Monday, August 31, 2026

တရုတ်နှင့် ကိုရီးယား ခရီးသွားများက မြန်မာ့ရိုးရာ...

ရန်ကုန်၊ ဩဂုတ် ၃၁ ပုဂံ၊ မန္တလေးနှင့် ပဲခူးဒေသများမှ ထွက်ရှိသည့် မြန်မာ့ရိုးရာ လက်မှုပစ္စည်းများကို ရန်ကုန်မြို့တွင် တစ်နေရာတည်း လေ့လာဝယ်ယူနိုင်ရန် ပြသရောင်းချလျက်ရှိရာ တရုတ်နှင့်...

စင်ကာပူရောက် မြန်မာနိုင်ငံသားများ Passport သက်တမ်းတိုးရာတွင်...

ရန်ကုန်၊ ဩဂုတ် ၃၁ စင်ကာပူနိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့် နိုင်ငံကူးလက်မှတ် (Passport) သက်တမ်းတိုးခြင်းနှင့် အမျိုးအစား ပြောင်းလဲလျှောက်ထားခြင်းများကို စင်ကာပူနိုင်ငံရှိ မြန်မာသံရုံး၏ တရားဝင် ထုတ်ပြန်ထားသည့်...

စစ်ကိုင်းတိုင်း အထက်ပိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ် ၆...

နေပြည်တော်၊ ဩဂုတ် ၃၁ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက...

၂၀၂၇ ခုနှစ် မတ်လကုန်၌ အလုံးစုံပြီးစီးမည့်...

မန္တလေး-နေပြည်တော် ရထားလမ်းပိုင်း၏ တံတားအ မှတ်(၆၉၁)စမုံချောင်းတံတားသည် ၂၀၂၄ ခုနှစ် စက်တင်ဘာလအတွင်းဖြစ်ပေါ်ခဲ့သည့် ရာဂီမုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းပြီးရေကြီးရေလျှံရာမှပျက်စီးမှုများဖြစ်ပေါ်ခဲ့ရသည်။ ထို့ကြောင့် အရှည်(၃၆၄ ဒသမ ၁၇)ပေရှိ ကြိုတင်အားဖြည့်...
HomeNewsLocal Newsနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရုရှားနှင့်...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရုရှားနှင့် ဘယ်လာရုစ် တရားဝင်ခရီးစဉ်များအပြီး နေပြည်တော်သို့ ပြန်လည်ရောက်ရှိ

နေပြည်တော်၊ ဩဂုတ် ၂၃

ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ဘယ်လာရုစ်သမ္မတနိုင်ငံတို့သို့ တရားဝင်ခရီးစဉ်များ သွားရောက်ခဲ့သည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ (ဩဂုတ် ၂၃ ရက်) ညနေပိုင်းတွင် နေပြည်တော်ရှိ တပ်မတော်လေဆိပ်သို့ ပြန်လည်ရောက်ရှိလာသည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာပူတင်နှင့် ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတ မစ္စတာ အလက်ဇန္ဒား လူကာရှင်ကိုတို့၏ ဖိတ်ကြားချက်များအရ အဆိုပါနိုင်ငံများသို့ တရားဝင်ခရီးစဉ်များ သွားရောက်ခဲ့ခြင်းဖြစ်သည်။

တရားဝင်ခရီးစဉ်များအပြီး နေပြည်တော်သို့ ပြန်လည်ရောက်ရှိလာသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် ရန်ကုန်မြို့အခြေစိုက် ရုရှားသံရုံးမှ တာဝန်ရှိသူများက ကြိုဆိုခဲ့ကြသည်။

