ဟနွိုင်း၊ စက်တင်ဘာ ၅
ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီးစဉ် (Official Visit) အဖြစ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့အား ယနေ့ စက်တင်ဘာ ၅ ရက် နံနက်ပိုင်းတွင် ဟနွိုင်းမြို့ရှိ ဗီယက်နမ်နိုင်ငံ အမျိုးသားလွှတ်တော်အဆောက်အအုံ၌ နိုင်ငံတော်အဆင့် ဂုဏ်ပြုကြိုဆိုပွဲအခမ်းအနားဖြင့် ကြိုဆိုဂုဏ်ပြုရန် ပြင်ဆင်လျက်ရှိသည်။
အဆိုပါ ဂုဏ်ပြုကြိုဆိုပွဲအခမ်းအနားသို့ နိုင်ငံတော်သမ္မတနှင့် ဇနီးတို့ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ တက်ရောက်မည်ဖြစ်ပြီး ဗီယက်နမ်နိုင်ငံဘက်မှ အဆင့်မြင့်တာဝန်ရှိသူများ တက်ရောက်ကြိုဆိုကြမည်ဖြစ်သည်။
