

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းပျဥ်းမြို့နယ်၊ လွယ်လုံးကျေးရွာအုပ်စုနှင့် တာကော်ကျေးရွာအုပ်စုတို့ရှိ ကျေးရွာပေါင်း(၂၂)ရွာမှ တိုင်းရင်းသား(၅၀၀)ဦးကျော် ဗုဒ္ဓအဆုံးအမခံယူခြင်းနှင့် (၂၄၇)ဦး ရဟန်း ခံရှင်ပြုပွဲအား ဇွန် ၃ ရက်နံနက်ပိုင်းက...

ပလတ်စတစ်ညစ်ညမ်းမှုကင်းစင်ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများ၌ တာဝန်သိတတ်စိတ်ဖြင့်ပူးပေါင်းဆောင်ရွက်ကြရန် နစက...

နိုင်ငံသူ၊ နိုင်ငံသားများအနေဖြင့် ပလတ်စတစ်ညစ် ညမ်းမှုကင်းစင်ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးလုပ်ငန်းများ၌ တာဝန်သိတတ်စိတ်ဖြင့်ပူးပေါင်းဆောင်ရွက်ကြရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယ နေ့...

မုံရွာမြို့တက္ကသိုလ်ဝင်တန်း G-12 ပြန်လည်ဖြေဆိုကြမည့် ကျောင်းသားကျောင်းသူများအား...

မုံရွာမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းရှိ တက္ကသိုလ်ဝင်တန်း G-12 ပြန်လည်ဖြေဆိုကြမည့် ကျောင်း သားကျောင်းသူများကို ဇွန်လ (၅)ရက် နံနက်က ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Pfizer...

နောင်မွန်း – ပန်နန်းဒင်သွား မေခမြစ်ကူး(လူကူး)...

ကချင်ပြည်နယ်၊ နောင်မွန်းမြို့နယ်၊ နောင်မွန်း - ပန်နန်းဒင်သွား မေခမြစ်ကူး(လူကူး)ကြိုးတံတားပျ-က်စီးခဲ့မှုအား ပြန်လည်ပြုပြင်ပြီးစီးပြီဖြစ်၍ ရေဘေးသင့် ပြည်သူများအတွက် စားသောက်ကုန်များ ပို့ဆောင်ပေးလျက်ရှိကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့မှ...
HomeInternationalနိုင်ငံ၏မတည်ငြိမ်မှုများကြောင့် ထိုင်း PTT...

နိုင်ငံ၏မတည်ငြိမ်မှုများကြောင့် ထိုင်း PTT ကုမ္ပဏီက မြန်မာရှိစက်သုံးဆီသိုလှောင်ရေးစီမံကိန်းအားရပ်ဆိုင်း

ဘန်ကောက်၊ဒီဇင်ဘာ ၂၄

ထိုင်းနိုင်ငံ၏အစိုးရပိုင်စွမ်းအင်ကုမ္ပဏီ PTT လက်အောက်ရှိ ကုမ္ပဏီခွဲတစ်ခုသည် မြန်မာနိုင်ငံရှိ အကြမ်းဖက်မှုနှင့်မတည်ငြိမ်မှုများကြောင့် မြန်မာနိုင်ငံရှိရေနံသယ်ယူပို့ဆောင်ရေးနှင့် သိုလှောင်ရေးလုပ်ငန်းများအား ရပ်ဆိုင်းမည်ဖြစ်ကြောင်း ကုမ္ပဏီကကြေငြာခဲ့သည်။

အဆိုပါကုမ္ပဏီခွဲသည် မြန်မာနိုင်ငံကမ္ဘောဇအုပ်စုလက်အောက်ရှိ ယူနစ်တစ်ခုနှင့် ၂၀၁၉ ခုနှစ်တွင်ဖွဲ့စည်းခဲ့သည့် ဖက်စပ်လုပ်ငန်းဖြစ်သော Bright Energy ၌ ရှယ်ယာ ၃၅ ရာခိုင်နှုန်းပိုင်ဆိုင်ထားကြောင်းသိရှိရသည်။

