Home Movies နိုင်ငံခြားရေးဝန်ကြီးနှင့် IFRC အာရှ-ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး တွေ့ဆုံမြန်မာနိုင်ငံတွင် လူသားချင်းစာနာမှုအကူအညီနှင့် IFRC ၏ ဆက်လက်ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ဆွေးနွေးနိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး...

နိုင်ငံခြားရေးဝန်ကြီးနှင့် IFRC အာရှ-ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး တွေ့ဆုံမြန်မာနိုင်ငံတွင် လူသားချင်းစာနာမှုအကူအညီနှင့် IFRC ၏ ဆက်လက်ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ဆွေးနွေးနိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေသည် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း (International Federation of Red Cross and Red Crescent Societies – IFRC) ၏ အာရှ-ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Mr. Alexander James Matheou အား ယမန်နေ့က နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။

0
77

တွေ့ဆုံစဉ် မြန်မာနိုင်ငံ၌ လူသားချင်းစာနာမှု အကူအညီပေးရေးလုပ်ငန်းများ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း (Myanmar Red Cross Society – MRCS) ၏ လုပ်ငန်းများတွင် IFRC က ပံ့ပိုးကူညီဆောင်ရွက်နေသည့် အခြေအနေများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းအစီအစဉ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

တွေ့ဆုံပွဲသို့ IFRC ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms. Nadia Khoury၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာမျိုးညွန့်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here