Thursday, August 6, 2026

ပြည်တွင်းကျောက်မျက်ရတနာ ဈေးကွက်ခိုင်မာရေး ခေတ်မီဆန်းသစ်သည့် ဒီဇိုင်းများဖြင့်...

ရန်ကုန်၊ ဩဂုတ် ၆ ပြည်တွင်း၌ထွက်ရှိသည့် မြန်မာ့ကျောက်မျက်ရတနာများကို ဈေးကွက်ခိုင်ခိုင်မာမာ ရရှိစေရန် ခေတ်မီဆန်းသစ်သည့် ဒီဇိုင်းများဖြင့် ထိုးဖောက်ရန် လိုအပ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူက...

၀န်ကြီးချုပ် မိုဒီ၏ ပို့စ်ကို ပိတ်ပင်ခဲ့မှုအတွက်...

ဇူလိုင်လအတွင်းက အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီ၏ ပို့စ်တစ်ခုကို ခဏတာ ကန့်သတ်မိခဲ့မှုအတွက် အိန္ဒိယသတင်းအချက်အလက်နည်းပညာဝန်ကြီးကို တောင်းပန်ခဲ့ကြောင်း Meta ပလက်ဖောင်း၏ ကမ္ဘာ့ရေးရာ အရာရှိချုပ် ဂျိုးလ်...

ဗီယက်နမ်သမ္မတ တိုလမ် သြစတြေးလျနှင့် နူးဇီလန်...

ဗီယက်နမ်နိုင်ငံ၏ နိုင်ငံတော် အကြီးအကဲ တိုလမ်သည် မိတ်ဖက်ဆက်ဆံရေးများကို မြှင့်တင်ရန်နှင့် သိပ္ပံနှင့် နည်းပညာကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် ကြိုးပမ်းမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် လာမည့်သီတင်းပတ်တွင်...

သီရိဒုံကိုစင်ကာပူ လွှတ်တော်အမတ်များက မတ်တပ်ရပ်၍ကြိုဆို

သြဂုတ်လ ၄ ရက်နေ့က စင်ကာပူပါလီမန် လွှတ်တော်အတွင်းသို့ မဟာချက်ကရီ သီရိဒုံမင်းသမီး ရောက်လာချိန်တွင် လွှတ်တော်အမတ်များက မတ်တပ်ရပ်၍ သြဘာပေးကြိုဆိုခဲ့ကြသည်။ လွှတ်တော်ဥက္ကဋ္ဌ စီးကင်းပင်း (Seah...
HomeNewsLocal Newsနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ်တို့...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ်တို့ မြန်မာ–ထိုင်း စီးပွားရေးဖိုရမ် ၂၀၂၆ သို့ တက်ရောက်မိန့်ခွန်းပြောကြား

မြန်မာ–ထိုင်း–အိန္ဒိယ သုံးနိုင်ငံအဝေးပြေးလမ်းမကြီးက ဒေသတွင်းနှင့် နိုင်ငံတကာကုန်သွယ်ရေးတွင် မြန်မာနိုင်ငံ၏ အချက်အချာကျသည့် အခန်းကဏ္ဍကို မြှင့်တင်ပေးမည်

ဗန်ကောက်၊ ဩဂုတ် ၆

ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) အဖြစ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်တို့သည် ယနေ့ ဩဂုတ် ၆ ရက် မွန်းလွဲပိုင်းတွင် ကျင်းပသည့် မြန်မာ–ထိုင်း စီးပွားရေးဖိုရမ် ၂၀၂၆ သို့ အတူတကွတက်ရောက်၍ မိန့်ခွန်းများ ပြောကြားခဲ့ကြသည်။

အဆိုပါဖိုရမ်ကို ထိုင်းနိုင်ငံ ဗန်ကောက်မြို့ရှိ Queen Sirikit National Convention Center ၏ Plenary Hall တွင် ကျင်းပခဲ့ခြင်းဖြစ်သည်။

ဖိုရမ်၌ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်တို့က မြန်မာ–ထိုင်း နှစ်နိုင်ငံအကြား စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေးနှင့်စပ်လျဉ်း၍ မိန့်ခွန်းများ ပြောကြားခဲ့ကြသည်။

ထို့ပြင် မြန်မာ–ထိုင်း–အိန္ဒိယ သုံးနိုင်ငံ အဝေးပြေးလမ်းမကြီးစီမံကိန်းသည် ဒေသတွင်းချိတ်ဆက်မှုကို ပိုမိုအားကောင်းစေပြီး အာဆီယံနှင့် တောင်အာရှဒေသတို့အကြား ကုန်သွယ်ရေးနှင့် ကုန်စည်ပို့ဆောင်ရေးတို့ကို ချိတ်ဆက်ပေးမည့် အရေးပါသော လမ်းကြောင်းတစ်ခုဖြစ်ကြောင်း၊ ယင်းစီမံကိန်းကြောင့် မြန်မာနိုင်ငံသည် ဒေသတွင်းနှင့် နိုင်ငံတကာကုန်သွယ်ရေးချိတ်ဆက်မှု၌ အချက်အချာကျသည့် နိုင်ငံတစ်နိုင်ငံအဖြစ် အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ်တို့သည် ဖိုရမ်အတွင်း ခင်းကျင်းပြသထားသည့် ပြခန်းများကို လှည့်လည်ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပြည်တွင်းကျောက်မျက်ရတနာ ဈေးကွက်ခိုင်မာရေး ခေတ်မီဆန်းသစ်သည့် ဒီဇိုင်းများဖြင့် ထိုးဖောက်ရန် လိုအပ်ဟု ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ပြော