ယခုကဲ့သို့ရပ်ဆိုင်းလိုက်ခြင်းသည် နော်ဝေအစိုးရ၏ Pension Fund Global မှ PTT နှင့်မြန်မာရှိ PTT လက်အောက်ခံကုမ္ပဏီနှစ်ခုလုံးအား ၎င်း၏ရင်းနှီးမြှုပ်နှံမှုအစုမှ ဖယ်ရှားလိုက်ကြောင်း ဒီဇင်ဘာ ၁၅ ရက်နေ့က ကြေငြာလိုက်မှုကြောင့်ဖြစ်သည်ဟုလည်းသိရှိရသည်။

“လူ့အခွင့်အရေးကိုလေးစားခြင်းသည် PTT Group ၏ အခြေခံအကျဆုံး ကျင့်ထုံးများထဲမှတစ်ခုဖြစ်ပြီး ၎င်းတို့အနေဖြင့် မြန်မာနိုင်ငံတွင်းရှိအခြေအနေများနှင့်ပတ်သက်၍ အလွန်စိုးရိမ်မိသည်” ဟုလည်း ကြေငြာချက်ထုတ်ပြန်ခဲ့သည်။

PTT ကုမ္ပဏီသည် မြန်မာနိုင်ငံရှိသဘာဝဓာတ်ငွေ့နယ်ပယ်အများစု၏ အကျိုးစီးပွားများကို ထိန်းချုပ်ထားပြီး ထုတ်ကုန်များအား ထိုင်းနိုင်ငံသို့တင်ပို့လျက်ရှိသည်။ထိုင်းနိုင်ငံသဘာဝဓာတ်ငွေ့သုံးစွဲမှု၏ ၁၅ ရာခိုင်နှုန်းသည် မြန်မာနိုင်ငံ၏ သဘာဝဓာတ်ငွေ့ဖြစ်သည်ဟုလည်း သိရှိရသည်။

မတ်လကပြင်သစ်၏ Total Energies က မြန်မာ့ရတနာဓာတ်ငွေ့လုပ်ကွက်မှ နှုတ်ထွက်သွားပြီးနောက် မြန်မာ၏ရေရှည်စွမ်းအင်ဖူလုံရေးအတွက် Total ၏ အစုရှယ်ယာအချို့အား PTTEP ကတာဝန်ယူမည်ဟုကြေငြာခဲ့သည်။

သို့သော်လည်း PTTEP သည် မြန်မာ့ရဲတံခွန်သဘာဝဓာတ်ငွေ့ပရောဂျက်အား ရပ်ဆိုင်းတော့မည်ဖြစ်ကြောင်း ဧပြီလကပြောကြားခဲ့သည်။အဆိုပါရဲတံခွန်ပရောဂျက်သည် နိုင်ငံတကာဝေဖန်မှုများကြောင့် ဆက်လက်အကောင်အထည်ဖော်ရန်မဖြစ်နိုင်တော့ဟုလည်းသိရှိရသည်။

Source : Nikkei Asia

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မိုင်းပျဥ်းမြို့နယ်၌ တိုင်းရင်းသား(၅၀၀)ဦးကျော် ဗုဒ္ဓအဆုံးအမခံယူပြီး (၂၄၇)ဦး ရဟန်းခံရှင်ပြု