ရုရှားဖက်ဒရေးရှင်းနိုင်ငံ ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတသည် ရုရှားသမ္မတ မစ္စတာ ဗလာဒီမာပူတင်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည့်အပြင် ရုရှားဝန်ကြီးချုပ်၊ ရုရှားနိုင်ငံ ဒူးမားလွှတ်တော်ဥက္ကဋ္ဌနှင့် ရုရှားအစိုးရပိုင်းမှ တာဝန်ရှိပုဂ္ဂိုလ်များကို တွေ့ဆုံဆွေးနွေးခဲ့ပြီး မြန်မာ-ရုရှား စီးပွားရေးဆိုင်ရာ အစီအစဉ်များသို့လည်း တက်ရောက်ခဲ့သည်။

အဆိုပါ တွေ့ဆုံဆွေးနွေးမှုများတွင် မြန်မာ-ရုရှား နှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးသည့်ဆက်ဆံရေး ပိုမိုခိုင်မာစေရေးနှင့် စီးပွားရေး၊ ကုန်သွယ်ရေး၊ စွမ်းအင်၊ ရင်းနှီးမြှုပ်နှံမှု၊ နည်းပညာ၊ လုံခြုံရေးနှင့် လူမှုရေးကဏ္ဍများအပါအဝင် ကဏ္ဍပေါင်းစုံ၌ နှစ်နိုင်ငံအကျိုးဖြစ်ထွန်းစေမည့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်နိုင်ရေးတို့ကို ဆွေးနွေးခဲ့သည်။

ထို့နောက် ဘယ်လာရုစ်သမ္မတနိုင်ငံသို့ ဆက်လက်သွားရောက်ခဲ့ရာ နိုင်ငံတော်သမ္မတသည် ဘယ်လာရုစ်သမ္မတ မစ္စတာ အလက်ဇန္ဒား လူကာရှင်ကိုနှင့် နိုင်ငံတော်အဆင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး ဘယ်လာရုစ်ဝန်ကြီးချုပ်၊ လွှတ်တော်ခေါင်းဆောင်များနှင့် အစိုးရတာဝန်ရှိသူများကိုလည်း တွေ့ဆုံခဲ့သည်။

ခရီးစဉ်အတွင်း မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံအကြား ကဏ္ဍအသီးသီး၌ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်ရေးအတွက် သဘောတူစာချွန်လွှာနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ စာတမ်းများကို ရေးထိုးလဲလှယ်ခဲ့ကြသည့်အပြင် မင့်စ်မြို့၌ ဘယ်လာရုစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံး ဖွင့်လှစ်ပွဲအခမ်းအနားနှင့် မြန်မာ-ဘယ်လာရုစ် စီးပွားရေးဖိုရမ်တို့သို့လည်း နိုင်ငံတော်သမ္မတ တက်ရောက်ခဲ့သည်။

ဘယ်လာရုစ်ခရီးစဉ်အတွင်း နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မာစေရေးနှင့် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ စက်မှု၊ စိုက်ပျိုးရေး၊ ဆေးဝါး၊ သိပ္ပံနှင့်ပညာရေး၊ သယ်ယူပို့ဆောင်ရေးနှင့် နည်းပညာကဏ္ဍများအပါအဝင် အကျိုးတူပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရေးကိုလည်း ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် နိုင်ငံတော်သမ္မတသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ တူဗာပြည်နယ်၊ ကီဇီးလ်မြို့သို့ သွားရောက်ကာ တူဗာပြည်နယ်အကြီးအကဲ မစ္စတာ ဗလာဒီစလပ် ခိုဗာလစ်ဂ်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး ဒေသအတွင်းရှိ အထင်ကရ ဘာသာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ နေရာများကိုလည်း လေ့လာကြည့်ရှုခဲ့သည်။

ယခုခရီးစဉ်များသည် မြန်မာနိုင်ငံနှင့် ရုရှား၊ ဘယ်လာရုစ်နိုင်ငံတို့အကြား နိုင်ငံတော်အဆင့် ဆက်ဆံရေးနှင့် အပြန်အလှန်ယုံကြည်မှု ပိုမိုခိုင်မာလာစေရေးအပြင် စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုအပါအဝင် ကဏ္ဍပေါင်းစုံ၌ လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရေးအတွက် အရေးပါသည့် ခရီးစဉ်များဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တရုတ်နှင့် ကိုရီးယား ခရီးသွားများက မြန်မာ့ရိုးရာ လက်မှုပစ္စည်းများ စိတ်ဝင်စားစွာ ဝယ်ယူနေကြ