ရန်ကုန်၊ ဩဂုတ် ၆ ပြည်တွင်း၌ထွက်ရှိသည့် မြန်မာ့ကျောက်မျက်ရတနာများကို ဈေးကွက်ခိုင်ခိုင်မာမာ ရရှိစေရန် ခေတ်မီဆန်းသစ်သည့် ဒီဇိုင်းများဖြင့် ထိုးဖောက်ရန် လိုအပ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူက ပြောကြားခဲ့သည်။ ပဥ္စမအကြိမ်မြောက် ရန်ကုန်အပြည်ပြည်ဆိုင်ရာ ကျောက်မျက်ရတနာနှင့် လက်ဝတ်ရတနာ အချောထည် အရောင်းပြပွဲ ၂၀၂၆ ဖွင့်ပွဲ အခမ်းအနားတွင် ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။ တိုင်းဒေသကြီးဝန်ကြီးချုပ်က မိမိတို့ နိုင်ငံသည် သဘာဝ သယံဇာတ ရတနာမျိုးစုံ ကြွယ်ဝသည့် နိုင်ငံဖြစ်သဖြင့် ထွက်ရှိသည့် ရတနာများကို ပြည်တွင်း၌ ထိုက်ထိုက်တန်တန် ဈေးကွက်ရရှိအောင် ဆောင်ရွက်ရန် လိုကြောင်း၊...

၀န်ကြီးချုပ် မိုဒီ၏ ပို့စ်ကို ပိတ်ပင်ခဲ့မှုအတွက် Meta က တောင်းပန်

ဇူလိုင်လအတွင်းက အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီ၏ ပို့စ်တစ်ခုကို ခဏတာ ကန့်သတ်မိခဲ့မှုအတွက် အိန္ဒိယသတင်းအချက်အလက်နည်းပညာဝန်ကြီးကို တောင်းပန်ခဲ့ကြောင်း Meta ပလက်ဖောင်း၏ ကမ္ဘာ့ရေးရာ အရာရှိချုပ် ဂျိုးလ် ကက်ပလန်က ဗုဒ္ဓဟူးနေ့က သတင်းထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။         “ဝန်ကြီးချုပ် မိုဒီရဲ့ ပို့စ်ကို ကန့်သတ်မိခဲ့တဲ့ အမှားအယွင်းအတွက် မက်တာကိုယ်စား ဝန်ကြီးကို တောင်းပန်ခဲ့ပါတယ်” ဟု ကက်ပလန်က ပြောကြားခဲ့သည်။    မိုဒီ၏ ပို့စ်တစ်ခုကို ဖေ့စ်ဘုတ်က ခဏတာကန့်သတ်ခဲ့ပြီးနောက် အိန္ဒိယသတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနက ပြီးခဲ့သည့်လတွင် မက်တာ အမှုဆောင်အရာရှိများကို ဆင့်ခေါ်ခဲ့သည်။ လုပ်ဆောင်ချက်အမှားတစ်ခုကြောင့် ပို့စ်ကို မတော်တဆ...

ဗီယက်နမ်သမ္မတ တိုလမ် သြစတြေးလျနှင့် နူးဇီလန် သွားမည်

ဗီယက်နမ်နိုင်ငံ၏ နိုင်ငံတော် အကြီးအကဲ တိုလမ်သည် မိတ်ဖက်ဆက်ဆံရေးများကို မြှင့်တင်ရန်နှင့် သိပ္ပံနှင့် နည်းပညာကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် ကြိုးပမ်းမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် လာမည့်သီတင်းပတ်တွင် သြစတြေးလျနှင့် နူးဇီလန်နိုင်ငံများသို့ သွားရောက်မည်ဖြစ်ကြောင်း အစိုးရက ထုတ်ပြန်ပြောကြားခဲ့သည်။         သမ္မတ တိုလမ်၏ ခရီးစဉ်သည် သြဂုတ်လ ၉ ရက်နေ့မှ ၁၄ ရက်နေ့အထိကြာမြင့်မည်ဟု အစိုးရက ပြောကြားခဲ့ပြီး နိုင်ငံတခုချင်းစီအလိုက် အချိန်ဇယားအတိအကျကိုမူ မပြောကြားခဲ့ပေ။     ၂၀၂၄ ခုနှစ်တွင် ပါတီ အထွေထွေအတွင်းရေးမှူးဖြစ်လာခဲ့ချိန်မှစကာ မစ္စတာ လမ်သည် များမြောင်သော သံတမန်ရေးခရီးစဉ်အစီအစဉ်များကို ချမှတ်ဆောင်ရွက်ခဲ့သည်။     ဗီယက်နမ်သည် ၂၀၂၄...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071