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းပျဥ်းမြို့နယ်၊ လွယ်လုံးကျေးရွာအုပ်စုနှင့် တာကော်ကျေးရွာအုပ်စုတို့ရှိ ကျေးရွာပေါင်း(၂၂)ရွာမှ တိုင်းရင်းသား(၅၀၀)ဦးကျော် ဗုဒ္ဓအဆုံးအမခံယူခြင်းနှင့် (၂၄၇)ဦး ရဟန်း ခံရှင်ပြုပွဲအား ဇွန် ၃ ရက်နံနက်ပိုင်းက သုဝဏ္ဏသျှံတောင်ခြေ တာကော်၊ ဟွေဟင်၊ (၇)မိုင်သီရိမင်္ဂလာကျောင်းတိုက်၌ကျင်းပခဲ့သည်။ လွယ်လုံးကျေးရွာအုပ်စု၊ တာကော်ကျေးရွာအုပ်စုတို့ရှိ ကျေးရွာ(၂၂)ရွာမှ ရှမ်း၊ လားတူ၊ လီဆူ၊ ပလောင်တိုင်းရင်းသား၊ တိုင်းရင်းသူ(၅၀၀)ကျော်မှ ဗုဒ္ဓအ ဆုံးအမခံယူခဲ့ကြခြင်းဖြစ်ပြီး (၂၄၇)ဦးမှာ ရဟန်းခံရှင်ပြုခဲ့ကြခြင်းဖြစ်ကာ အလှူရှင်မှာ ဦးဘိုလေး လူမှုထူးချွန်(ဒုတိယအဆင့်)၊ မြန်မာ-ထိုင်း-လာအို(သုံးနိုင်ငံ)နယ်ခြားကော်မတီဆက်ဆံရေးတာဝန်ခံနှင့် မိသားစုတို့ဖြစ်သည်။ ထို့ပြင် ဗုဒ္ဓအဆုံးအမများကိုယုံကြည်သည့် တိုင်း ရင်းသား မိသားစုဝင်များအား ဘုရားဆင်းတုတော်၊ ဆန်နှင့်...

ပလတ်စတစ်ညစ်ညမ်းမှုကင်းစင်ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများ၌ တာဝန်သိတတ်စိတ်ဖြင့်ပူးပေါင်းဆောင်ရွက်ကြရန် နစက ဥက္ကဋ္ဌတိုက်တွန်း

နိုင်ငံသူ၊ နိုင်ငံသားများအနေဖြင့် ပလတ်စတစ်ညစ် ညမ်းမှုကင်းစင်ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးလုပ်ငန်းများ၌ တာဝန်သိတတ်စိတ်ဖြင့်ပူးပေါင်းဆောင်ရွက်ကြရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယ နေ့ ဇွန် ၅ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ ရေဆင်းသစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၌ ကျင်းပသည့် ၂ဝ၂၅ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်း သိမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနားတွင် တိုက် တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် ပလတ်စတစ်စွန့်ပစ်ပစ္စည်းအ ပါအဝင် စွန့်ပစ်အမှိုက်များကို စနစ်တကျစီမံ ထိန်း ချုပ်နိုင်ရန် မြန်မာနိုင်ငံ အမျိုးသားအဆင့်စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုမဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီ အစဉ်(၂၀၁၈-၂ဝ၃ဝ)ကိုရေးဆွဲထုတ်ပြန်၍ မြို့ပြနှင့်စက်မှုလုပ်ငန်းများတွင် ပေါင်းစပ်အကောင်အ ထည်ဖော်ဆောင်ရွက်လျက်ရှိကာ ပလတ်စတစ်ညစ်ညမ်းမှုထိန်းချုပ်နိုင်ရေးကို...

မုံရွာမြို့တက္ကသိုလ်ဝင်တန်း G-12 ပြန်လည်ဖြေဆိုကြမည့် ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Pfizer ထိုးနှံပေး

မုံရွာမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းရှိ တက္ကသိုလ်ဝင်တန်း G-12 ပြန်လည်ဖြေဆိုကြမည့် ကျောင်း သားကျောင်းသူများကို ဇွန်လ (၅)ရက် နံနက်က ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Pfizer ထိုးနှံပေးခဲ့ကြောင်း သိရသည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ပြည်သူ့ကျန်းမာရေးဦး စီးဌာနမှူး၏ အနီးကပ်လမ်းညွှန်မှုဖြင့် မုံရွာမြို့နယ်ကျန်းမားရေးဦးစီးဌာနှင့် မုံရွာမြို့နယ် ပညာရေးဌာနတို့ ပူးပေါင်း၍ မုံရွာမြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဦးဆောင်သော ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Pfizer ထိုးနှံပေးခဲ့ခြင်းဖြစ်သည်။ မုံရွာမြို့နယ် ကျန်းမာရေးဦးစီးဌာနမှူး ဦးဆောင်သော အဖွဲ့မှ တက္ကသိုလ်ဝင်တန်း G-12 ပြန်လည်ဖြေဆိုကြမည့် ကျောင်း သားကျောင်းသူ (၄၀၀)ကျော်ကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071