ရန်ကုန်၊ ဩဂုတ် ၃၁ ပုဂံ၊ မန္တလေးနှင့် ပဲခူးဒေသများမှ ထွက်ရှိသည့် မြန်မာ့ရိုးရာ လက်မှုပစ္စည်းများကို ရန်ကုန်မြို့တွင် တစ်နေရာတည်း လေ့လာဝယ်ယူနိုင်ရန် ပြသရောင်းချလျက်ရှိရာ တရုတ်နှင့် ကိုရီးယား ခရီးသွားများ အထူးစိတ်ဝင်စားစွာ လာရောက်ဝယ်ယူနေကြသည်။ အဆိုပါ အရောင်းဆိုင်ကို ရန်ကုန်မြို့၊ သိမ်ဖြူလမ်းရှိ အတွင်းဝန်ရုံး (ယခင် ဝန်ကြီးများရုံး) တွင် ဖွင့်လှစ်ထားခြင်းဖြစ်ပြီး ပုဂံဒေသ မြင်းကပါရွာထွက် ယွန်းထည်ပစ္စည်း အမျိုးပေါင်း ၃၀ ကျော်၊ မန္တလေးနှင့် ပဲခူးဒေသထွက် သစ်သားပစ္စည်း ၅၀ ကျော်အပြင် သဲပန်းချီ၊ ယွန်းပန်းချီ၊ ကျောက်စီပန်းချီနှင့်...

စင်ကာပူရောက် မြန်မာနိုင်ငံသားများ Passport သက်တမ်းတိုးရာတွင် သံရုံး၏ တရားဝင်ကြေညာချက်များအတိုင်းသာ ဆောင်ရွက်ရန် အသိပေး

ရန်ကုန်၊ ဩဂုတ် ၃၁ စင်ကာပူနိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့် နိုင်ငံကူးလက်မှတ် (Passport) သက်တမ်းတိုးခြင်းနှင့် အမျိုးအစား ပြောင်းလဲလျှောက်ထားခြင်းများကို စင်ကာပူနိုင်ငံရှိ မြန်မာသံရုံး၏ တရားဝင် ထုတ်ပြန်ထားသည့် ကြေညာချက်များအတိုင်းသာ ဆောင်ရွက်ကြရန် မြန်မာသံရုံးက မေတ္တာရပ်ခံ အသိပေးထားသည်။ လက်ရှိတွင် PT၊ PE၊ PS အမျိုးအစားများသို့ ပြောင်းလဲလျှောက်ထားသူများသည် သံရုံး၏ တရားဝင် အီးမေးလ်သို့ လိုအပ်သည့် အချက်အလက်များ ပေးပို့လျှောက်ထားရမည်ဖြစ်ပြီး PV မှ PJ သို့ ပြောင်းလဲလျှောက်ထားသူများအနေဖြင့် ရယူထားသည့် ရက်ချိန်းအတိုင်း ခေတ္တစောင့်ဆိုင်းပေးရန် သံရုံးက အသိပေးထားသည်။ လျှောက်ထားမှု...

စစ်ကိုင်းတိုင်း အထက်ပိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ် ၆ ခုတွင် နေရာကွက်၍ မိုးကြီးနိုင်

နေပြည်တော်၊ ဩဂုတ် ၃၁ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့တွင် မိုးကြီးမည့် သတိပေးချက် အမှတ်စဉ် (၆၂/၂၀၂၆) ဖြင့် ထုတ်ပြန်ထားသည်။ ယနေ့ နံနက် ၆:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းနေခြင်း၊ အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ်နှင့် ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသော လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် ဖြစ်ပေါ်လာသည့် မိုးတိမ်တောင်များ အားကောင်းနေခြင်းတို့ကြောင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071