Saturday, September 19, 2026

နိုင်ငံရေးပါတီများအစုအဖွဲ့၏ အမြဲတမ်းအလုပ်အဖွဲ့ (၁၆)ဦးနှင့် အလှည့်ကျကိုယ်စားလှယ်(၁၆)ဦးရွေးချယ်

ပဋိပက္ခဖြစ်ပွားနေသည့်ဒေသများအား ယခင်ပုံစံအ တိုင်းပြန်လည်ရောက်ရှိနိုင်ရေးကိုဆွေးနွေး ငြိမ်းချမ်းရေးအတွက်ဆောင်ရွက်နိုင်ရန် နိုင်ငံရေးပါတီများအစုအဖွဲ့(၃၂)ပါတီ၏ အမြဲတမ်းအလုပ်အဖွဲ့(၁၆) ဦးနှင့် အလှည့်ကျကိုယ်စားလှယ်(၁၆)ဦးတို့ကိုရွေးချယ်ခဲ့ကြောင်း သိရသည်။ ယနေ့ စက်တင်ဘာ ၁၈ ရက်နံနက်ပိုင်းက နေပြည်တော်၌ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်...

ဝါစိုက်တောင်သူနှင့် ဝါလုပ်ငန်းရှင်(၅၁)ဦးတို့ကို ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုသင်တန်းပို့ချ

မကွေးတိုင်း၊ စလင်းမြို့နယ်ရှိ ဝါ လုပ်ငန်းလုပ်ကိုင်သူ များအနက် ဝါစိုက်တောင်သူနှင့် ဝါလုပ်ငန်းရှင်(၅၁)ဦးတို့ကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုသင်တန်းအား စက်တင်ဘာ ၁၇ ရက်က သင်ကြားပို့ချပေးခဲ့ကြောင်း...

ပေါင်မြို့နယ်ရှိ တရားမဝင်ရထားလမ်းကူးများ စနစ်တကျပိတ်သိမ်းရန် မှာကြား

ပေါင်၊ စက်တင်ဘာ ၁၈ မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရှိ ရထားလမ်းတစ်လျှောက် မတော်တဆထိခိုက်မှုများ ဖြစ်ပွားစေနိုင်သည့် တရားမဝင်ရထားလမ်းကူးများကို စနစ်တကျပိတ်သိမ်းရန် မွန်ပြည်နယ်အစိုးရအဖွဲ့၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်...

ဟိန္ဒူဘုရားရှင်ဖြစ်သည့် မဟာပိန္နဲ၏ ဂနေရှ်ပူ‌ဇော်ပွဲတော်ကို ရန်ကုန်မြို့၌...

ယနေ့ စက်တင်ဘာလ ၁၈ရက်တွင် ရန်ကုန်မြို့ ရွှေထွဋ်တင် Hexagon Complex ၌ Morya Indian မှ စီစဉ်ကျင်းပသော Ganesh(ဂနေ့ရှ်)...
HomeCelebrities' Newsနာဂဒေသရဲ့ကျန်းမာရေး အသိပညာမြှင့်တင်ရေး သံတမန်ဖြစ်သွားတဲ့မာရီကိုး

နာဂဒေသရဲ့ကျန်းမာရေး အသိပညာမြှင့်တင်ရေး သံတမန်ဖြစ်သွားတဲ့မာရီကိုး

နာဂဒေသရဲ့ ကျန်းမာရေးအသိပညာမြှင့်တင်ရေး သံတမန်ဖြစ်သွားတဲ့ မာရီကိုးက နာဂဒေသမှာနေထိုင်တဲ့ ကလေး သူငယ်တွေအတွက် ကျန်းမာရေးပညာပေးလုပ်ငန်းများကို လက်ရှိအချိန်မှာလုပ်ကိုင်နေပြီဖြစ်ပါတယ်။ မင်းသမီးတစ်ဦးဖြစ် သလို နာဂတိုင်းရင်းသူတစ်ဦးလည်းဖြစ်တဲ့ မာရီကိုးက နာဂဒေသဖွံ့ဖြိုးရေးအတွက် ပရဟိတလုပ်ငန်းတွေကို ၂ဝ၁၇ ခုနှစ်နှစ်စပိုင်းကစတင်ပြီး လုပ်ကိုင်ခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။ နာဂဒေသက ကလေးသူငယ်များအတွက် လုပ်ဆောင်မယ့် ကျန်းမာရေးလုပ်ငန်းများနဲ့ ပတ်သက်ပြီးတော့ ….

“ညီမကို ညီမတို့နာဂလူမျိုးတွေက တအားချစ်ခင်အားပေးကြတာကို တွေ့တယ်။ ဒါကြောင့်သူတို့အနေနဲ့ လည်း ကျန်းမာရေးနဲ့ပတ်သက်တဲ့ သံတမန်အဖြစ်ခန့်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ သူတို့ဘက်မှာလည်း ဘာတွေ အခက်အခဲ ရှိလဲဆိုတော့ နာဂဒေသမှာကလေးတွေက ဆေးထိုးရတာ တအားခက်ခဲတယ်။ ဆေးကလည်း ဝက်သက်ရောဂါတို့ ဘာတို့ မနှစ်က ၂ဝ၁၇ခုနှစ် ၈ လပိုင်း အချိန်တုန်းက ဝက်သက်ရောဂါကြောင့် ကလေးတွေအယောက် ရှစ်ဆယ်ကျော် လောက် အသက်ဆုံးရတယ်။ ဒါကြောင့် ကလေးတွေအတွက် ကာကွယ်ဆေးစထိုးတဲ့ အချိန်မှာ အတွေ့အကြုံမရှိကြတဲ့ အတွက် ဆေးထိုးမခံဘဲထွက်ပြေးကြတယ်။ ဒါကြောင့် ဘယ်လိုစည်းရုံးကြမလဲဆိုတာ ဆေးထိုးခက်ခဲတာကို အဖြေရှာ တော့ သူတို့က ညီမကို တွေ့သွားတယ်။ ညီမကလည်း နာဂလူမျိုးသရုပ်ဆောင်တစ်ဦးဖြစ်သလို နာဂလူမျိုးအားလုံးနဲ့ လည်း ရင်းနှီးမှုရှိတဲ့အတွက် ညီမနဲ့ စည်းရုံးရင်ကောင်းမယ်ဆိုပြီး ညီမကို သံတမန်အဖြစ်ခန့်အပ်လိုက်တာပါ။ ညီမနဲ့ အတူပူးပေါင်းပြီး ကျန်းမာရေး အသိပညာပေးတာတွေလည်း လုပ်ကိုင်သွားကြမှာပါ” လို့ မာရီကိုးက ပြောပြပါတယ်။

မာရီကိုးကို ကျန်းမာရေးသံတမန်အဖြစ် ဇန်နဝါရီလ ၂၅ရက်နေ့မှာ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ကိုယ်တိုင် ခန့်အပ်ခဲ့ပါတယ်။

မြတ်မိုးပွင့်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071